သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။ ရွေးကောက်ပွဲ အကြောင်းပြ အကြမ်းဖက်မှုမျိုးတွေ ပေါ်ပေါက်မှာကို လက်ခံမှာ မဟုတ်တဲ့အကြောင်း မြို့တော်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြေညာကြတာပါ။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အမေရိကန်ပြည်သူတွေအကြား ရွေးကောက်ပွဲကို အကြောင်းပြုပြီး သွေးကွဲအောင်၊ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးတဲ့ ပြည်ပက လှုံဆော်တဲ့ လုပ်ရပ်တွေကို သတိထားဖို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာနေတာနဲ့အမျှ အဓိက ဝင်ငွေရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ မြေရှားသတ္ထု တူးဖော်မှုတွေမှာလည်း ထိခိုက်လာနေပါတယ်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်သွားပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို တရားဝင်လူသိရှင်ကြားသွားရောက်တဲ့ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
နိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားက ရွှေ့ပြောင်းလာသူတွေဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ မဲထည့်ဝင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေထဲ ၁၀ ပုံ ၁ ပုံ ပါဝင်ပါတယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲမှာ သက်ရောက်မှုရှိစေနိုင်မလား။ ပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ပြန်အနိုင်ရဖို့ အလားအလာ ရှိမရှိ ဥရောပနိုင်ငံတွေက ပြည်သူတွေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။ NATO မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့နဲ့ မဟာမိတ်တွေ ရှေ့ရေး ရင်တမမစောင့်ကြည့်ရမယ့် ရွေးကောက်ပွဲလို့လည်း ခန့်မှန်းကြတာပါ။ မမြသဇင်အောင်ပြောပြပါမယ်။
၁၇၈၈ ကနေ ၁၇၈၉ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတရွေးကောက်ပွဲမှာ ပြည်နယ် ၁၀ ခုပဲ ပါဝင်ခဲ့ပြီး အနိုင်ရမယ့်သူကိုလည်း ကြိုသိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက အခုမျက်မှောက်ခေတ်သစ်အထိ ရေရှည်တည်တံ့တဲ့ ဒီမိုကရေစီ ထုံးတမ်းစဉ်လာတခုကို အစပြုဖန်တီးပေးခဲ့တာပါ။
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။
ကနေဒါနိုင်ငံမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတခုကို Sikh ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တနင်္လာနေ့က ရှုတ်ချလိုက်ပါတယ်။
ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားနဲ့ EU ဥရောပသမဂ္ဂ တို့က ပူးတွဲ ရှုတ်ချလိုက်ကြပြီး ယူကရိန်းကို တိုက်နေတဲ့ ရုရှားကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေကိုလည်း ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလိုက် ပါတယ်။
ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump တို့ဟာ မဲ အပြတ်အသတ်နဲ့ အနိုင်ရမဲ့အနေအထားမှာ မရှိတာကြောင့် ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သတ်ပြီး တရားတဘောင် အငြင်းပွားစရာတွေ ရှိလာမယ်ဆိုရင် ရင်ဆိုင်ဖို့ နှစ်ပါတီစလုံးက အဖွဲ့တွေက အဆင်သင့် ပြင်ထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ အင်္ဂါနေ့ နိုင်ငံတဝန်းမှာ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိသလို၊ သမ္မတလောင်းတွေ ကလည်း နောက်ဆုံးအချိန်အထိ အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၄ ရက်နေ့ အထိ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းက ဘူးကြီးကျေးရွာ၊ အိုင်ပေါင်းချောင်နဲ့ ဝက်တိုး ကျေးရွာ ၃ ရွာက ဒေသခံ ၉၂ ယောက်ကို ၆၀၀၆ တင့်ကားတပ်ရင်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက ထင်ကြားကျော်ကြားတဲ့ တေးရေးဆရာ၊ ထုတ်လုပ်သူနဲ့ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင် Quincy Jones (ကွင်စီဂျုန်းစ်) ဟာ နှစ်ပေါင်း ၇၀ ကျော် ဂီတခရီးကိုလျှောက်လှမ်းခဲ့ပြီးတဲ့နောက် အခုတော့ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ် ဗန်းမောက်ကျေးရွာကနေ စစ်ဘေးလွတ်ရာ ထွက်ပြေးလာသူတွေပါတဲ့ယာဉ်တစင်းကို ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်း ဒရုန်းထိမှန်ရာက ၈ နှစ်ကလေး ၁ ဦး အပါ အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးက VOA ကို ပြောပါတယ်။ တိုက
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်ပြည်နယ်က အမ်း၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ် တွေမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ် ကိုတော့ ဒီလဆန်းပိုင်းမှာပဲ AAဘက်က စစ်မျက်နှာထပ်ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အမေရိကန်မှာ လူမျိုးယဥ်ကျေးမှု အကွဲပြားဆုံးဒေသကနေ ထွက်ပေါ်လာခဲ့တဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ်ဟာ ဥပဒေစိုးမိုးရေးအတွက် တင်းတင်းမာမာ လုပ်ရတဲ့ လမ်းကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတို့ကြားမှာ ခရီးနှင်နေခဲ့ပါတယ်။ လက်ရှိဒုသမ္မတလည်းဖြစ်သူ ဟဲရစ်ရဲ့အကြောင်း ဦးတင်မောင်သန်း တင်ပြထားပါတယ်။
သမ္မတဟောင်း Donald Trump ဟာ ၉ နှစ်ကျော်အတွင်း အမေရိကန်နိုင်ငံရေးမှာ အစဉ်အလာရှိပြီး အရှိန်ဩဇာရှိတဲ့ တခြားနိုင်ငံရေးသမားကြီးတွေထက် လူထုထောက်ခံမှုရအောင် တည်ဆောက်ခဲ့သူပါ။ အမေရိကန်သမ္မတအဖြစ် ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေတဲ့ သူ့အကြောင်း Tina Trinh ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။
စပိန်ရေဘေးဒုက္ခသည်တွေ ဘုရင်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ စပိန်နိုင်ငံမှာ ရေဘေးဒုက္ခကြုံခဲ့ရတဲ့လူမှုအသိုက်အဝန်းကို ပြန်လည်ထူထောင်ရေး မျှော်လင့်ချက် ထားဖို့ စပိန်ဘုရင် Felipe VI က ကတိပေးပါတယ်။ စပိန်မှာ မကြုံစဖူး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားမယ့် တရုတ်ပြည်ခရီးစဉ်ဟာ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်မယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်