ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားဘက်ကနေ ကူညီတဲ့ မြောက်ကိုရီးယား တပ်သား ၁ ထောင်လောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ရုရှားပိုင်နက် Kursk ဒေသမှာ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ အင်တာနက်စည်းမျဉ်းသစ်တွေ စတင်အသက်ဝင်လာပြီး ဖေ့ဘုတ် (Facebook) နဲ့ တစ်တော့ (TikTok) အသုံးပြုသူတွေ သူတို့ရဲ့ မှတ်ပုံတင်တွေကို အတည်ပြုသုံးစွဲရတော့မှာဖြစ်ပါတယ်။
အစ္စရေးရဲ့ စီးပွားရေးအချက်အခြာကျတဲ့ Tel Aviv မြို့က လေယဉ်ကွင်းကို မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yemen နိုင်ငံက ဟူသီသူပုန်တွေကပြောပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ Yemen က Sannaa နိုင်ငံတကာလေဆိပ်ကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်ကိုရီးယားစစ်သားတယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိပေမဲ့ ရရှိထားတဲ့ပြင်းထန်ဒဏ်ရာတွေကြောင့် တရက်အကြာ ဒီနေ့မှာ သေဆုံးသွားတယ်ဆိုတာ မဟာမိတ် ထောက်လှမ်းရေးဌာနတွေရဲ့ အတည်ပြုချက်ရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန NIS က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် စံချိန်တင်တိုးမြှင့်ထားတဲ့ အစိုးရအသုံးစရိတ်ကို ဒီနေ့ အတည်ပြု လိုက်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအပါအဝင် လာမယ့်နှစ် ဧပြီလမှာ စတင် အသက်ဝင်မယ့် ရသုံးမှန်းခြေအသုံးစရိတ် ဒေါ်လာ ဘီလျံ ၇၃၀ ကို ဂျပန်အစိုးရက အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ယာယီသမ္မတ Han Duck-soo ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ယာယီသမ္မတက ကာကွယ်နေတယ်လို့ဆိုပြီး တရားစွဲဖို့ လူများစု အတိုက်အခံ အမတ်တွေက ဒီနေ့ သောကြာနေ့မှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး လူကိုကူးစက်တဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး နမူနာကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓါတ်ခွဲစမ်းသပ်တာမှာ ကြက်ငှက်တုပ်ကွေးကူးစက်သူရဲ့ခြံထဲက ကြက်ငှက်တွေမှာ တွေ့ရှိတဲ့ Virus မျိုးကွဲမဟုတ်ဘဲ အသွင်ပြောင်းနေတဲ့ မျိုးကွဲဖြစ်နေတယ်လို့ CDC က ပြောပါတယ်။
" ဒီအခြေအနေကတော့ (စစ်မှုထမ်း) သွားမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် ကိုယ့်အတွက် အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိနေတာကို၊ တိုက်ပွဲ တောက်လျှောက်ဖြစ်နေတာလေ။ ဘယ်သူမှမသွားချင်ဘူး။ စိုးရိမ်ကြတယ်။ သို့သော်လည်း သူ့ရဲ့ အမိန့်သြဇာကို မလွန်ဆန်နိုင်တဲ့အခါကျတော့ မဖြစ်မနေသွားရတာမျိုးပေါ့နော်။” (ဒေသခံ)
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်တင်းတင်းပြည့်တဲ့နေ့ ဒီကနေ့မှာ ဒေါ်ခင်ကြည်ရဲ့ မြေးဖြစ်သူ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ကိုထိန်လင်း-Kim Aris က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရှိခိုးဂါရဝပြုပါကြောင်း အမှတ်တရဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။
ယီမင်က ဟူသီသူပုန်တွေ သိမ်းထားတဲ့ ဆာနား မြို့တော်နဲ့ ယီမင်ဆိပ်ကမ်း တွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲရှိရာ နေရာနား မှာပါ ထိမှန်ခဲ့ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်မှာ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး လူသေဆုံးတာတွေ ရာနဲ့ချီကူးစက်တာတွေဖြစ်ခဲ့ပြီးနောက် တာ့ခရိုင်မဲဆောက်၊ မယ်ပ၊ ထုံထောင်းစတဲ့ နေရာတွေမှာပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူ မြန်မာ၂ဦးအပါအဝင် လူ ၄ ဦးကူးစက်ခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ် ။
ရုရှားကို ထွက်ပြေးသွားတဲ့ Assad နဲ့လူမျိုးတူ Alawite တွေ အဓိကနေထိုင်တဲ့ Tartus မှာ ယာယီ အစိုးရလုံခြုံရေးအဖွဲ့တွေက Assad ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဒီနေ့ စစ်ဆင်ရေး စတင်လိုက်ပြီး တချို့ကို သုတ်သင်ခဲ့တယ်လို့ SANA သတင်းအေဂျင်စီကပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ တိဘက်တောင်တန်း အရှေ့ဘက်ခြမ်းကိုပတ်ပြီးဆောက်မယ့် ဒီဆည်ကြောင့် မြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေအတွင်း ဒရုန်း ၃၁ စင်းထဲက အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ Chernihiv, Dnipropetrovsk, Kharkiv နဲ့ Kyiv ဒေသတွေမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလေကြောင်းတပ်က ပြောပါတယ်။
ဂျပန်နိုင်ငံက JAL လေကြောင်းလိုင်းကို ဆိုင်ဘာတိုက်ခိုက်မှုခံရတဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ကြန့်ကြာခဲ့ပါတယ်။ ဒေသစံတော်ချိန်မနက် ၇ နာရီခွဲလောက်မှာ စပြီးတိုက်ခိုက်ခံခဲ့ရပုံရကြောင်းနဲ့ တနာရီလောက်အကြာမှာ ပြဿနာဘာကြောင့်ဖြစ်သလဲဆိုတာသိရှိပြီး ဖြေရှင်းခဲ့တယ်လို့ JAL ကပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့နိုင်ငံတွေမှာ လူပေါင်း သိန်းချီ သေဆုံးခဲတဲ့ ဆူနာမီ ဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခံရတာ အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဆူနာမီလှိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ ဒီနေ့ ကျင်းပကြပါတယ်။
ဘရာဇီးနိုင်ငံမှာ ပြည်နယ်နှစ်ခုကိုချိတ်ဆက်ထားတဲ့ တံတားတစင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြိုကျခဲ့တဲ့အတွက် လူ (၄)ဦးသေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင်ကားပေါ်မှာပါလာတဲ့ ဆာဖျူရစ်အက်ဆစ်တွေလည်း Tocantins မြစ်ထဲဖိတ်စင်ကုန်တဲ့အတွက် ကယ်ဆယ်ရေးအတွက်နှောင့်နှေးစရာဖြစ်နေပါတယ်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းက လေယာဥ်တစီး ကာဇက်စတန် မှာ ပျက်ကျသွားခဲ့တဲ့အတွက် လူ ၃၈ ယောက် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကာဇက်စတန် မြို့ Aktau အနီးမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေး အားထုတ်မှုတွေ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ အစ္စရေး နဲ့ ဟာမတ်စ်တို့ က ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန် စွပ်စွဲလိုက်ကြပါတယ်။ ၁၄ လကြာ ဂါဇာစစ်ပွဲ ရပ်နိုင်အောင် သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ နှစ်ဘက်လုံးက ပြောခဲ့ကြပေမဲ့ အခု အပြန်အလှန် စွပ်စွဲလိုက်ကြတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်