လောင်းကစားနဲ့ အွန်လိုင်းရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၄၀ ကို ကမ္ဘောဒီးယားနိုင်ငံကနေ ဒီကနေ့ပဲ ပြန်ပို့လိုက်ပြီး နောက်ထပ် ၅၀၀ ကျော် ထပ်ပို့ဖို့လည်း စီစဉ်နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပါတယ်။
"အထည်ချုပ်က အလုပ်သမားတွေကို ပွဲစားခရရင် ပြီးရောဆိုပြီး ခေါ်တာကိုး။ ဒီမှာ သိန်းနဲ့ချီ ပြီး ဒုက္ခရောက်နေတယ်။ ဒါကတော့ ကျနော်တို့ မျက်မြင်ပေါ့နော်၊ လုပ်ငန်းလိုအပ်တာတော့သိတယ်။ ဒါပေမဲ့ ပွဲစားတွေကိုယုံမှားပြီးတော့ လာပြီး လုပ်မှာကိုင်မှာကို ကျနော်က စိုးရိမ်တာ။" (မူဆယ် လဝကနဲ့နီးစပ်သူတဦး)
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ က ထိုင်းမြောက်ပိုင်း ချင်းမိုင် အခြေစိုက် အွန်လိုင်းလိမ်လည်ဂိုဏ်း Call Center ဂိုဏ်းနေရာ ၁၁ နေရာ ကို ဒီရက်ပိုင်းအတွင်းဆက်တိုက် စီးနင်းရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ ၈ဦး ထိုင်းတစ်ဦး တရုတ် နိင်ငံသား၅ဦးအပါအဝင်စုစုပေါင်း၁၄ဦး ကို ဖမ်းမိခဲ့ပါတယ်။
အပစ်ရပ် သဘောတူညီချက်အရ လက်ဘနွန် တောင်ပိုင်းကို သူ့တပ်တွေ ပိုပြီး စေလွှတ်နေတယ်လို့ လက်ဘနွန် စစ်တပ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်သလို၊ ဂါဇာမှာလည်း အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအတွက် လာမယ့်ရက်တွေမှာ နောက် တွန်းအားတရပ် ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လူမှုမီဒီယာမှာ ပြောလိုက်ပါတယ်။
"တနိုင်ငံက အခြားတနိုင်ငံအပေါ် အခွန်တိုးမြှင့်ရင် အခြားတနိုင်ငံကလည်း အလားတူ တုံ့ပြန်မှာပါပဲ။ ဒီလိုနဲ့ နှစ်နိုင်ငံလုံးရဲ့ စီးပွါးရေး လုပ်ငန်းတွေ အပေါ် အန္တရာယ် ကျရောက်လိမ့်မယ်" လို့ သူမက သတိပေးလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က အစိုးရအဖွဲ့ဝင်အဖြစ် အဆိုပြုထားတဲ့သူတွေ နဲ့ ခန့်ထားသူတွေ အတော်များများ ဟာ အကြမ်းဖက် အတိုက်ခိုက်ခံရမယ်လို့ ခြိမ်းခြောက်ခံနေကြရကြောင်း ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အခုလို စစ်ခေါင်းဆောင်တွေတက်ရောက်မယ့် အခမ်းအနားကို တိုက်ခိုက်ရတာဟာ စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပစ်မှတ်တွေအပေါ် လေကြောင်းက တိုက်ခိုက်တာတွေကြောင့် တန်ပြန်တိုက်ခိုက်တာလို့ နေပြည်တော် စစ်တိုင်းဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။
မလေးရှားနိုင်ငံ ဘဏ္ဍငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတို့ကို စွဲထားတဲ့အမှုတချို့ကို ပ,လပ်ဖို့ ကွာလမ်လမ်ပူ အထက်တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဥရောပသမဂ္ဂ (EU) အနေနဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်ဖို့ ကာကွယ်ရေးနဲ့စီးပွားရေးတိုးမြှင့်ဖို့ကို အချိန်ဆွဲမနေဘဲ အလျင်အမြန်လုပ်ဆောင်ဖို့လိုတယ်လို့ နောက်တကြိမ်သက်တမ်းအတွက် ထပ်မံ ရွေးချယ်ခံလိုက်ရတဲ့ EU အကြီးအကဲ Ursula von der Leyen က ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဥရောပ လွှတ်တော်မှာ သတိပေးပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ကြား အပစ်ရပ် သဘောတူညီချက် ဒီကနေ့ မနက်အစောပိုင်းမှာ စတင် အသက်ဝင်ပါတယ်။ ဒီ ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကနေ ဂါဇာမှာပါ အပစ်ရပ်ရေးလမ်းကြောင်းပေါ်ကို ဦးတည်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နဲ့ ပြင်သစ် ခေါင်းဆောင်တွေကလည်း ပြောပါတယ်။
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် စက်သုံးဆီရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မှောင်ခို ဈေးကွက်မှာ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရသလို တချို့နေရာတွေမှာ စက်သုံးဆီ ပြတ်လပ်တဲ့အထိ ကြုံနေရတယ်လို့လည်း ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ တရုတ်နိုင်ငံအပေါ် သွင်းကုန်ခွန်တွေ တိုးကောက်မယ့် အစီအစဉ်ကြောင့် အရှေ့တောင်အာရှမှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။
အမေရိကန်ရွေးကောက်ခံ သမ္မတ Donald Trump ဟာ သူ့အစိုးရအဖွဲ့ဝင်တွေ အဆိုပြုလျာထား နေတာမှာစီးပွားရေးနဲ့ပတ်သက်ပြီး အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် နိုင်ငံတကာ ကုန်သွယ်ရေး ရှေ့နေတဦးဖြစ်တဲ့ Jamieson Greer ကို အဆိုပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိက္ခတွေ၊ သဘောဝဘေး နဲ့ စစ်မှုထမ်ဥပဒတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ် အတွင်း ၃ ဒသမ ၄ သန်းထိတိုးလာတာကြောင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ ပို လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ ရှေ့နေချုပ် Karim Khan က ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နဲ့ တိုက်ပွဲအတွင်း ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ တိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်တွေ အခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်လည် စုစည်းနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Doanld Trump က နိုင်ငံခြားရေးဝန်ကြီးအဖြစ် Marco Rubio ကို လျာထားလိုက်ပါတယ်။ Rubio ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဖလော်ရီအထက်လွှတ်တော်အမတ်ဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ ထောက်လှမ်းရေး ကော်မတီတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ Steve Herman သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးထိမှန်ပြီး ကလေးတဦးအပါအဝင် ရွာသား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့တုန်းက သေဆုံးမှုတွေအပါအဝင်လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီလထဲမှာ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီလို့လည်း ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ လေယာဉ်ကွင်းကို မနေ့အင်္ဂါနေ့ KIA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာခံရတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်နားထားလိုက်ရပါတယ်။
KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တိုက်ပွဲအတွင်း စစ်ရေးနိမ့်လို့ ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို အခုအခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က တပ်မ(၉၉)နဲ့ပူးပေါင်းပြီး တပ်ရင်းအဖြစ် ပြန်ပြီး ဖွဲ့စည်းနေတယ်လို့ နီးစပ်သူတချို့က ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်