၂၀၂၅ နှစ်သစ်ကတော့ ကူးပြောင်းခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာတဝန်းက လူ သန်းပေါင်း များစွာအတွက် မြွေနှစ် စမယ့် တရုတ်နှစ်သစ်ကူး ကတော့ မစသေးပါဘူး။ ဒီ ဇန်နဝါရီ လကုန်လောက်မှာမှ နဂါးနှစ်ကို နှုတ်ဆက်ပြီး မြွေနှစ်ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်မတိုင်ခင် နှစ်ပေါင်း ၃၅ နှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အရေး စိုးရိမ်ပူပန်ခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူသဘောထားပြီး သူ့ရဲ့စည်းရုံးရေးလုပ်ငန်းတွေမှာ အစိမ်းရောင်ကို သုံးခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် အခြေခံစားသောက်ကုန်၊ ဆေးဝါးသယ်ယူခွင့်ကို အရင်ကထက်ပိုပြီး တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့မံစီမြို့ကို KIA နဲ့ မဟာမိတ်တွေဟာ တလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက် နေရာမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းကစလို့ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေလို့ အရပ်သားထိခိုက်သေဆုံးတာတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ရန်ကုန်မြို့မှာ တနေ့ကို လျှပ်စစ်မီး လေးနာရီလောက်သာ ပေးနိုင် တော့တယ်လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနက ဒီနှစ်ဆန်းမှာပဲ ထုတ်ပြန်ထားပါတယ်။ တနေ့ လေးနာရီ အလှည့်ကျ လျှပ်စစ်မီးပေးမယ့်အစီအစဉ်ကြောင့် မြို့ခံတွေသာမက စီးပွားရေးမှာလည်း ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတာပါ။
ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံက အဓိကတွန်းအားပေးနေတဲ့နေရာကနေ ပါဝင်နေပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ လုံခြုံရေးအာမခံချက်တွေရှိဖို့ လိုကြောင်း ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ Donald Trump က အမေရိကန်ပြည်ထောင်အတွင်းက ပြည်နယ် ၅၀ စလုံးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေ ရေတွက်အတည်ပြုတဲ့အစီအစဉ်ကို ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်မှာ ဒုသမ္မတကကမကထပြုဆောင်ရွက်ပေးရတဲ့အတွက် Kamala Harris ဟာ သူရဲ့ အရှုံးကို ကိုယ်တိုင် ဆုံးဖြတ်ပေးရသူဖြစ်နေပါတယ်။
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဖမ်းဖို့ ထုတ်ပြန်ထားတဲ့ဝရမ်းကို သက်တမ်း ထပ်တိုးပေးဖို့ တောင်ကိုရီးယား အကျင့်ပျက်ချစားမှု စုံစမ်းစစ်ဆေးရေးဌာနက တရားရုံးမှာ တောင်းခံထားပါတယ်။
မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ မင်းသား ဘရတ်ပစ်တို့ ကွဲရှင်းသဘောတူညီမှု ရသွားကြပြီလို့ ဂျိုလီရဲ့ ရှေ့နေက ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါဟာ ဟောလိဝုဒ်မှာ လူစိတ်အဝင်စားဆုံး ၂ ဘက် အခါးသည်းဆုံး ကွာရှင်းပြတ်စဲမှုတခု အဆုံးသတ်သွားတာပဲ ဖြစ်ပါတယ်။
ဆီးနှင်းတွေ၊ ရေခဲတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ဘက်ခြမ်း ပြည်နယ်တွေ ခံစားနေကြရပါတယ်။ ဒီကနေ့ နှင်းမုန်တိုင်းကျတဲ့နေရာတွေထဲက တချို့နေရာတွေမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် နှင်းကျနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရေကြောင်းကနေ ရိုဟင်ဂျာ ၂၆၀ လောက် ဒီသီတင်းပတ်ကုန်မှာ ရောက်ရှိလာကြောင်း ဒေသခံအာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။
ကိုရီးယားကို ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ (EPS) ကို အောင်ထားတဲ့ မြန်မာအမျိုးသမီးတွေကို ပထမဦးဆုံး စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က ကြေညာထားပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲ နယ်စပ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို မနေ့က နေရပ် ပြန်ပို့လိုက်တဲ့အကြောင်း မဏိပူပြည်နယ် အရာရှိတွေက ပြောပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xing Xing ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အကြောင်း သူ့ရဲ့ ရည်းစား Jia Jia က အကူအညီတောင်းထားတာကို တရုတ်နိုင်ငံထုတ် သတင်းစာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ပင်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု ပမာဏ အများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာတဝှမ်း အင်တာနက်ပိတ်ပင်မှုနဲ့ စီးပွားရေး ထိခိုက်မှု လေ့လာဆန်းစစ်တဲ့ UK အခြေစိုက် Top10VPN အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကမ္ဘာကျော် ကိုရီးယားကေပေါ့ပ်အဖွဲ့ BLACKPINK က အဆိုတော် ဂျီဆူး Jisoo ဇန်နဝါရီ ၃ ရက်နေ့ကပဲ မှာ အသက် ၃၀ ပြည့်မွေးနေ့ ကျင်းပသွားပါတယ်။
ဂင်းနစ် Guinness စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး လူသားစာရင်းဝင် အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ကွယ်လွန်သွားပါပြီ။ဂျပန်နိုင်ငံ အလယ်ပိုင်း Hyogo ဒေသ အရှီယာ မြို့က လူအိုရုံမှာကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း မြို့တာဝန်ရှိသူတွေက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကာတာမှာ ဂါဇာစစ်ပွဲ အပစ်ရပ်ဆွေးနွေးပွဲတွေ အတွက် ထပ်ပြီးကြိုးပမ်းနေချိန်မှာပဲ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ရတယ် လို့ ဂါဇာတောင်ပိုင်း ဆေးရုံတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံထဲက အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို ဇန်နဝါရီလ ၄ ရက် (စနေနေ့)က ချင်းရိုင်၊ မဲဆိုင် နယ်စပ်ကတဆင့် ပြန်လည် လက်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်