ကမ္ဘာတဝှမ်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Netflix က ကိုရီးယား ရုပ်ရှင် Squid Game စီးရီး ဒုတိယမြောက် ရုပ်ရှင် စီးရီး နိုင်ငံတကာကို ပြသတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ Chao Phraya မြစ်ထဲမှာ Young-Hee အရုပ်ကြီးကို လှေပေါ်တင်ပြီး ဒီဇင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့က ကြော်ငြာသရုပ်ပြပွဲ ကျင်းပပါတယ်။
ဆီးရီးယားပြန်လည်ထူထောင်ရေးအတွက် ဂျော်ဒန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ဆီးရီးယား ခေါင်းဆောင် Ahmed al-Sharaa နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်နိုင်ငံတွေထဲက ဆီးရီးယားကို ပထမဆုံးရောက်လာတဲ့ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း Yoon Suk Yeol ရဲ့ မအောင်မြင်ခဲ့တဲ့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့တာ ကို အထူး စုံစမ်းစစ်ဆေးရေးမှူးခန့်မယ့် ဥပဒေမူကြမ်းကိုအတည်ပြုမပေးရင် ယာယီသမ္မတ Han Duck-soo ကိုပါ အရေးယူမယ်လို့ အဓိကအတိုက်အခံပါတီက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထိုင်းဆေးရုံတွေမှာ ပြင်ပနိုင်ငံက နိုင်ငံခြားသားလူနာတွေ ရုတ်တရက် များလာပြီး ဆေးကုနေကြတဲ့အတွက် ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ထုတ်ဝန်ထိုး ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ရှေ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံတာဝန်ယူတဲ့အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို ကိုယ်ရေးအကြံပေးအဖြစ်ခန့်ထားရေး အဆိုပြုချက်အပေါ် ထောက်ခံဖို့ မလေးရှားဝန်ကြီးချုပ် Awar Ibrahim က အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို အာရက္ခတပ်တော် AA က အပြီးသိမ်းလိုက်ပြီဖြစ်တာကြောင့် ဒီဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ဘာသာမတူ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့ နိုင်ငံတကာမှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
“မင်းတပ်ကို ၂၁ ရက်နေ့ မနက်ပိုင်းမှာ ရပါတယ်။ မြို့ပေါ်မှာရှိတဲ့စခန်း အတော်များများကို တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရတာပါ။ လက်နက်ချအညံ့ခံလာတာ ရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦး၊ မိသားစုတွေပါ ပေါင်းလိုက်ရင် ၁၆၀ ဝန်းကျင်ရှိပါတယ်။” (ဆလိုင်းယောမာန်-CB ပြောခွင့်ရ)
ဆီးရီးယားမှာ အာဏာရှင် Bashar al-Assad ကို ဖြုတ်ချခဲ့ပြီး သီတင်း ၂ ပတ်အကြာမှာပဲ ရှီဘာနီ (Asaad Hassan al-Shibani) ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ယာယီ အစိုးရအဖွဲ့က တာဝန်ပေးလိုက်တယ်လို့ စနေနေ့ ဆီးရီးယား အစိုးရ SANA သတင်းမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ခိုလုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲမှာ Hepatitis C အသဲရောင်အသားဝါ ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့ ဥရောပသမဂ္ဂ EU က ယူရိုငွေ ၁ သန်း ကူညီမယ့်အကြောင်း ဥရောပကော်မရှင်က သောကြာနေ့က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်မှာ ခရစ်စမတ်နဲ့ နှစ်သစ်အားလပ်ရက်တွေ နီးကပ်လာနေချိန်မှာပဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားစေမယ့် အရေးရှောင်လွှဲနိုင်ဖို့ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပေးလိုက်ပြီဖြစ်တဲ့ အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါပြီ။
အခုလ အစောပိုင်းက ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားသူပုန်ခေါင်းဆောင်အပေါ် အရင်က ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ကို ပယ်ဖျက်လိုက်တယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။
ချင်းနဲ့ စစ်ကိုင်းက ထွက်ပြေးလာကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်က ၅၀,၀၀၀ နီးပါးအထိ ရှိလာနေပြီလို့ စစ်တမ်းတချို့ကို အခြေခံပြီး စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ မြို့နယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် နှစ်လအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် ထိပ်တန်းတာဝန်ရှိသူတချို့ ဆီးရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Damascus ကို ရောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ တိုးတက်ရေးအတွက် အားလုံးက စိုးရိမ်နေကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က Facebook လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်အတွက် ရွေးကောက်ခံသမ္မတ Trump လက်ခံတဲ့မူကြမ်းကိုကြာသပတေးနေ့က အောက်လွှတ်တော်မှာမဲခွဲခဲ့တာမှာ Trump ရဲ့ Republican အမတ် ၃၈ ယောက်ရဲ့ကန့်ကွက်မဲတွေအပါအဝင် ကန့်ကွက်မဲ ၂၃၅ မဲ ထောက်ခံမဲ ၁၇၄ မဲနဲ့ ပယ်ချလိုက်တာမို့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမယ့် အခြေဆိုက်နေပါတယ်။
အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်လွတ်မြောက်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က တောင်းဆိုလိုက်ပါတယ်။
“၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ် ၁၂ နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။” (ခိုင်သုခ - AA ပြောခွင့်ရ)
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ကိုယ်စားလှယ်တွေ နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ လာမယ့် ဇန်နဝါရီ ၁၅မှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ MNDAA နဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်