ဇန်နဝါရီလ ၆ ရက်နေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump ၂၀၂၄ ရွေးကောက်ပွဲ အနိုင်ရကြောင်း အမေရိကန်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး ဆောင်းရာသီနှင်းမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းအပါအဝင် အနေရာအတော်များများမှာ လေပြင်းတိုက်၊ နှင်းကျပြီး ရေခဲမှတ်အောက်ရောက်အောင် အလွန်အေးတဲ့ဒဏ်ကိုခံနေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ မုန်တိုင်းဟာ ပူနွေးတဲ့တောင်ပိုင်းပြည်နယ်တွေဘက်ကိုပါရွှေ့လျားသွားနေပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို သမ္မတဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပြီး နယူးအော်လန်မြို့ကပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားရှိမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
အာဖဂန်သူပုန်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးပြီး ဆိုဗီယက်တပ်ဖွဲ့တွေ အာဖဂန်မှာရှုံးနိမ့်သွားအောင် လုပ်ဆောင်ခဲ့သူအဖြစ် သမ္မတ Ronald Reagan ကို အသိအမှတ်ပြု ပြောဆိုကြလေ့ရှိပေမယ့် အဲဒီလို ဖြစ်လာအောင် သမ္မတ Jimmy Carter အစိုးရက အခြေခံအုတ်မြစ်တွေချပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အသံထက်အဆပေါင်းများစွာမြန်တဲ့ တာလတ်ပစ် (Hypersonic) ပဲ့ထိန်း မစ်ဇိုင်းဒုံးတစင်းကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် စောင့်ကြည့်စစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA က ဒီကနေ့ အင်္ဂါမှာထုတ်ဖေါ်ပြောဆိုပါတယ်။
ဧဝရက်တောင်ရဲ့ ရှေ့မြောက်ဘက်မိုင် ၅၀ လောက်ကိုဗဟိုပြုပြီး ဒီကနေ့ တိဘက်မှာလှုပ်သွားတဲ့ အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၉၅ ယောက်သေဆုံးခဲ့ပြီး ၁၃၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။ တရုတ်အစိုးရက ပြင်းအား ၆.၈ ရှိတယ်လို့ဖေါ်ပြပြီး အမေရိကန်ငလျင်တိုင်းထွာရေး ဌာနမှတ်တမ်းအရတော့ ပြင်းအား ၇.၁ ရှိတယ်လို့ဖေါ်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ရက်တွေက ပျောက်ဆုံးသွားတဲ့ တရုတ် အမျိုးသား ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို ရှာဖွေတွေ့ရှိသွားပါပြီ။ မြဝတီခရိုင် နယ်ခြားစောင့်တပ် BGF နယ်မြေမှာတွေ့ရပြီး ထိုင်းကိုခေါ်ဆောင်လာပြီလို့လည်း ထိုင်းရဲတပ်ဖွဲ့က ရဲချုပ် Thatchai Pitaneelabut ကသတင်းထောက်တွေကိုပြောပါတယ်။
ချင်းညီနောင်ပူးပေါင်းအဖွဲ့က ချင်းပြည်နယ် တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မယ့်အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းမြန်မာနယ်ခြားမှာ ပျောက်ဆုံးနေတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ရှာတွေ့ပြီဖြစ်ပြီး ထိုင်းရဲချုပ် Thatchai Pitaneelabutr ကိုယ်တိုင်သွားခေါ်တဲ့အကြောင်း ထိုင်းနိုင်ငံထုတ် Khaosod သတင်းမှာ ဖေါ်ပြပါတယ်။
မြန်မာနယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ထိုင်း မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၁၁ ဒသမ ၄ ဘီလျံ အထိ ရှိပြီး အရင်ကနဲ့ စာရင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့ကြောင်း ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောတာကို ဘန်ကောက်ပို့စ်မှာ ရေးပါတယ်။
ထိုင်းနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ဟာ မြန်မာနိုင်ငံနယ်ထဲကို ဝင်သွားပြီး ပျောက်ဆုံးသွားတာလို့ ထိုင်းနိုင်ငံ Tak ခရိုင် အာဏာပိုင်တွေ အတည်ပြု ပြောဆိုတာကို ဒီနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။
မွတ်ဆလင် ရိုဟင်ဂျာဒုက္ခသည်လို့ ယူဆရတဲ့ လူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ လှေနှစ်စင်းကို မလေးရှား အာဏာပိုင်တွေက စနေနေ့က လမ်းကြောင်းလွှဲပေးခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
အင်္ဂလန်တောင်ပိုင်း ထုံးကျောက်တွင်းတခုမှာ ရွှံ့စေးတူးနေတဲ့ အလုပ်သမားတယောက်က ထူးဆန်းတဲ့အဖုတွေကို သတိပြုမိခဲ့ရာကနေ နှစ်သန်းပေါင်း ၁၆၆ သက်တမ်းရှိ ဒိုင်နိုဆော ခြေရာပေါင်း ၂၀၀ နီးပါးနဲ့ "ဒိုင်နိုဆောလမ်းမကြီး" တခုကို တွေ့ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရပ်ဘက်နျူကလီးယားကိစ္စရပ်တွေအတွက် အိန္ဒိယကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ နောက်ဆုံးအပြီးသတ်လုပ်ဆောင်နေပြီလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့က နယူးဒေလီမြို့မှာ ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေလျှော့ချပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။
ဟာဝိုင်အီမှာ တရားမဝင် မီးရှူးမီးပန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေက သိပ်မအောင်မြင်ပဲ မကြာခင်ရက်ပိုင်းကလည်း မီးရှူးမီးပန်း မတော်တဆမှုကြောင့် လူသေဆုံးရတာတွေ ရှိခဲ့ပါတယ်။ ဟာဝိုင်ယီကို တရားမဝင်မီးရှူးမီးပန်းတွေ နေ့စဉ်လိုလို ပြည်ပကနေ ခိုးသွင်းနေတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ကြောင်း လွှတ်တော်က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့မှာ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သူခေါင်းဆောင်မှုအပေါ် မကျေနပ်မှုတွေ တိုးလာတာကို ရင်ဆိုင်နေရတဲ့နောက်၊ ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကြောင်းတကြောင်းလုံးပျက်စီးပြီး သေဆုံးမှုများတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ အုန်နှဲဘုတ် ကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် အခြေခံစားသောက်ကုန်၊ ဆေးဝါး သယ်ယူခွင့်ကို အရင်ကထက်ပိုပြီး တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်