ရခိုင်ပြည်နယ် တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ အမ်းမြို့နယ်တွင်းက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကရော ရေကြောင်းကပါ ပစ်ခတ်နေပါတယ်
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲမှာရှိတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ နို့ဖိုး ဒုက္ခသည်စခန်းမှာ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့ မနက် ၉ နာရီကျော်လောက်က မီးလောင်ခဲ့တာပါ။ စခန်းတွင်းက အိမ်တလုံးမှာ ဝါယာကြိုးကနေ စ လောင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စပြီး ၃ ရက်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိနေပါတယ်။
အထက်လွှတ်တော်အမတ် Chris Murphy၊ အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Jim Himes၊ Joe Courtney၊ John Larson နဲ့ Jahana Hayes တို့ရဲ့ အိမ်တွေကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရခဲ့ပေမဲ့ သူတို့အားလုံးရဲ့ အိမ်တွေကို ရဲတွေ ရှာဖွေခဲ့ပေမဲ့ ဗုံးနဲ့တိုက်ခိုက်နိုင်တဲ့ အထောက်အထား တစုံတရာ မတွေ့ခဲ့ပါဘူး။
စစ်အာဏာသိမ်းလိုက်တဲ့ ၃ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။
အစ္စရေးတိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ မနေ့ကတညတည်းမှာတင် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ Nuseirat ဒုက္ခသည်စခန်းတဝိုက် အစ္စရေးရဲ့ ဝင်ရောက်စီးနင်းမှုတွေထဲ အများစုသေဆုံးတာပါ။
တရုတ်အစိုးရ သတင်းမီဒီယာက ဝါရင့်သတင်းထောက် Dong Yuyu ကို သူလျှိုလုပ်မှုနဲ့ ဘေဂျင်းမြို့ တရားရုံးတခုက ထောင်ဒဏ် ၇ ချလိုက်ပါတယ်။ သူ့ကိုထောင်ဒဏ်ချလိုက်တဲ့အကြောင်းကို မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လုံးဝမမျှတတဲ့ တရားရုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြပြောဆို ခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ဖလမ်း မြို့ကနေ မိုင် ၂၀ လောက်ကွာတဲ့ လုမ်သဲရွာကျန်းမာရေးဌာန ဆေးပေးခန်းကို စစ်ကောင်စီကထပ်ပြီးတော့ ဗုံးကြဲတယ်၊ အဲဒီမှာ ကျန်းမာရေးဝန်ထမ်းနှစ်ယောက်ရယ်၊ ဆေးကုသမှုခံယူနေတဲ့ အရပ်သားပြည်သူငါးယောက်ပေါ့နော်၊ အားလုံး စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တာပေါ့နော်။" (ကိုရောဘတ်-ခေါ်နူးသုမ်သတင်းအယ်ဒီတာ)
လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ခလရ ၈၀ တပ်ရင်း တခုလုံးကို တော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း တိုက်ပွဲနဲ့ မဆိုင်တဲ့ ဖယ်ခုံ မြို့နယ် ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် လသား အရွယ် ကလေးငယ် တဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား တနှစ်ကျော်ကြာ တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီး တရက်အကြာမှာ ကျိုးပေါက်ခဲ့တဲ့ အပေါ် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။
အသစ်ဖွဲ့လိုက်တဲ့ အဖွဲ့ဝင် ၂၅ ဦးမှာ စစ်တပ်နဲ့ ဆက်နွယ်သူတွေ၊ စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေပါဝင်တာမို့ စစ်ကောင်စီ အကျိုးစီးပွားကို အလေးပေးလာမလားဆိုပြီး ပြည်တွင်း ပြည်ပ မီဒီယာ သမားတွေက စိုးရိမ်ကြပါတယ်။
တရုတ်နိုင်ငံမှာ နှစ်နဲ့ချီ ထောင်ကျခဲ့ရတဲ့ အမေရိကန် ၃ ဦး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ပြန်လည် ရောက်ရှိလာပါတယ်။ Mark Swidan ၊ Kai Li နဲ့ John Leung တို့ အမေရိကန် စံတော်ချိန် ဗုဒ္ဒဟူးနေ့ ညမှာ တက္ကဆက် ပြည်နယ် ဆန်အန်တိုနီရိုက စစ်တပ် စခန်းကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက Macy ကုန်တိုက်ကြီးရဲ့ အလှပြလှည့်လည်ပွဲ Macy’s Thanksgiving Day Parade ကို အခုလို Thanksgiving Day ကျေးဇူးတော်နေ့ရောက်တိုင်း New York မြို့မှာပြုလုပ်လေ့ရှိပါတယ်။ အလှပြလှည့်လည်ပွဲ ကြိုတင်ပြင်ဆင်နေပုံတွေအကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ဟာ အသက် ၁၈ နှစ်အောက် အထောက်အထားလက်မှတ်တစုံတရာမရှိပဲ ဒါမှမဟုတ် အုပ်ထိန်းသူမပါဘဲ မက္ကဆီကိုဘက်ကနေ အမေရိကန်ထဲ ဝင်ရောက်လာရာ အဓိကနေရာတခု ဖြစ်ပါတယ်။ အရင်နှစ်ထက်စာရင်တော့ အဲဒီလို ဝင်ရောက်သူဦးရေ လျော့နည်းလာပေမဲ့လည်း ကလေးတွေ ရင်ဆိုင်ရတဲ့ အန္တရာယ်ကတော့ စိုးရိမ်စရာပါ။
တရုတ်နဲ့အမေရိကန်ကြား အကျဉ်းသားလဲလှယ်ရေး သဘောတူညီမှုနဲ့ မိသားစုတွေ ပြန်လည်ဆုံကြလေ့ရှိတဲ့ Thanksgiving ကျေးဇူးတော်နေ့အမီ Kai Li၊ Mark Swidan နဲ့ John Leung တို့ အမေရိကန်ကို ပြန်လာနေကြပါပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်
ကျေးဇူးတော်နေ့အားလပ်ရက်ရာသီမှာ အခု နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အတွင်း လေကြောင်းခရီးသည် ၁၈ သန်းကျော်မယ်လို့ TSA ခန့်မှန်းထားပါတယ်။ မနှစ်ကထက် လေယာဉ်စီးခရီးသည် ခန့်မှန်းခြေ ၆ ရာခိုင်နှုန်း တိုးမယ်လို့ တွက်ထားတာပါ။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေကျေထိခိုက်တာတွေနဲ့ အရပ်ဘက်အဆောက်အဦးတွေ ပျက်စီး ကုန်ကြောင်း အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲနဲ့ တောင်ကုတ် မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘ကချင်အထူးဒေသ (၁) ကို ခွဲခြားသတ်မှတ်အုပ်ချုပ်တာကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးမှုကို ထိခိုက်စေကြောင်းနဲ့ ကချင်ဒေသရှိတိုင်းရင်းသားတွေစိတ်ဝမ်းကွဲမှုမရှိဘဲ တန်းတူနေထိုင်နိုင်ဖို့ အထူးဒေသ (၁) နယ်မြေကိုရယူခဲ့ကြောင်းနဲ့ ယနေ့မှစပြီး ကချင်အထူးဒေသ (၁) သတ်မှတ်ချက်မရှိတော့ကြောင်း‘ KIA ကကြေညာချက်ထုတ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုပေမဲ့ “ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်