“ဗန်းမော်မြို့- မြို့ထဲ ဝန်းကျင်တွေကတော့ အခြေအနေ မကောင်းဘူး။ အဓိက ဖြစ်နေတာကတော့ ကားလေးဝန်းဘက်၊ ချမ်းသာကြီးဘုရားဘက်တွေဖြစ်တယ်။ ရုံးကြီးဘက်တွေ ဖြစ်မယ်။ ဆေးရုံကြီးဘက်တွေဖြစ်တယ်။ မြို့ သုံးပုံ နှစ်ပုံလောက်တော့ ထွက်သွားပြီ။ တပုံလောက် ကျန်အုံးမှာပေါ့။ ကိုယ့်အိမ်ကိုယ် အိမ်ထဲမှာပဲ နေကြတာ။" (ဗန်းမော်မြို့ခံ)
တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာစေဖို့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ သဘောတူလိုက်ကြ ပါတယ်။ မွန်ပြည်သူတွေရဲ့ ဆန္ဒအရ ဘုံရန်သူကိုချေမှုန်းနိုင်အောင် ပူးပေါင်းလိုက်တာဖြစ်ကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသမား လေးယောက်ကို မကြာခင် လွှတ်ပေးမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ပြောခဲ့တာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြန်လည်ပြောဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အကြပ်အတည်း ဖြေရှင်းပေးနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖေါ်နိုင်ရေး မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပါတယ်။
ဒီဇင်ဘာလ ၁၉ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အိမ်နီးချင်းနိုင်ငံတွေကို ရှင်းလင်းပြောဆိုပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကို ဦးစားပေးပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ပြည့်စုံတဲ့ လမ်းပြမြေပုံတစ်ခု ချမှတ်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Md Touhid Hossain က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ပျောက်ဆုံးနေသူတွေ ဘာဖြစ်သွားသလဲ ရေရေရာရာ မသိဘဲ စိတ်မချမ်းမမြေ့ ကျန်နေခဲ့ကြသူတွေအတွက် စာနာထောက်ခံ လုပ်ဆောင်ပေးဖို့ ကတိကဝတ် ပြုလိုက်ပါတယ်လို့ Antonio Guterres က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံး နေအိမ် အဆောက်အဦတွေ ပျက်ဆီးခဲ့ပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းနဲ့ မင်းတပ်မြို့မှာ မြို့သိမ်းစစ်ဆင်ရေး စတင်ချိန်ကစပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက တလကျော်အထိ ဆက်ပြီးရှိနေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေချိန် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။
မြန်မာနိုင်ငံတဝန်းက အမျိုးသမီးတွေ တရုတ် လူကုန်ကူးဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံနေရပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စိုးရိမ်စရာ ကျယ်ကျယ်ပြန့်ပြန် ဖြစ်လာနေပြီလို့ ကချင်နဲ့ ရှမ်းမြောက်က အရပ်ဘက်အဖွဲ့အစည်းတချို့က ထုတ်ပြန်ပြောဆိုပါတယ်။
ယီမင်နိုင်ငံမှာရှိတဲ့ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။ ဟူသီသူပုန်တွေက စစ်ရေးလုပ်ငန်းတွေမှာသုံးတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံတွေနဲ့ ဆိပ်ကမ်းတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါ တယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်းကတော် Rosmah Mansor အပေါ် စွပ်စွဲထားတဲ့ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတို့အတွက် ခိုင်လုံတဲ့အထောက်အထား သက်သေမရှိလို့ဆိုပြီး မလေးရှားတရားရုံးချုပ်က တရားသေ လွှတ်ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ဌာန (CDC) က ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရတော့ အမေရိကန်မှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်တဲ့ ကိုဗစ် ၁၉ ၊ နှလုံးရောဂါနဲ့ ဆေးအလွန်အကျွံ သုံးစွဲမှုတွေနဲ့ပတ်သက်ပြီး သေဆုံးနှုန်း ကျဆင်းလာတယ်လို့ ဖော်ပြပါတယ်။
KNU ရဲ “မာနယ်ပလော” ဌာနချုပ်ကို နှစ်ပေါင်း ၃၀ အကြာမှာ စစ်ကောင်စီလက်ကပြန်သိမ်းယူ၊ ရခိုင်၊ အမ်းမြို့မှာ စစ်ကောင်စီတပ်သားအများအပြား အာရက္ခတပ်တော် AA ဆီမှာ လက်နက်ချ၊ တိုက်ပွဲပြင်းထန်ချိန် ရိုးရာပွဲတွေမလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး စတဲ့သတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသက သတင်းတွေ..။
ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွတွေ ပြန်ပြီး ပေါ်ထွက်မလာအောင် အသစ်တက်လာမယ့် Trump အစိုးရအနေနဲ့ လုပ်ဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားလိုက်ပါတယ်။
ယူကရိန်းဘက်က ဒရုန်းတွေဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခဲ့တာကြောင့် Rostov ဒေသမှာရှိတဲ့ Novoshakhtinsk ရေနံချက်စက်ရုံ ဒီနေ့ မီးလောင်သွားတယ်လို့ ရုရှားနိုင်ငံ Rostov ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ
စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးခါနီးလေးမှာပဲ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးအပြောင်းအလဲ လုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေဆက်လက်လည်ပတ်နိုင်ရေး အင်္ဂါနေ့က ထုတ်ပြန်တဲ့ ဘတ်ဂျက်မူကြမ်းဟာ ဒီမိုကရက်တွေ သုံးချင်ရာသုံးနိုင်အောင်ခွင့်ပေးမယ့် ဥပဒေကြမ်းဖြစ်တယ်လို့ဖော်ပြပြောဆိုပြီး မတူတဲ့ယာယီအသုံးစရိတ်မူကြမ်းကို အတည်ပြုဖို့ Trump ရော ရွေးကောက်ခံ ဒုသမ္မတ JD Vance ကပါ ပြောကြားခဲ့ကြပါတယ်။
"ည ၉ နာရီ ၁၅၊ ၉ နာရီလောက် Y-12(လေယာဉ်) နဲ့ကြဲသွားတာ။ ၇ ပတ်လောက် ပတ်ပြီးကြဲသွားတာ။ ထိခိုက်ပျက်စီးမှုက အိမ် ၁၂ လုံးထိခိုက်ပျက်စီးတယ်။ လူကအထိခိုက်မရှိဘူး။ လူက အရင်နေ့က ဖြစ်တာ။ ကြောက်နေတော့ အပြင်မှာ ထွက်ရှောင်နေတဲ့အချိန်မှာ ရွာထဲကို ကြဲသွားတာ။
နောက်ထပ်ကြည့်ရှုရန်