တိုင်းပြည်အာဏာပြိုကွဲအောင် ကြံစည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဟောင်ကောင်က တက်ကြွလှုပ်ရှားသူ ၄၅ ဦးက လျှော့ပေါ့တဲ့ပြစ်ဒဏ် ကျခံရဖို့အတွက် ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ အပြစ်ရှိကြောင်း နောက်ဆုံး ဝန်ခံထွက်ဆိုလိုက်ကြပါပြီ။
ပုပ်ရဟန်းမင်းကြီး FRANCIS ရဲ့ အာရှ-ပစိဖိတ် လေးနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံကို ဒီနေ့ပဲ ရောက်ရှိခဲ့ပါတယ်။ ခရီးရောက်မဆိုက် အိုးမဲ့အိမ်မဲ့တွေ၊ မိဘမဲ့တွေ၊ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဒီသီတင်းပတ်အစောပိုင်း ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး တနင်္ဂနွေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံမှာ သဘာ၀၀န်းကျင်နဲ့ ဂေဟဗေဒစနစ်ကို ခြိမ်းခြောက်နေတဲ့ ပါးဟက်မဲ တလားပီးယား (Blackchin Tilapia) ငါးအမျိုးအစား ကီလိုဂရမ် ၁.၃ သန်း ကို ဖမ်းဆီးနိုင်ခဲ့ကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
မဲခေါင်မြစ်တွင်း စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ မြန်မာအများအပြားကို ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ကိုယ်တိုင်တွေ့သူတွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ တနင်္လာနေ့က လာအိုနိုင်ငံကနေ မြန်မာပြည်နိုင်ငံဘက်ကို ပြန်လာသူတွေ စက်လှေတိမ်းမှောက်ရာက မြန်မာအများစု အပါအဝင် ၃၀ လောက် ပျောက်ဆုံးနေတာပါ။
မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နန်းတွင်းကို ဒီနေ့အစောပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း မြို့ခံတွေက ကပြောပါတယ်။
Nissan ကားကုမ္ပဏီဟာ ကားအတွင်းပိုင်းအပူချိန်ကို လျှော့ချဖို့နဲ့ စွမ်းအင်အသုံးပြုမှု လျှော့ချဖို့ အအေးခံ ကားသုတ်ဆေး နည်းပညာကို စမ်းသပ်နေပါတယ်။ ဒီကားသုတ်ဆေး စမ်းသပ်မှုအရ အပြင်အပူချိန်အပြင် ကားအတွင်းပိုင်းကိုလည်း ၅ ဒီဂရီဆဲလ်စီရပ် လျှော့ချပေးနိုင်တယ်လို့ ဂျပန်ကားထုတ်လုပ်သူတွေက ဆိုပါတယ်။
သမ္မတ Obama လက်ထက် ပြဌာန်းခဲ့တဲ့ Obamacare ခေါ် တန်ဖိုးနည်းကျန်းမာရေး အာမခံစနစ်ကြောင့် အမေရိကန်ပြည်သူသန်းပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ရနေကြပေမယ့် နောင်တက်လာမယ့် သမ္မတသစ်လက်ထက်မှာ ဒီအစီအစဉ် ဘာဖြစ်မယ်ဆိုတာ အသေအချာ မသိနိုင်သေးပါဘူး။ မဲဆန္ဒရှင်တွေကတော့ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
၁၁ လကြာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေး အပစ်ရပ်သဘောတူညီမှုရအောင် အစိုးရကိုဖိအားပေးနဲ့အနေနဲ့ အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး တနင်္လာနေ့မှာ အထွေထွေသပိတ် ဆင်နွှဲပါတယ်။ အောက်တိုဘာလမှာ စစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း အစိုးရဆန့်ကျင်ရေး အကြီးဆုံးအလုပ်သမား ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။
MNDAA မြန်မာအမျိုးသားမဟာမိတ်တပ်မတော်၊ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ULA/AA အာရက္ခတပ်တော် တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးပါလုပ်ပိုင်ခွင့်အရ အခုလို ကြေညာတာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီနီးယားပြည်နယ်မှာ ရှိတဲ့ အာလင်တန်စစ်သင်္ချိုင်းက ကန့်သတ်ထားတဲ့နေရာမှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump ကို စစ်ပွဲအတွင်းတာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့ရတဲ့ မိသားစုဝင်ရှိတဲ့ ရွှေကြယ် မိသားစုဝင်တချို့က ထောက်ခံလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့ အင်အားထပ်တိုးထားတဲ့ စစ်ကြောင်းနှစ်ကြောင်းဟာ ရွာတွေထဲဝင် မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ရွာခံတွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ ကမ်မလာဟဲရစ် (Kamala Harris) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့နှစ်ဦး အတူပူးပေါင်းပြီး Pennsylvania ပြည်နယ်မှာ မဲဆွယ်ပွဲတခု ဒီနေ့လုပ်သွားဖို့ ရှိနေပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၆ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေး အစိုးရကို ဖိအားပေးနဲ့အနေနဲ့ အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး အထွေထွေသပိတ် ဆင်နွှဲနေပါတယ်။
အမေရိကန်ပြည်သူတွေဟာ ဒီကနေ့ ကျရောက်တဲ့ (Labor Day) အလုပ်သမားနေ့ အားလပ်ရက်ကို နိုင်ငံတဝန်း ဆင်နွှဲနေကြပါတယ်။ နှစ်စဉ် စက်တင်ဘာရဲ့ ပထမဆုံး တနင်္လာနေ့ကို အလုပ်သမားနေ့ အားလပ်ရက်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ် ပြဌာန်းထားတာပါ။
မြန်မာစစ်ကောင်စီက လာမယ့်အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမှာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုသွားမယ်လို့မနေ့ စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားထားတဲ့ ကရင်နီဒေသက သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ မြို့နယ်အသီးသီးမှာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ သူတို့ရောက်ရှိတဲ့ နေရာမှာ နေ့စားအလုပ်လိုက်ရင်း ဝမ်းစာအတွက် ရုန်ကန်ဖြေရှင်းနေကြပေမယ့် စားနပ်ရိက္ခာ လောက်ငှမှုမရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာရှိနေတဲ့ အွန်လိုင်းရာဇတ်ဂိုဏ်းတခုအတွက် သောင်ရင်းမြစ်ကိုဖြတ်ပြီး အင်တာနက်လိုင်းချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံသား အမျိုးသားတဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေထံ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေတင်ပို့ ကြံစည်မှုနဲ့ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) က မီဇိုရမ်းပြည်နယ်မှာ လူ ၁၀ ဦးကို စွဲချက်တင်လိုက်ပါတယ်။
စက်သုံးဆီဆိုင်တွေမှာ တန်းစီ၊ စောင့်ဆိုင်း ဝယ်ယူတာတွေ ဒီရက်ပိုင်း ထပ်ပြီး ဖြစ်လာပါတယ်။ စက်သုံးဆီ မလှောက်ငှတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကားတစီးကို တရက်မှာတကြိမ်ပဲ ဝယ်ယူလို့ရမဲ့ စမတ်ကတ်နဲ့ ရောင်းချမဲ့အစီအစဉ်ကို မကြာခင် လုပ်သွားဖို့ ရှိတယ်လို့ စက်သုံးဆီ တင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်