ယီမင်နိုင်ငံမှာရှိနေတဲ့ ဟူသီစစ်သွေးကြွတွေရဲ့ မြေအောက် လက်နက်သိုလောင်ရုံတွေကို အမေရိကန်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့က လေကြောင်းကနေ အတိအကျ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာ နားလည်ပြီး လိုအပ်တဲ့ လူသားချင်းစာနာ ကူညီမှုတွေ ဆက်ပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ မနက်ခင်းဝေလီဝေလင်းအချိန်မှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတချို့ အသတ်ခံထားရပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရဆဲအချိန်မှာ အိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရုပ်ရှင်မင်းသမီးတဦးနဲ့ နာမည်ကျော် ရုပ်သံ အစီအစဥ် တင်ဆက်သူ အပါအဝင် ၁၈ ဦးကို အလှကုန်၊ ကျန်းမာရေးနဲ့ ဖြည့်စွက်စာတွေ လိမ်ညာရောင်း အမြတ်ထုတ်ခဲ့မှုနဲ့ဆက်စပ်ပြီး ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံ (ရန်သူနိုင်ငံ) အဖြစ် ဖွဲ့စည်းပုံမှာ မကြာခင်က ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ကားလမ်း နဲ့ ရထားလမ်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး ၂ ရက်အကြာမှာ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။
ရှေ့လကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ နာမည်ကျော် Pop အဆိုတော် Taylor Swift လို အနုပညာရှင်တွေက သူတို့ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာကို ပြောဆိုကြေညာနေပါတယ်။ သူတို့ရဲ့ ထောက်ခံမှုတွေက တကယ်ပဲ ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှု ရှိပါသလား။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အရင်ကလို သီတင်းကျွတ် မီးထွန်းပွဲတော်တွေ မီးမျှောပွဲတော်တွေ နည်းသွားသလို၊ ခရီးသွားဧည့်သည်တွေ လာကြလေ့နေရာတွေမှာလည်း ဒီနှစ် ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တရုတ်ရဲ့ BRI ခါးပတ်လမ်းစီမံကိန်းတိုးချဲ့ ရေးကို ထောက်ခံကြောင်းဒါဟာ ဥရောပနဲ့အာရှပါဝင်တဲ့ ယူရေးရှားဒေသတွင်း ဆက်သွယ်မှုအမြင်နဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပါ တိုးတက်လာနိုင်တယ်လို့ အစ္စလာမ်မာဘတ်က SCO ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နှစ်ပတ်လည်အစည်းဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဘယ်သူ့ဘက်မှာ ရပ်တည်ရမယ်၊ ရုရှားနဲ့ဘယ်လိုဆက်ဆံမှုထားမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေသလို အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာပဲ အီးယူ- ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းဝေးကို ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ ကျင်းပခဲ့ပါတယ်။
ရုရှားကျူးကျော်မှုခံနေရတဲ့ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာအကူအညီ ဒေါ်လာ ၄၂၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ ကာကွယ်ရေး အထောက်အကူဆိုင်ရာ ဆွေးနွေးမှုတွေအပြီး ကြေညာခဲ့တာဖြစ်ပါတယ်။
VOA မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၇ ရက် ၂၀၂၄) အစ္စရေးတိုက်ခိုက်မှု လက်ဘနွန်တောင်ပိုင်းမှာ ၁၆ဦးသေဆုံး၊ ယူကရိန်းလုံခြုံရေး အမေရိကန်က ဒေါ်လာ ၄၂၅ဘီလီယံပေးမည်၊ မြန်မာနိုင်ငံ 5G မိုဘိုင်းတပ်ဆင်ရေး အိန္ဒိယကူမည် စတဲ့သတင်းတွေနဲ့ အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ GenZ ၊ တပတ်အတွင်းအားကစား ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
ရုရှားကနေ ဥရောပကိုတိုက်ရိုက်လေကြောင်း ခရီးစဉ်တွေထားပေးပြီး အချိန်တိုအတွင်း ဈေးသက်သက်သာသာနဲ့ အရောက်ပို့ပေးဖို့ တရုတ်လေကြောင်းလိုင်းတွေရဲ့ လုပ်ဆောင်မှုဟာ သူတို့အတွက် အခက်ကြုံလာမှာကို ဥရောပလေကြောင်းလိုင်း အများအပြားက စိုးရိမ်နေကြပါတယ်။
အစ္စရေးရဲ့ ဗုဒ္ဓဟူးနေ့ လေကြောင်းတိုက်ခိုက်မှုကနေ လက်ဘနွန်တောင်ပိုင်း နာဘာတီယာမြို့မှာ မြို့တော်ဝန်အပါအဝင် လူပေါင်း ၁၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ ခဲ့ရတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ 5G မိုဘိုင်းစနစ်တပ်ဆင်နိုင်အောင် အိန္ဒိယက အကူအညီပေးမယ်လို့ အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးဌာန တွဲဘက်အတွင်းဝန် Siddharth Mahajan က ဗုဒ္ဓဟူးနေ့မှာပြောကြောင်း အိန္ဒိယ Times စီးပွါးရေး သတင်းမှာ ဖေါ်ပြထားပါတယ်။
"သာယာဝတီကိုရောက်ပြီး တနှစ်ကျော်အကြာမှာ နေမကောင်းတာ ခဏခဏဖြစ်တယ်။ ထောင်ဆေးရုံ ပြတယ်။TB ဆိုပြီး ထောင်ဆရာဝန်က ပြောတယ်။ ၃-၄လ ကြာ TBဆေးသောက်ပေမယ့်မသက်သာလို့ ထောင်ပြင်ပဆေးရုံမှာဆေးစစ်တော့မှ အသည်းရောဂါ ဖြစ်နေတယ်လို့ သိရတယ်ဆိုပြီး အကျဉ်းဦးစီးကဝန်ထမ်းတွေက ကျနော်တို့ကိုပြောပြပါတယ်။" (ကိုသိုက်ထွန်းဦး-PPNM)
အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးလ မှာ Donald Trump နဲ့ Kamala Harris တို့ ၂ ဦးလုံးဟာ အနည်းငယ်ပဲ ကျန်တော့တဲ့ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို မဲလာပေးဖို့ ကြိုးစားစည်းရုံးနေပါတယ်။ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေအကြောင်း Scott Stearns က သတင်းပေးပို့ထားတာပါ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
လက်ဘနွန်တောင်ပိုင်း Nabatieh မှာ ဒီကနေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ Nabatieh မြို့တော်ဝန်လည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံကို NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ခြွင်းချက်မရှိ ဖိတ်ခေါ်ဖို့နဲ့ နျူကလီးယားရန်ကာကွယ်ဖို့ ရုရှားကျုးကျော်မှုကို ခုခံရာမှာ အောင်ပွဲရမယ့် နည်းလမ်းတွေအဖြစ် လွှတ်တော်ရှေ့မှောက် ဒီကနေ့ ပြောကြားရာမှာ သမ္မတ Volodymyr Zelenskyy က ထည့်သွင်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မယ့် အစီအစဉ်တွေ ချမှတ်သွားမယ့်အကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee က ပါလီမန်မှာ ပြောကြားတဲ့ မူဝဒါဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖေါက်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်