အမေရိကန်ပြည်သူတွေအနေနဲ့ ပဲအမျိုးမျိုးကို ပိုမိုစားသုံးပြီး အဆီများတဲ့အနီရောင်အသားတွေ၊ ရေရှည်ခံအောင်လုပ်ထားတဲ့အသားတွေ နဲ့ ကစီဓါတ်များတဲ့ အစားအစားတွေကို လျှော့စားဖို့ အစာအာဟာရဆိုင်ရာကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အစိတ်အပိုင်းတရပ်အနေနဲ့ အစ္စရေးတပ်တွေကို လက်ဘနွန်တောင်ပိုင်းက မဟာဗျူဟာကျတဲ့မြို့ကနေ မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ရုပ်သိမ်းပြီး အဲဒီနေရာမှာ လက်ဘနွန်တပ်တွေနဲ့ အစားထိုးလိုက်ပါတယ်။
ဗွီအိုအေအမေရိကန်အသံလွှင့်ဌာနညွှန်ကြားရေးမှူးသစ်အဖြစ် Phoenix မြို့က KSAZ-TV သတင်းဌာနရဲ့ နှစ် ၂၀ ကြာသတင်းကြေညာခဲ့သူ Kari Lake ကို ရွေးချယ်ထားပြီး အမေရိကန်ရဲ့လွတ်လပ်မှုတန်ဖိုးတွေကို ကမ္ဘာကို မှန်ကန်စွာထုတ်ဖို့ အသေအချာလုပ်နိုင်သူအဖြစ်လည်း ရွေးကောက်ခံသမ္မတ Donald Trump က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“သပြေသာက အိမ်ခြေ ၃၀ ကျော် မီးထဲပါသွားတယ်။ ပြည်သူကို ဖမ်းခေါ်လာပြီးတော့ မီးရှို့သတ်သွားတယ်။ ၄ ဦးသေတယ်။ စစ်ကြောင်းနဲ့ ပါလာတဲ့ဟာ ပြည်သူ ၄ ဦးလို့ပဲ သိတယ်၊ ဘယ်ရွာသားတွေလို့တော့ ကျနော်တို့ မသိဘူးဗျ။” (ရွှေဘို/သပြေသာရွာသား)
‘လွှတ်တော်ထဲမှာ အမတ်နေရာအများစုဖြစ်တာကို အခွင့်ကောင်းယူပြီး လူနည်းစုတွေအပေါ် အနိုင်ကျင့် နိုင်လိုမင်းထက်လုပ်တဲ့ လွှတ်တော်အမတ်တွေကြောင့် ကိုရီးယားနိုင်ငံ ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ သူကြိုးစားခဲ့တာဖြစ်တယ်’ လို့ သမ္မတ Yoon Suk Yeol က ဒီနေ့နိုင်ငံတော်ကိုပြောတဲ့မိန့်ခွန်းမှာ ပြောပါတယ်။
အိန္ဒိယ-မြန်မာကြားက ဆယ်စုနှစ်တခုနီးပါး ရပ်တန့်ထားတဲ့ ပန်ဆောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဒီရက်ပိုင်းထဲမှာ ပြန်ဖွင့်သွားဖို့ အိန္ဒိယကမြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
စစ်ကိုင်းတိုင်းက ဒေသတချို့မှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်၊ ဆေးဝါးစတာတွေ အရေးပေါ်လိုအပ်နေကြပါတယ်။ ကျွန်းလှ ကန့်ဘလူ နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် လတ်တလောမှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာပြီး ကလေးမြို့ဘက်မှာလည်း စစ်ဘေးရှောင်တချို့အတွက် စောင်တွေ အရေးပေါ် လိုအပ်နေကြပါတယ်။
ကရင်နီဒေသက စစ်ရှောင်လူငယ်တွေ ပညာသင်ကြားခွင့် အခွင့်အလမ်း မဆုံးရှုံးရအောင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ကြားကာလ အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်ထားသလို ဆေးပညာ၊ သူနာပြု၊ လူမှုသိပ္ပံ၊ ပညာရေးစတဲ့ ကောလိပ်အဆင့် အဆင့်မြင့်ကျောင်းတွေပါ ဖွင့်လှစ်သင်ကြားနေပါတယ်။
မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်း လိုအပ်တဲ့ တိုင်းပြည်တွေထဲမှာ တတိယ ဖြစ်နေတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ အဓိပ္ပါယ်ရ အိုင်အာစီ အဖွဲ့က ပြောပါတယ်။ အိုင်အာစီ အရေးပေါ် စောင့်ကြည့်စာရင်း ၂၀၂၅ ကို ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်လိုက်ရာမှာ အခုလို ပြောထားတာ ဖြစ်ပါတယ်။
ဂျာမနီရဲ့ Volkswagen ကားထုတ်လုပ်ရေး လုပ်ငန်းကြီးက အကြီးအကျယ် လျှော့ချ ဖြတ်တောက်မယ့် အစီအစဉ်ကြောင့် ဝန်ထမ်းတွေ ဆန္ဒပြနေကြပါတယ်။ Volkswagen မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ဂျာမနီ စီးပွားရေး အကြပ်အတည်းရဲ့ နောက်ထပ် လက္ခဏာ ဖြစ်ပါတယ်။
အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသမှာ Uber က သူတို့ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ စမတ်ဖုန်း application ကို အသုံးပြုပြီး လှေတက္ကဆီစီးတာ၊ အစားအသောက်မှာတာနဲ့တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ ထရမ့်က FBI ညွှန်ကြားရေးမှူး အဖြစ် သူ့ရဲ့ သစ္စာခံ Kash Patel ကို လျာထားကြောင်း ကြေညာလိုက်ပြီး တပတ်အကြာမှာ ခရစ္စတိုဖာ ရေးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ သေချာ စဥ်းစားပြီးနောက် နားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်လို့ အက်ဖ်ဘီအိုင် ဝန်ထမ်းတွေနဲ့ လုပ်တဲ့ အစည်းအဝေးမှာ ရေးက ပြောပါတယ်။
တူရကီ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အတိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနိုင်ငံက ကာဒ်လူမျိုးတွေကို အကာအကွယ်ပေးဖို့ အစ္စရေး အစိုးရ က တောင်းဆိုလိုက်ပါတယ်။ ကာ့ဒ် လက်နက်ကိုင် အဖွဲ့တွေကို Manbij မြို့ အပါအဝင် အလက်ပို ဒေသကနေ ထွက်သွားအောင် တူရကီ နောက်ခံ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်နေတာပါ။
ဂျော်ဒန်နိုင်ငံက အကာဘာ နဲ့ တူရကီက အန်ကာရာ မြို့တွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား၊ အစ္စရေး၊ ဂါဇာ၊ လက်ဘနွန် နဲ့ ဒေသတလွှား ကိစ္စတွေကို ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတချို့ နေရပ်ပြန်တာရှိပေမယ့်၊ စစ်ကောင်စီ စစ်ကြောင်း ထပ်ဝင်လာမှာကို နားစွင့်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကုန်စည်သွားလာမှု ကန့်သတ်ထားလို့လည်း တနိုင်စားသောက်ဖို့ ဆန်ဝယ်ယူဖို့ပါ အခက်တွေ့နေတယ်လို့ဆိုပါတယ်။
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးတခေါက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအုံကြွမှုတွေကြား အရင်တွေနဲ့ မတူပဲ ပေါ့ပ်ဂီတသံတွေ ပျံ့လွင့်နေတာ တွေ့ရပါတယ်။ ဆိုးလ်မြို့တော်လမ်းတွေမှာ ဒီတခေါက် ဖြစ်ပွားတဲ့ နိုင်ငံရေးပဋိပက္ခအတွင်း ဆန္ဒပြပွဲတွေက ဂီတပွဲတော် ကျင်းပတဲ့နေရာတွေနဲ့ ပိုတူနေတာပါ။
မြန်မာ့စီးပွားရေးဟာ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၁ % ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသလို လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့အပြင် မကြာခင်လပိုင်းက ရေဘေးဒဏ်တွ ထပ်ကြုံခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ စောစောပိုင်းက ခန့်မှန်းချက်တွေနဲ့ ကွဲလွဲပြီး နောက်ထပ် ကျဆင်းနိုင်ခြေရှိနေတာကို ကမ္ဘာဘဏ်က သတိပေးထားပါတယ်။
ဆီးရီးယားနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိ တိုင်းပြည်အာဏာကို ထိန်းချုပ်ထားသူတွေနဲ့လည်း အဆက်အသွယ်ရှိကြောင်း၊ ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားတပ်ဖွဲ့တွေစခန်းချတဲ့နေရာတွေအပါအဝင် သံတမန် အဆောက်အဦးတွေလုံခြုံရေးအတွက် ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ ကို ဒီသီတင်းပတ် အစောပိုင်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး အရာရှိတချို့ အပါအဝင် ဖမ်းဆီးရမိတာတွေ ရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ဘက်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်