ဂါဇာတောင်ပိုင်းက မြေအောက်လိုဏ်ခေါင်းတွေထဲကနေ ဓါးစာခံအဖြစ် အဖမ်းခံထားရတဲ့ အသက် ၅၃ နှစ်အရွယ် Yosel AlZayadni ရဲ့ ရုပ်အလောင်းကို အစ္စရေးစစ်သားတွေကရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံကနေ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ နမူနာတွေကို သယ်ယူရောင်းချခဲ့တဲ့အတွက် အပြစ်ရှိကြောင်းဂျပန် ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တယောက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ မနေ့က ဝန်ခံထွက်ဆိုပါတယ်။
ကမ္ဘောဒီးယားအတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်း ဖြစ်တဲ့ Lim Kimya ကို သတ်ခဲ့သူအဖြစ် သံသယရှိသူသေနတ်သမားကို ကမ္ဘောဒီယားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ Lim Kimya ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လူစည်ကားတဲ့မြို့လယ်တနေရာမှာ မနေ့ ဇန်နဝါရီ ၇ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။
မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Mytel ကို အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK က ကြိုဆိုလိုက်ပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အီးယူနိုင်ငံတွေကလည်း မြန်မာစစ်တပ်ပိုင် MyTel ကို အလားတူ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်ကြောင်း ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်း ထုတ်ပြန်ပါတယ်။
ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခုခံနေရတဲ့ ယူကရိန်းအတွက် နောက်ထပ် လက်နက်ခဲယမ်းနဲ့ စစ် လက်နက်ပစ္စည်း ဒေါ်လာသန်း ၅၀၀ ဖိုး သမ္မတဂျိုးဘိုင်ဒင်အစိုးရသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးအဖြစ် ထောက်ပံ့ပေးသွားမယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက VOA ကိုပြောခဲ့ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတဟောင်း Jimmy Carter ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ကြာသပတေးနေ့မှာ မြို့တော်ဝါ ရှင်တန်ဒီစီမှာရှိတဲ့ National Cathedral ဘုရားကျောင်းကြီးမှာ နိုင်ငံတော်ဈာပနအဖြစ် နောက်ဆုံး ဂါရဝပြု ကျင်းပမှာဖြစ်ပါတယ်။
"တချို့ကျေးရွာတွေမှာဆိုရင် ခန့်ထားတဲ့ ကျန်းမာရေးဆရာ၊ ဆရာမတွေနဲ့ လက်လှမ်းမမီတဲ့အချိန်မှာ ဆေးပြတ်လပ်မှုတွေရှိတဲ့ ရွာတွေက များတာပေါ့။ တချို့ရွာတွေမှာ နေမကောင်းဘူးဆိုရင် ပါရာ (Paracetamol) တလုံးတောင် လိုက်ရှာလို့မရတဲ့ရွာတွေ အများကြီးရှိတယ်။" (ပလက်ဝကောင်စီဥက္ကဋ္ဌ)
လောစ့်အိန်းဂျလိစ် ကောင်တီ မီးသတ်ဌာနအနေနဲ့ တောမီးလောင်ကျွမ်းမှု ၁ ခု - ၂ ခုလောက် အတွက်သာ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အထူးသဖြင့် အခုလို လေပြင်းတိုက်ပြီး စိုစွတ်မှုနည်းနဲ့ အခြေအနေမျိုးမှာ ဖြစ်တယ်လို့ ကောင်တီ မီးသတ်ဌာန အကြီးအကဲ အန်သနီ စီ မာရွန်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပန မတိုင်မီ ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော် ခန်းမမှာ ထားရှိထားတာမှာ အေးခဲနေတဲ့ ရာသီဥတုဒဏ်ကို အန်တုပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဂါရဝပြုကြပါတယ်။ ဒုတိယသမ္မတ ကာမာလာဟဲရစ်စ်နဲ့ရွေးကောက်ခံ တာဝန်ရှိသူတွေလည်း ဂါရဝပြုသူတွေထဲမှာ ပါဝင်ခဲ့။
မြန်မာနိုင်ငံက တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ လီမိတက် မိုင်တဲလ် ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေကို နယ်စပ်ဂိတ်ကတဆင့် ရှမ်းပြည်နယ် မူဆယ်ဘက်ကို ပြန်ပြီး သယ်လို့ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အရင်ကလို စီးပွားဖြစ် သယ်လို့ရတာမျိုးမဟုတ်ဘဲ တနိုင်တပိုင်၊ နည်းနည်းချင်းပဲ တရုတ်ဘက်က သယ်ခွင့် ပြန်ပေးလိုက်တာပါ။
စစ်ကိုင်းတိုင်း ရေဦးမြို့မှာ အမျိုးသား၊ အမျိုးသမီး ၅၀ နီးပါး ဖမ်းဆီးခံရပြီး ၁၀ ရက်နီးပါး ကြာတဲ့အထိ လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့ကို ဈေးဝယ်ဖို့ ထွက်လာတဲ့ အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံရတာ ရှိနေပါတယ်။
ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို တိုင်းနဲ့ပြည်နယ် အလိုက်အသေးစိတ် ထုတ်ပြန်သွားဖို့ရှိပြီး နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ လူဦးရေစာရင်းကို ထုတ်ပြန်မယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတဘိုင်ဒန်အစိုးရ သက်တမ်းကုန်ဆုံးချိန်နားမှာ အကန့်အသတ်ထား လုပ်ဆောင်တဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ကျူးဘားနိုင်ငံမှာ ဘဲလေးအကပွဲတော်တခု ကျင်းပနေပါတယ်။
ဆီးရီးယားကြားဖြတ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအသစ် မူရာဖ် အဘူကာစရာ (Murhaf Abu Qasra)ဟာ သူပုန်အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးနေပြီး၊ သူတို့အားလုံးကို ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စုစည်းဖို့ ကြိုးပမ်းနေပါတယ်။
ဆီးရီးယားအာဏာရှင် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ HTS သူပုန်တပ်ဖွဲ့က 'အာဆတ်' လက်ထက်မှာ ဝင်ငွေအများဆုံး ရှာပေးခဲ့တဲ့ တရားမဝင် မူးယစ်ဆေးဝါးထုတ် စက်ရုံကြီးတခုကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီအကြောင်း Joan Cabasés Vega ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အခုနှစ် နှစ်ဆန်းပိုင်း ၅ ရက်အတွင်းမှာတင် ဒေသတွင်းနိုင်ငံတွေကို ခိုလှုံဖို့ရောက်လာကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့အသက်ကို ကယ်တင်နိုင်မယ့်ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်ကြဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အမေရိကန်အစိုးရအသုံးစရိတ်တွေ လျှော့ချမယ့်အစီအစဉ်ကို အကောင်အထည်ဖေါ်မယ့် DOGE ခေါ် ဌာနတခုဖွဲ့ဖို့ အဆိုပြုထားပါတယ်၊။ အရင်တုန်းကတည်းက အခုလို အစိုးရစားရိတ်လျှော့ချဖို့ဆိုတာမျိုး ကြိုးပမ်းခဲ့ဖူးပါတယ်။ VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ် ပြုတ်ကျသွားပြီး နိုင်ငံကထွက်ခွာပြီးတဲ့နောက်ပိုင်း ပထမဆုံးနိုင်ငံတကာ ခရီးသည်လေကြောင်းခရီးစဉ်တစ်ခု ကာတာနိုင်ငံကနေ ဒမားစကတ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်