အရှေ့တောင်အာရှမှာ အွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ဆက်စပ် လူကုန်ကူးမှုတွေပါ ပိုကျယ်ပြန့်လာတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ သတိပေးချက်တွေရှိနေတဲ့ကြားကပဲ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေခံနေရ သူတွေအများအပြား ရှိနေဆဲဖြစ်တဲ့အကြောင်း Dave Grunebaum သတင်းပေးပို့ထားပါတယ်။
ဆီးရီးယားမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချပြီးနောက် ဘာသာရေးစွက်ဖက်မှု ကင်းရှင်းပြီး အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေးကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဘိုင်ဒန် အစိုးရက ပြောပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအစီအစဉ်ကို ဆီးရီးယားနိုင်ငံသားတွေကပဲ ဦးဆောင်သင့် ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးက ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ထိုင်းငါးဖမ်းစက်လှေပိုင်ရှင်ကို တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ နိုင်ငံတွင်း တရားမဝင်,ဝင်ရောက်မှုနဲ့ တနှစ် ပေါင်းထောင်ဒဏ် ၆ နှစ်၊ ဒဏ်ငွေမြန်မာကျပ်ငွေ ၂ သိန်း ချမှတ်လိုက်ကြောင်း ကော့သောင်တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေမှာ
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှုပြဿနာကြုံနေရတာကိုဖုံးဖိဖို့ စစ်ကောင်စီက သုတေသန သမားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို ဖိအားပေးနေတယ်လို့ Reuters သတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စစ်ကောင်စီအကြီးအကဲကပြောတာကို အာရက္ခတပ်တော် AA အဖွဲ့က ပယ်ချလိုက်ပြီး "အကြမ်းဖက်မှုတွေကိုရပ်၊ လက်နက်စွန့်ပြီး ပြည်သူကိုဝန်ချတောင်းပန်ရမှာက စစ်ကောင်စီသာဖြစ်တယ်" လို့လည်း တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တရားစွဲရှေ့နေချုပ် Karim Khan က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းမှုကို အခွင့်ကောင်းယူသင့်ကြောင်း မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစစ်ဆေးရေးမှူး Tom Andrews က ပြောပါ တယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ အခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပသွားဖို့ စီစဉ်ထားပြီး အနည်းဆုံး ဆွေးနွေးပွဲ တခုမှာတော့ စစ်ကောင်စီကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေကြပေမယ့် ထူးခြားတဲ့ရလဒ်တော့ ထွက်မလာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ဖို့ မူလကစီစဉ်ထားပေမဲ့ နောက်ထပ် ဆက်လက် ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြတာပါ။
ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာရေး ကြိုးပမ်းချက်ဖြစ်ကြောင်း ဒီနေ့ မလေးရှားနိုင်ငံကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
ကယား (ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်တွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရချိန် ကရင်နီတပ်သားတချို့ မူးဝေအော့အန်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က VOA ကိုပြောပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နဲ့ စမွတ်စခွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က တရက်တည်း တရားမဝင်မြန်မာ ၃၀၀လောက် အဖမ်းခံရတယ်လို့ ထိုင်းလုံခြုံရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းဆိပ်ကမ်းအနီးမှာ ဆားသိပ်ထားတဲ့ ပုဇွန်ခြောက် ကီလို ဂရမ် လေးသောင်းနဲ့အတူ မြန်မာနိုင်ငံက ငါးဖမ်းလှေတစင်းကို ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် အမြန်ဆုံး ပြန်လွှတ်ပေးရေး မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa လာမယ့် ဒီဇင်ဘာ ၁၉ ရက် ကြာသာပတေးနေ့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဆီးရီးယားသမ္မတ Bashar al-Assad ကို ဦးဆောင် ဖြုတ်ချခဲ့တဲ့ HTS သူပုန်အဖွဲ့တွေနဲ့ အမေရိကန်အစိုးရ အရာရှိတွေ တိုက်ရိုက် ဆက်သွယ် စကားပြောဆို နေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စနေနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့အစိုးရသစ်မှာ သမ္မတရဲ့ ထောက်လှမ်းရေး အကြံပေးဘုတ်အဖွဲ့ကို ဦးဆောင်ဖို့ သူ့ရဲ့ အနီးကပ်မဟာမိတ် Devin Nunes ကို လျာထားကြောင်း စနေနေ့က ပြောပါတယ်။ လွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ Nunes ဟာ ထရမ့်ပိုင် Truth Social ကုမ္ပဏီရဲ့ လက်ရှိ အကြီးအကဲတာဝန် ယူထားသူ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ နယ်မြေတွေကို သိမ်းယူဖို့ ရုရှားဟာ Kursk ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်ချထားတာတွေ စလုပ်နေပြီလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောပါတယ်။
ဂါဇာမှာ စနေနေ့က အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ အစ္စရေးကတော့ ခိုလုံရေးစခန်းတွေနဲ့ သိုလှောင်ရုံတွေမှာ နေရာယူ တိုက်ခိုက်နေတဲ့ သေနတ်သမားတွေကို ပစ်မှတ်ထား ချေမှုန်းတာလို့ ပြောပါတယ်။
တရုတ်အစိုးရရဲ့စီစဉ်ပေးမှုနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဒီကနေ့တရုတ်နိုင်ငံကူမင်းကို ရောက်ရှိလာကြပြီဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာ ၁၅မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရေစီ နိုင်ငံကြီးတွေ ပါဝင်တဲ့ G7 ခေါင်းဆောင်တွေနဲ့ သောကြာနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပြီး ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်း အပေါ် အကူအညီတွေ ဆက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်