ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းအနီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ဒီကနေ့ ရေတက်နေပါတယ်။ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး၊ ရေဘေးသင့်သူတွေကို စားသောက်ရေးနဲ့ ကယ်ဆယ်ရေးအတွက် ပရဟိတအဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။
စစ်ကောင်စီကလုပ်မယ့် ဘယ်လို ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်သလို၊ ပြည်သူတွေ လက်ရှိကြုံတွေနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေသာ ပိုများလာနိုင်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောလိုက်ပါတယ်။
မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က ရွှေလီမြို့အပါအဝင် နေရာလေးနေရာမှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလေ့ကျင့်နေပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ဘက်ပေါင်းစုံတားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ဖို့ အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဖြစ်တယ်လို့ တရုတ်က ထုတ်ပြန်ပါတယ်။
ဒီအကြမ်းဖက် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေဘက်က အမေရိကန်ပြည်ထောင်စုက ဆက်လက် ရပ်တည်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
နှစ်ဘက် ဒေသဆိုင်ရာ အာဏာပိုင်တွေကြားမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအပြီး အခုလို လက်နက်နဲ့ ကျည်ဆံ အစစ်တွေနဲ့ တရုတ်ပြည့်သူ့ လွှတ်မြောက်ရေး တပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ဒီကနေ့ မနက် ၁နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ၄ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၂ဦးထိခိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြားတိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမှာတော့ စစ်ကောင်စီနဲ့ မွတ်ဆလင်တပ်ဖွဲ့တွေ ဒီရက်ပိုင်း လက်နက်ချအလင်းဝင်တာတွေရှိသလို သေဆုံးသူတွေလည်း အများအပြားရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
အမေရိကန်နိုင်ငံထဲဝင်ရောက်ဖို့ကြိုးစားကြတဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်လာကြသူတွေဟာ Arizona ပြည်နယ် သဲကန္တာရထဲမှာ ဝေဒနာခံစားပြီး အသက်ဆုံးရှုံးရတာတွေနဲ့ ကြုံနေရပါတယ်။ ဒါတွေကို ကူညီကယ်ဆယ်ပေးဖို့ Diane Noonan Pothast ဆိုတဲ့ စေတနာ့ဝန်ထမ်းဟာ သူစွမ်းသလောက်ကူညီပေးနေပါတယ်။
အမေရိကန် ရီပါဗလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း JD Vance တို့သာ ရွေးကောက်ပွဲနိုင်ရင် တနိုင်ငံလုံး ကိုယ်ဝန်ဖျက်ခွင့် ပိတ်ပင်ဖို့ လုပ်မှာ မဟုတ်ဘူးလို့ ဒုသမ္မတလောင်း JD Vance က ပြောလိုက်ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump တို့က သူတို့ရဲ့ စီးပွားရေး မျှော်မှန်းချက်တွေကို ထုတ်ဖော် ပြောဆိုလာကြပြီး နှစ်ဦးစလုံးကတော့ ငွေကြေးဖောင်းပွမှု အရေးကို ကိုင်တွယ်ဖို့နဲ့ အလုပ်သမားတွေ ရတဲ့ ဘောက်ဆူးငွေ အပေါ်မှာ ပြည်ထောင်စု အခွန် မကောက်ရေးတို့ကို ကတိပြုထားကြပါတယ်။
၂၀၂၀ ခုနှစ်ကတည်းက အာရှနွယ်ဖွား အမေရိကန်တွေထဲက မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်ဦးရေဟာ အမေရိကန်မှာအမြန်ဆုံးတိုးလာနေတယ်လို့ Pew သုတေသနစင်တာက ဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ မဲပေးနိုင်တဲ့ အာရှနွယ်ဖွား အမေရိကန် အများဆုံးရှိပြီး သူ့နောက်မှာတော့ နယူးယောက် နဲ့ တက္ကဆက်ပြည်နယ်ရှိပါတယ်။
အစ္စရေးလ်ကို အီရန်နဲ့သူ့အစွယ်အပွားတွေ တိုက်ခိုက်လာနိုင်ခြေရှိနေသေးတယ်လို့ ယုံကြည်ရကြောင်း အစ္စရေးဘက်ကနေ ထောင်နဲ့ချီတဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်ဘနွန်နိုင်ငံအတွင်းက ဟက်ဇ်ဘိုလာအုပ်စုတွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အမေရိကန်ဘက်က ပြောလိုက်ပါတယ်။
ဂျပန်လေပိုင်နက်ထဲ တနင်္လာနေ့က ကျူးကျော်ခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစင်းကို ဂျပန် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရကြောင်းနဲ့ နာဂါဆာကီစီရင်စုထဲက Danjo ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။
ဧရာဝတီတိုင်းထဲက ရေဘေးသင့်ပြည်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က ပြီးခဲ့တဲ့ တပတ်ကစပြီး စားနပ်ရိက္ခာတွေ သွားရောက်ပေးပို့ခဲ့တယ်လို့ WFP နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဒါဟာ ၉ နှစ်အတွင်းဧရာဝတီတိုင်းတွင်း WFP ရဲ့ ပထမဆုံး တုံ့ပြန်ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်လိုက်တယ် လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာ ဒေသတွင်း ကုန်စည် စီးဆင်းမှုတွေကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာကြောင့် လောင်စာဆီနဲ့ ကုန်စည်ရှားပါးမှု ကိုလည်း ကြုံနေရတယ်လို့ဆိုပါတယ်။
ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် ပြီးခဲ့တဲ့လအတွင်း လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် အီရန်အနေနဲ့ သေချာ တွက်ချက်ပြီး မဖြစ်မနေ လက်စားချေသွားမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောပါတယ်။
Telegram တည်ထောင်ဖန်တီးသူ Pavel Durov ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဘာမှ ဖုံးကွယ်ထားတာ မရှိတဲ့အကြောင်း နဲ့ သူတည်ထောင်တဲ့ App ကို အလွဲသုံးစားလုပ်တာနဲ့ ပတ်သက်လို့ ပိုင်ရှင်ကို ဖမ်းဆီးတာဟာ အဓိပ္ပာယ်မရှိတဲ့အကြောင်း Telegram app က ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးဟာ ဩဂုတ် ၂၆ ရက် ဒီကနေ့ မနက်ကစပြီး အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ သတ်မှတ်ထားတဲ့ရက် ပြည့်တဲ့အထိ အကျဉ်းကျခံပြီးဖြစ်တာမို့ ပြန်လွှတ်ပေးဖို့ အစာအငတ်ခံ ဆန္ဒပြနေတာ ဖြစ်တယ်လို့..
ထိုင်းနိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေ ထပ်ပြီး ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်