အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတရပ် ပြဌာန်းလိုက်တဲ့အကြောင်း Angelina Bagdasaryan ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ Gaibandha ခရိုင်အတွင်းက ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ မဲပေးခွင့်မှတ်ပုံတင်လာလုပ်သူ ရိုဟင်ဂျာ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ အပါအဝင် နေရာတော်တော်များများမှာ စက်သုံးဆီဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စက်သုံးဆီကား အဝင်ပိတ်ထားလို့ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့ စက်သုံးဆီကိုသာ အဓိကထား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ထောက်ပံ့ကူညီဖို့ ယူကရိန်းကို ဒီကနေ့ ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကတိပြုပြောဆိုပါတယ်။ သူ့ရဲ့ အခုခရီးစဉ်က ဒီကတိကဝတ်ကို အားဖြည့်ဖို့ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။
ဖက်ဒရယ်အဆင့် ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေတဲ့ သားဖြစ်သူ Hunter Biden ကို သမ္မတ Joe Biden က တနင်္ဂနွေနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က လာမယ့်အစိုးရသစ်အတွက် ရာထူးတာဝန်တွေ ခန့်အပ်ဖို့ ပြင်ဆင်နေရာမှာ အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းအကြံပေးအဖြစ် လက်ဘနွန်-အမေရိကန် စီးပွားရေး လုပ်ငန်းရှင် Massad Boulos ကို အဆိုပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သေဆုံးသူအရပ်သား အရေအတွက် ၆ ထောင် ကျော်အထိ ရှိလာနေတာကြောင့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ လမ်းကြောင်းမှန်ရောက်အောင် တည့်မတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ သတိပေးလိုက်ပါတယ်။
တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ရာဒေသတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြီးခဲ့တဲ့လ တလထဲမှာပဲ အရပ်သား ၄၀ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၈၀ကျော်ခန့်ရှိကြောင်း TNLA ကပြောပါတယ်။
မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီကနေ့ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့က ဒေသခံတွေအတွက် တနိုင်တပိုင် အစားအသောက်သယ်ယူခွင့်ကို တရုတ်က ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာရော နယ်မြေတည်ငြိမ်မှုမရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ခြိမ်းခြောက်မှုပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
နာမည်ကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ၂၀၂၅ မေလမှာ ရီယိုဒီဂျနေးရိုးမြို့က ကိုပါကာဘာနာကမ်းခြေမှာ အခမဲ့ဖျော်ဖြေပွဲ ကျင်းပမယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားသူ ၂ ဦးက နိုဝင်ဘာ ၂၉ ရက်မှာ ရိုက်တာကို ပြောပါတယ်။
BRICS လို့ အတိုကောက်ခေါ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်တဲ့ ၉ နိုင်ငံ မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းအောင် လုပ်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေက သွင်းကုန်တွေကို ၁၀၀ % အခွန်တိုးကောက်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
ဂါဇာစစ်ပွဲ ဖြစ်အောင် စခဲ့တဲ့ ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ WCK ဝန်ထမ်းတဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောဆိုခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ချက်ချင်း သိရဖို့ လုပ်နေတယ်လို့ WCK ပရဟိတ အဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ တဝက်လောက်အထိ ရေထဲနစ်မြှုပ်နေတဲ့ စက်လှေပေါ်ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား ဒေသခံတွေက စနေနေ့က ကယ်တင်ခဲ့တဲ့ အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပါတယ်။
ယူကရိန်းကို ရုရှား စတင်ကျူးကျော် တိုက်ခိုက်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ယူကရိန်း အရပ်ဘက်လေဆိပ် ၁၅ ခု ထိခိုက်ခဲ့ရတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် အဲနက်စ် ရှမီးဟောင် Denys Shmyhal ပြောဆိုတာကို ယူကရိန်း ဒေသတွင်း သတင်းတွေမှာ စနေနေ့က ကိုးကား ဖော်ပြကြပါတယ်။
ပြည်နယ် ၉ ခုမှာရှိတဲ့ အိမ်ခြေ ၂၈၀၀၀ ကျော်၊ လူဦးရေ အားဖြင့် ၉၄၇၇၀ ကျော်ကို ယာယီခိုလုံရေးစခန်း ၅၀၀ ကျော်ဖွင့်ပြီး နေရာချထားပေးနေတဲ့အကြောင်း မလေးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနရဲ့ အွန်လိုင်းစာမျက်နှာ ပေါ်မှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ရှေ့သီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ကျင်းပမယ့် မြောက်အန္တလတ္တိတ် မဟာမိတ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့် ထပ်မံ ကမ်းလှမ်းပေးဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းနေတဲ့ အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အီရန်နိုင်ငံရဲ့ အဓိက နျူကလီးယား စက်ရုံကြီးနှစ်ခုဖြစ်တဲ့ Fordo နဲ့ Natanz မှာ အဆင့်မြင့် ဗဟိုအားခွာစက်တွေ ထောင်နဲ့ချီ သုံးပြီး ယူရေနီယံ သန့်စင်မှုတွေ လုပ်သွားဖို့ အီရန်ကလုပ်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သောကြာနေ့က ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးကို ၅ နှစ်ကျော် အချိန်ယူ ပြုပြင် မွမ်းမံခဲ့ပြီးတဲ့နောက် အသစ်တဖန် ခန့်ညားတောက်ပနေတဲ့ ဘုရားကျောင်းကြီးကို ရုပ်သံ ဖန်သားပြင်ပေါ် ကနေ ကမ္ဘာတဝန်းကလူတွေ သောကြာနေ့က ပြန်မြင်ခွင့်ရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်