တရုတ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ သြဂုတ်လ ၂၇-၂၈ ရက်ဆွေးနွေးပွဲတွေအတွင်း မြန်မာ့အရေး စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကြေညာချက်က ဖော်ပြပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြ မထားပါဘူး။
သိမ်းပိုက်ခံအနောက်ဘက်ကမ်းကို အစ္စရေးလ်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး လေကြောင်းကလည်း တိုက်ခိုက်တာကြောင့် အနည်းဆုံး ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးပြီး မတည်မငြိမ်ဖြစ်နေတဲ့ Jenin မြို့ကိုလည်း ဝိုင်းရံထားပါတယ်။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင်း Shanshan ဦးတည်တိုက်ခတ်ဖို့ရှိတာကြောင့် လူထောင်နဲ့ချီကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့အမိန့်ထုတ်ထားပါတယ်။ တိုင်ဖွန်း Shanshan ဟာ ဒီကနေ့ ကျူရှူးကျွန်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာပါ။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်နဲ့နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး၊ ကလေးငယ်တွေ အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး တရားမဝင် လက်နက် လွှဲပြောင်းတင်ပို့နေတာတွေ ရပ်တန့်ဖို့ ဗြိတိန် ဦးဆောင် ရေးဆွဲတဲ့ အဆိုပြုချက် မူကြမ်းမှာ တောင်းဆိုထားပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်းရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောတာမလုပ်တဲ့အပေါ် ရီပတ်ဘလစ်ကန်တွေနဲ့ မီဒီယာအချို့က ဝေဖန်မှုတွေ ထွက်ပေါ်လာတာ သီတင်းပတ်နဲ့ချီ ထွက်ပေါ်ခဲ့ပြီးနောက် အခုလို တွေ့ဆုံမှာပါ။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေကြတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်တွေအတွင်း အပြင်းအထန် နှိမ်နင်းခဲ့တာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် လှုပ်ရှားသူ ၅ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ် အများပြည်သူ လုံခြုံရေးရာဌာန ဒုဝန်ကြီး Qi Yanjun က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြား ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ ရောဂါဘယတွေနဲ့ ရင်ဆိုင်နေကြရပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။ သွားရေးလာရေး အခက်အခဲတွေကြား ဆေးဝါးရရှိမှု အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရားဝင် အလုပ်သွားလုပ်တဲ့ သူတွေကိုလည်း လစဉ်အခွန်ပေးဆောင်ဖို့ စစ်ကောင်စီက ဖိအားပေးနေတာဟာလည်း တရားမဝင် ထွက်ခွာမယ့်သူတွေ ပိုများလာနိုင်တဲ့ အကြောင်းရင်းတခု ဖြစ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံ Nakhon Ratchasima ခရိုင်က မြေအောက် ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှုအတွင်း နာရီ ၇၀ ကျော်ကြာ ပိတ်မိနေသူ မြန်မာတဦး အပါအဝင် ဝန်ထမ်းသုံးဦးကို ကယ်တင်နိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ ကြိုးပမ်းနေကြပါတယ်။
အိန္ဒိယနိုင်ငံ ရဲ့ ဘောလီဝုဒ် ရုပ်ရှင်မြို့တော်ဖြစ်တဲ့ တချိန်က ဘုံဘေ ၊ အခုအခေါ် မွန်ဘိုင်း နဲ့ မလှမ်းမကမ်း ရှိ Malegaon မှာ အပျော်တန်းရုပ်ရှင်ရိုက်ကူးတာတွေ ထင်ရှားလာပြီး နိုင်ငံတကာကတောင် အသိအမှတ်ပြုရတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုခင်မောင်စိုးမင်းပြောပြထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို စောင့်ရှောက်လိုက်ပါပေးဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး တိုင်ပင်လာမယ်ဆိုရင် တံခါးဖွင့်ထားပါတယ်လို့ အမေရိကန်ရေတပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ရုရှား-ယူကရိန်းစစ် မြန်မြန် အဆုံးသတ်ရေးကို သူထောက်ခံတယ်လို့ ယူကရိန်းကိုသွားခဲ့ပြီး ရက်အတော်ကြာမှာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီက ရုရှားသမ္မတပူတင်ကို ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တယ်လီဖုန်းပြောပြီး နောက်တရက် အင်္ဂါနေ့ ရုရှားခေါင်းဆောင်နဲ့ ဆွေးနွေးရာမှာ မိုဒီက ခုလို ပြောလိုက်တာပါ။
ရုရှား Kursk ဒေသမှာ ၁,၃၀၀ စတုရန်း,ကီလိုမီတာကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး ရုရှားတပ်သား ၅၉၄ ယောက်ကို အကျဥ်းသားအဖြစ် ဖမ်းဆီးထားတယ်လို့ ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi) က အင်္ဂါနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူနည်းစုတွေဟာ အကြမ်းဖက်နှိမ်နင်းမှုအသစ်ထဲမှာ ပိတ်မိနေကြတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးနှစ်ဖွဲ့က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ ၂၀၁၇ တုန်းကလည်း ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သိန်းချီထွက်ပြေးခဲ့ကြရတာပါ။
“၃၅ ကနေ ၆၅ နှစ် အထိ။ ကျွန်းလှကိုက စစ်မှုထမ်းဖို့ ၆၀ လောက်လိုတယ်ပေါ့လေ၊ လူ ၆၀ လောက်လိုတယ်ဆိုတော့ သူတို့က ကျွန်းလှမှာတော့ ဖမ်းတာမဟုတ်ဘူး။ ရပ်ကွက်ဥက္ကဋ္ဌကနေ တဆင့် ပြန်ပြီးတော့မှ မဲနှိုက်ခိုင်းမယ့် သဘောမျိုးပေါ့လေ။ ဒီ ကန့်ဘလူမှာကတော့ လူ ၁၀၀ လောက် လိုတယ်ပေါ့။" (ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)
ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က မွန်ပြည်နယ် သတင်းသမားနှစ်ဦးနေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ပါတယ်။
အသက် ၁၀၂ နှစ်အရွယ်အဖွားတယောက် သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် လေထီးခုန်နေတာပါ။ အမြင့်ပေ ၇၀၀၀ ကနေ ကောင်းကင်ထဲဒိုင်ဗင်ထိုးခုန်ဆင်းခဲ့လို့ ဗြိတိန်အသက်အကြီးဆုံး လေထီးခုန်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁၀၀ ပြည့်မွေးနေ့တုန်းကလည်း တနာရီ မိုင် ၁၃၀ အရှိန်နဲ့ ပြိုင်ကားမောင်းခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အကူအညီတွေ ထပ်မံ ပေးသွားမယ်ဆိုတာကို ယာယီ နိုင်ငံခြားရေးဝန်ကြီးက ကတိပြု ပြောဆိုခဲ့တဲ့အတိုင်း လှူဒါန်းတာဖြစ်တဲ့အကြောင်း ထိုင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ် တင်းမာမှုတွေ လျော့ကျဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်