ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအများအပြားကို အာရက္ခတပ်တော် AA အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အများအပြား အလံဖြူထောင် လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ထပ်ထုတ်ပြန်လိုက်ပါတယ်။
နှစ်သစ်ကူး မတိုင်ခင်ကာလ ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတွေ လမ်းကြောင်းပြောင်းပြီး ပုံစံအမျိုးမျိုးနဲ့ သယ်ယူနေတဲ့အတွက် ထိုင်း မြန်မာနယ်စပ် Take နဲ့ Mae Hong Son ခရိုင်တွေမှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးချပြီး စစ်ဆေးနေပါတယ်။
Vinicius ဟာ ရီးယဲလ်အသင်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေရခဲ့တဲ့နေရာမှာ အဓိက ကစားသမားဖြစ်ခဲ့တာကြောင့် ၂၀၂၄ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုရသွားခဲ့တာပါ။
ဆီးရီးယား နိုင်ငံမှာ စစ်ပွဲ မပြီးဆုံးသေးကြောင်း၊ နိုင်ငံဟာ ထိလွယ်ရှလွယ် အခြေအနေနဲ့ အခက်အခဲ အများအပြား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို အလျင်အမြန် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
Nauru ၊ ပါပူဝါနယူးဂီနီ တို့နဲ့ သြစတြေးလျကြား ဒေါ်လာ သန်းချီတန်ဖိုးရှိ သဘောတူညီချက် ၂ ခု ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဒါဟာဆိုရင် ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးလာတာကို သြစတြေးလျဘက်က ထိန်းညှိမှုမှာ အထောက်အကူ ဖြစ်မယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။
ရုရှား နိုင်ငံ မြို့တော် မော်စကိုက လမ်းမပေါ်မှာ ရုရှား ဗိုလ်ချုပ်ကြီး တဦး လုပ်ကြံသတ်ဖြတ်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ယူကရိန်းက အင်္ဂါနေ့မှာ ပြောပါတယ်။ သူ့နေအိမ် အပြင်ဘက်မှာ စကူတာမှာ ဗုံးတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ရုရှား ဗိုလ်ချုပ်ကြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံနေအိမ်တွေကို စစ်ကောင်စီဘက်က နေ့စဉ် မီးရှို့ဖျက်ဆီးနေတယ်လို့ အခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်လည်း ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ နတ်ကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မကွေးတိုင်း စလင်းမြို့နယ်ထဲ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ခံရပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားကို ငွေကြေးနဲ့စစ်ရေးအကူအညီတွေ ပေးနေတဲ့အပြင် ပဲ့ထိန်းမစ်ဇိုင်းဒုံးအစီအစဉ်တွေဆက်လုပ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနဲ့ ရုရှားကို ထပ်ပြီးတော့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချပြီး သူပုန်တွေ အောင်ပွဲခံခဲ့တဲ့အခြေအနေကို IS အစ္စလာမ်စစ်သွေးကြွတွေအခွင့်ကောင်းယူမှာ စိုးရိမ်နေတဲ့အမေရိကန်က လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်နေပါတယ်။
တောင်ကိုးရီးယားသမ္မတ Yoon Suk Yeol ရဲ့ ၆ နာရီသာကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကို စစ်ဆေးဖို့ သက်သေအထောက်အထားတွေရနိုင်အောင် သမ္မတရုံးကိုဝင်ရှာဖို့ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက ထပ်မံကြိုးပမ်းခဲ့ကြောင်း Yonhap (ယွန်ဟတ်) သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဒီကနေ့ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် နျူကလီးယား၊ ဇီဝနဲ့ဓါတု ကာကွယ်ရေးတပ်ဖွဲ့၊ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နဲ့ အခြားတဦးသေဆုံးသွားကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုပါတယ်။
တရုတ်နိုင်ငံကို ဆွေးနွေးပွဲ သွားရောက်ခဲ့တဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး တရုတ်အစိုးရနဲ့ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နယ်စပ်ဂိတ်ကိစ္စရပ်တွေအပြင် မြေရှားသတ္တုနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့ အခုနှစ်ထဲမှာ လုပ်သား ၁၀,၀၀၀ တသောင်း ကျော်ကို ကိုရီးယားကို စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။
ကိုရီးယား K- Drama ဇာတ်လမ်းတွဲတွေကို စွဲစွဲလန်းလန်း ကြည့်တာက စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ပညာရှင်တဦးက ဆိုပါတယ်။ ဒီလို ရုပ်ရှင်ဇာတ်လမ်းတွဲ စီးရီးတွေကို ကြည့်တာက စိတ်ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်စေပါသလဲ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးထားပါတယ်။
ဂျာမနီ လွှတ်တော်မှာ အစိုးရအပေါ် အယုံအကြည်ရှိအဆို မဲခွဲရာမှာ ဝန်ကြီးချုပ် Olaf Scholz ရှုံးနိမ့်သွားတဲ့အတွက် ရွေးကောက်ပွဲတွေကို ဖေဖော်ဝါရီလ မှာ ကျင်းပရတော့မှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၇၃၃ ယောက်ရှိပြီး၊ သူ့ကို ထောက်ခံမဲ ၂၀၇၊ ဆန့်ကျင်မဲ ၃၉၄ မဲ၊ မဲမပေးသူ ၁၁၆ ယောက်နဲ့ Scholz ရှုံးခဲ့တာပါ။
ဒီနှစ်ထဲကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ စီးပွားရေးကိစ္စ ဟာ မဲဆန္ဒရှင်တွေအတွက် ထိပ်တန်း ဦးစားပေးတခုဖြစ်ခဲ့ပါတယ်။ အရွေးကောက်ခံသမ္မတ Donald Trump သမ္မတ ပြန်ဖြစ်လာတာနဲ့ စီးပွားရေးပြန်ကောင်းအောင်လုပ်ဖို့ကိစ္စဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်ဖို့ အမေရိကန် မဲဆန္ဒရှင်အများစုက မျှော်လင့်ထားပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အတော်များများ အလံဖြူထောင်လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖွဲ့စည်းပုံ ခုံရုံးက တနင်္လာနေ့ မှာ ပထမဆုံး အစည်းအဝေးကို စတင်လိုက်ချိန်မှာ နာရီပိုင်းပဲ ခံတဲ့ စစ်အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ဌာနတွေက တွေ့ဆုံဖို့ တောင်းဆိုချက်တွေကို တောင်ကိုရီးယား သမ္မတက ရှောင်နေပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့မှာ သုံးရက်အတွင်း လူငယ် ၂၀ ကျော်ကို စစ်ကောင်စီ ထောက်ခံသူ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါန်းဇွန်မြို့မှာလည်း ဖမ်းဆီးခံရတဲ့ ဒေသခံတွေ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်