စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်တပ် နဲ့ အဆင့်မြင့် တာဝန်ရှိသူများ ဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ရုံး (CIOHO) တို့နဲ့ ဖွဲ့စည်းထားပြီး ဦးဆောင်အဖွဲ့ CIOHO က ဆိုးလ်မြို့ အနောက်ပိုင်း ခရိုင်တရာရုံးမှာ လျှောက်ထားတာကို အတည်ပြုပါတယ်။
ရုရှားရဲ့ အဓိက မဟာမိတ် ဘာရှာ အာဆတ်ကို ဖြုတ်ချလိုက်တဲ့ ဆီးရီးယား အာဏာပိုင် အသစ်တွေကို ထောက်ခံဖို့ ယူကရိန်းက ကတိကဝတ် ပြုလိုက်ပါတယ်။
ဒေါ်လာ ၂ ဘီလီယံ ခွဲ နီးနီးတန်ဖိုးရှိတဲ့ လက်နက်တွေကို အမေရိကန်က ယူကရိန်းကို ပို့ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောပါတယ်။ စစ်အတွင်း ယူကရိန်းရဲ့ အနေအထား ပိုပြီး အားကောင်းလာအောင် သူ သမ္မတ တာဝန်ရှိနေသေးတဲ့ အချိန်အတွင်း မနားမနေ လုပ်ဆောင်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
တောင်အာဖရိကနိုင်ငံက လုပ်ကွက်ငယ် ပြောင်းဖူးစိုက်တောင်သူငယ်လေးတွေဟာ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပြည်တွင်းမှာ ရေးဆွဲထားတဲ့ ဒီဂျစ်တယ် နည်းပညာတွေကို အသုံးပြုနိုင်ကြပါပြီ။ အရင်ကဆိုရင် ဒီလိုနည်းပညာတွေကို ဧကအများကြီး စီးပွားဖြစ် စိုက်ပျိုးကြတဲ့ တောင်သူကြီးတွေလောက်သာ ပုံမှန်အသုံးပြုနိုင်ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်မှာ မနေ့ တနင်္ဂနွေနေ့က လေယာဥ်ပျက်ကျခဲ့မှုဟာ နိုင်ငံရဲ့လေကြောင်းလိုင်းသမိုင်းမှာ အဆုံးရွာဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယာယီသမ္မတ Choi Sang-mok ဒီကနေ့ တက်ရောက်ခဲ့ပါတယ်။
“ယူကရိန်းနဲ့ ဆီးရီးယားကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုကိစ္စအဝဝကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားကြမှာပါ။ သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ယူကရိန်းနဲ့ပဲ စတင်ပါမယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်” (ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး)
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း Jimmy Carter ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ရန်ကုန်-အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။
ကိုးကန့်ဒေသမှာအခြေစိုက်ပြီး အွန်လိုင်းကဆင့် တရုတ်အပါအ၀င် နိုင်ငံတကာကိုပစ်မှတ်ထား ငွေကြေးလိမ်လည်ခဲ့တာ၊ အဓမ္မစေခိုင်းခဲ့တာတွေအပါအ၀င် အခြားရာဇဝတ်မှုတွေနဲ့ တရုတ်ကဖမ်းဆီးထားတဲ့ မြီမိသားစုနဲ့ သူတို့ရဲ့ မာဖီးယားဂိုဏ်းဝင်တွေအပါအ၀င် ဆက်စပ်နေသူ ၃၉ ဦးကို တရုတ်နိုင်ငံတရားရုံးမှာ ဒီကနေ့စွဲချက်တင်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီ လက်နက်တွေဝယ်ယူလို့ရနိုင်အောင် ထိုင်းဘဏ်တွေက ကူညီပေးနေတယ်လို့ ကုလသမဂ္ဂရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ အထောက်အထားမတွေ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးနဲ့သာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်စေမှာဖြစ်တယ်လို့ ဒီကနေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့လာတဲ့မိန့်ခွန်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူး၀င်းက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့သူ ၃၉ ယောက်ကို တရုတ် နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou မြို့ တရားရုံးက စွဲချက်တင်လိုက်ပါတယ်။
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း Jimmy Carter က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေပေါ်လာဖို့ဆိုရင် အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ဖိအားပေးဖို့ လိုမယ်ဆိုပြီး ၂၀၀၇ ခုနှစ်က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုဖူးပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ကို စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား အရပ်သား သေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြစ်ခြေမြို့နဲ့ မြို့အနီးက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gimpo လေဆိပ်ကနေ Jeju ကျွန်းကို ဒီနေ့ တနင်္လာနေ့ မနက် ထွက်ခွာတဲ့ လေယာဉ်တစင်း ဆင်းသက်ဂီယာ ချို့ယွင်းတဲ့အတွက် Gimpo လေဆိပ်ကို ပြန်လာပြီး ဆင်းသက်ခဲ့ရတဲ့အကြောင်း Yohhap သတင်းမှာ ဖေါ်ပြပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်ဟာ အမေဇုံအမြဲစိမ်း သစ်တောကြီးအတွက် သဘာဝ ဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကို တွန်းလှန်ရာမှာအရေးပါတဲ့ အပင်နဲ့ သတ္တဝါမျိုးစိတ် အများအပြားကိုလည်း ထိခိုက် ပျက်ဆီးစေခဲ့တာပါ။
ဂါဇာမြောက်ပိုင်းက Kamal Adwan ဆေးရုံကို သောကြာနေ့က ဝင်ရောက်စီးနင်းခဲ့တဲ့ အစ္စရေးတပ်တွေက ဆေးရုံဒါရိုက်တာနဲ့ ဒါဇင်နဲ့ချီတဲ့ ဆေးဝန်ထမ်း တွေ အပါအဝင် ပါလက်စတိုင်း ၂၄၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ကရော အစ္စရေးစစ်တပ်ကပါ ပြောပါတယ်။
လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်ကစပြီး အာဆီယံ အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတော့မယ့် မလေးရှားအနေနဲ့ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မယ်လို့ သူယုံကြည်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာကို ဒီဇင်ဘာ ၂၇ ရက် က စစ်ကောင်စီတပ်က လေယာဉ်ကနေ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီးသွားပါတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
ဖင်လန်နဲ့ အက်စ်တိုးနီးယား ကြားဆက်ထားတဲ့ ရေအောက် ကေဘယ်လိုင်း တမင်ဖျက်ဆီးတာခံခဲ့ရတယ် လို့သံသယ ရှိခဲ့တဲ့ နောက်မှာ NATO စစ်မဟာမိတ် အဖွဲ့ဟာ ဘောလတစ်ပင်လယ်တွင်း စစ်တပ်ချထားမှုကို တိုးမြှင့်မှာ ဖြစ်ကြောင်း NATO အတွင်းရေးမှုးချုပ် Mark Rutte က သောကြာနေ့မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ဆေးရုံ ၃ ခုထဲက Kamal Adwan ဆေးရုံကို သောကြာနေ့မှာ အစ္စရေးတပ်တွေ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းရာမှာ မီးတင်ရှို့ခဲ့တဲ့ အတွက် ဒါဇင်နဲ့ချီတဲ့ လူနာအပါအဝင် ရာနဲ့ချီထွက်ပြေးခဲ့ရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်