ယူကရိန်းဘက်က များပြားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုမြို့တော်အနီးက ဓာတ်အားပေး စက်ရုံနဲ့ ရေနံချက်စက်ရုံတွေအပါအဝင် နေရာအများအပြား ထိခိုက်ခဲ့တယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။ ဒါဟာ ယူကရိန်းတိုက်ခိုက်မှု တိုးမြှင့်လာတာပဲလို့လည်း ဆိုပါတယ်။
၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် နာဇီဂျာမနီရဲ့ ကနဦးတိုက်ခိုက်မှု ခံခဲ့ရတဲ့ ပိုလန်နိုင်ငံမှာ တနင်္ဂနွေနေ့အရုဏ်ဦးက အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေရောက်မလာခင်လေးတင် အသတ်ခံခဲ့ရဖွယ်ရှိတဲ့ ဓားစာခံ ၆ ဦးရဲ့ရုပ်အလောင်းတွေ ကို ရရှိခဲ့ပြီးတဲ့နောက် Hamas တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကတိပြုလိုက်ပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာသဲကန္တာရထဲမှာ ခိုအောင်းနေတဲ့ IS အစ္စလမ်မစ် စစ်သွေးကြွတွေကိုနှိမ်နင်းဖို့ အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့တွေ ပူးတွဲစစ်ဆင်ရေး လုပ်နေပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုကနေ IS ၁၅ ဦးသေဆုံးပြီး၊ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုပါတယ်။
စနေ့မနက်အစောပိုင်းကတရုတ် စူးစမ်းရှာဖွေရေး သင်္ဘောတစင်း ဂျပန်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ဂျပန်အစိုးရက ဂျပန်ဆိုင်ရာတရုတ်သံရုံးကနေတဆင့် တရုတ်အစိုးရထံကန့်ကွက်ခဲ့ပါတယ်။
“ သမ္မတ ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေအနေနဲ့၊ ပွင့်လင်းမြင်သာမှု ရှိရှိ မိုက်ကရိုဖုန်းကို တချိန်လုံးဖွင့်ထားပြီး စကားစစ်ထိုးကြရအောင်လို့” ဒုသမ္မတ ကာမလာဟဲရစ်က သူ့ရဲ့ X လူမှုကွန်ယက်မှာရေးသားပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အကြံပေးအဖွဲ့ကတော့ မိုက်ကရိုဖုန်း တပြိုက်နက်တည်း ဖွင့်ထားတာမျိုးမလုပ်ဖို့ အကြံပေးထားပါတယ်။
အာဖဂန်ကနေ အမေရိကန်တပ်တွေပြန်ပြီးရုပ်သိမ်းခဲ့တာ ၃ နှစ်ကြာပြီးတဲ့နောက် တာလီဘန်တွေလက်အောက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ဘဝက စိတ်မချမ်းမြေ့စရာ ပိုများလာတယ်လို့ ဝေဖန်သူတွေ သုံးသပ်ပါတယ်။ VOA အိမ်ဖြူတော် သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြမှုတွေအတွင်း ဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကြားဖြတ်အစိုးရရဲ့ ပန်ကြားမှုကြောင့် အချက်လက်စုံစမ်းရေး အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ပြောပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို လက်နက်တွေပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ပို့ပေးကြဖို့ မဟာမိတ်နိုင်ငံတွေကို အီးယူကာကွယ်ရေးဝန်ကြီးတွေက ဘရပ်ဆဲလ်အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးKuleba ကလည်း ရုရှားပိုင်နက်ထဲ ပစ်မှတ်တွေ ပစ်ခွင့်တားမြစ်ထားတာကို ရုပ်သိမ်းပေးဖို့ပန်ကြားပါတယ်။
လစာငွေ ကျပ်လေးသိန်းကျော်တဲ့ စက်မှုဇုန် အလုပ်သမားတွေကို အခွန်ကောက်ခံဖို့အတွက် စက်ရုံတာဝန်ရှိသူကို စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း ပြည်တွင်း အလုပ်သမား အဖွဲ့အစည်းတွေက ဗွီအိုအေက ပြောပါတယ်။ ဝင်ငွေပမာဏနဲ့ မိသားစု အချက်အလက်အလိုက် စိစစ်မှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
တရုတ်ရဲ့ တိုးလာနေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ တားဆီးကာကွယ်ရေး တိုးမြှင့်နိုင်ဖို့ လာမယ့်နှစ်ထဲ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစားရိတ်ကို အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံချထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ်လ ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ ကာလအတွင်း နေရာ အတော်များများမှာ Secret Service ကို အကူညီပေးရေး အစီစဉ်တွေချမှတ်ဖို့နဲ့ ပံ့ပိုးကူညီဖို့ အမေရိကန် မြောက်ပိုင်းဒေသ စစ်ဌာနချုပ်ကို ကာကွယ်ရေးဝန်ကြီး Austin က ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၉ ရက် ညပိုင်းနဲ့ ၃၀ ရက်မနက်ပိုင်းတို့မှာ ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
ဂါဇာဒေသအသီးသီးမှာ ကလေးငယ်တွေကို ကာကွယ်ဆေးတိုက်ကျွေးခွင့်ပြုရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အသုတ်လိုက် အပစ်ရပ်ဖို့ အစ္စရေးက သဘောတူထားပြီးပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေက ပြောကြားလိုက်တာပါ။
ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီဝင် ၄၄ ဦးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။ စစ်ဆေးခံနေရသူတွေထဲက ၂၅ ယောက်ဟာ လက်ရှိလွှတ်တော် အမတ်တွေ ဖြစ်ကြပြီး ၄၄ ယောက်လုံးဟာ ဖျက်သိမ်းခံခဲ့ရတဲ့ Move Forward ပါတီမှာ အရင်က ပါတီဝင်တွေဖြစ်ကြပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ တို့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် UNESCO အကြီးအကဲ Audrey Azoulay က ရှုတ်ချလိုက်ပါတယ်။
စက်တင်ဘာလ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို ၂ ဆတိုး ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ လက်ရှိနှုန်းထက် အိမ်သုံးအမျိုးအစားရော၊ လုပ်ငန်းသုံးအမျိုးအစားပါ ၂ မျိုးလုံး ၂ ဆကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုမို ပြင်းထန်လာတယ်လို့ AA ဘက်ကပြောပါတယ်။ မောင်တောမှာတော့ ဓာတုအဆိပ်ငွေ့ပါ ဗုံးတွေကို ဒီရက်ပိုင်းအသုံးပြုတိုက်ခိုက်တယ်လို့ AA ဘက်က စွပ်စွဲပါတယ်။
မြန်မာပြည်မြောက်ပိုင်းနဲ့ တရုတ်- မြန်မာနယ်စပ်ဒေသက တရုတ်လူမျိုးတွေအတွက် အန္တရာယ်ဖြစ်နိုင်မယ့် လုပ်ရပ်အားလုံး ရပ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ထဲ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားသူတွေအရေးကို တင်းကြပ်စွာ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်သလို အစ္စရေးအတွက် လက်နက် အထောက်အပံ့ပေးနေတာကိုလည်း ရပ်မှာ မဟုတ်ဘူးလို့ CNN ရုပ်သံ သတင်းဌာနနဲ့ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်