အကျင့်ပျက်ခြစားမှုဒဏ်ကြောင့် နိုင်ငံကနေထွက်ခွာလိုတဲ့ အာဖရိကတိုက်က လူငယ်အရေအတွက်ဟာ ၆၀ % ရှိတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်းတခုမှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းမှာ အာဖရိက ၁၆ နိုင်ငံက လူငယ်ပေါင်း ၅၆၀၀ ကျော်ပါဝင်ဖြေဆိုထားပါတယ်။
အောက်တိုဘာ ၇ ရက် အစ္စရေးကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar နဲ့ အခြားစစ်သွေးကြွတွေကို ရာဇဝတ်ကြောင်းနဲ့ စွဲချက်တင်လိုက်ကြောင်း အမေရိကန် တရားရေးဌာနကပြောပါတယ်။
တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပြီး၊ ဒေါ်လာ ၁.၈ သန်းကျော် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်းကို အင်ဒိုနီးရှားက ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှီသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနာကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ထားရှိပြီးတော့ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်က အစိုးရအဖွဲ့သစ် အမည်စာရင်းကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်တာမှာ စစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ ပါတီဝင်တွေကို ချန်လှပ်ထားခဲ့တာကြောင့် ဒါဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့ထဲ မပါတော့တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆွေးနွေးလိုတဲ့အပေါ် အာရက္ခတပ်တော် AA အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တရားဝင် ဆက်သွယ်တာ မရှိသေးပေမဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသက TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို မနေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသ လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖြတ်သန်းတဲ့ နယ်မြေတလျှောက် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒုဝန်ကြီးချုပ်၊ တရားရေးဝန်ကြီးတို့ အပါအဝင် အစိုးရတာဝန်ရှိသူ အများအပြား နုတ်ထွက်စာ တင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး လစ်လပ်သွားတဲ့နေရာတွေအတွက် မနက်ဖြန်ကြာသပတေးနေ့မှာ အသစ်ခန့်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
လူတွေရဲ့ လက်နဲ့ အချက်ပြတာကို နားလည်၊ တုန့်ပြန်တတ်တဲ့၊ လူတွေကို သိပ်စိတ်ဝင်စားတဲ့ နာမည်ကျော် ထောက်လှမ်းရေးဝေလငါးလေးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ် ရေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပေါလောမျောနေတာကို နော်ဝေရေပြင်မှာ ဩဂုတ်လ ၃၁ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်။
ဂါဇာဒေသတောင်ပိုင်းက ဥမင်လိုဏ်ခေါင်းတခုထဲမှာ အစ္စရေးဓားစာခံ ၆ ယောက် အသတ်ခံထားရတဲ့အလောင်းကို ရှာတွေ့ပြီးတဲ့နောက် အစ္စရေးအစိုးရဖက်က တုန်လှုပ်သွားပြီး ဒေါသတကြီးနဲ့ တုံ့ပြန်ပါတယ်။ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မြန်မြန်မလုပ်နိုင်တဲ့ အစ္စရေးအစိုးရကို တချို့က အပြစ်တင်နေပါတယ်။
ဆွဇ်ဇာလန်နိုင်ငံ Gstaad (ဂတ်ရှ်စတတ်) မြို့ထဲလမ်းတွေမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က နွားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ နှစ်စဉ်ကျင်းပတဲ့ဂတ်ရှ်စတတ် နွားအလှပြ ပွဲတော်ကြောင့်ပါ။ ဒေသခံလယ်သမားတွေက သူတို့ရဲ့ ရောင်စုံနွားအမျိုးမျိုးကို ခေါ်ဆောင်လာတာဖြစ်ပြီး ကမ္ဘာတလွှားက ဧည့်သည်တွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ရွေးကာက်ပွဲ မှန်ကန်ရိုးသားမှုနဲ့ပတ်သက်ပြီး အမေရိကန်အဓိကပါတီကြီး ၂ ရပ်လုံးက စိုးရိမ်နေတယ်လို့ နိုဝင်ဘာရွေးကာက်ပွဲမတိုင်ထုတ်ဖော်ပြောဆိုထားပါတယ်။ မဲဆန္ဒရှင်တွေမှတ်ပုံတင်တာ၊ မဲပေးတာ၊ မဲရေတွက်တာနဲ့ တခြားကိစ္စတွေ ပေါ်လာရင် လုံလုံလောက်လောက် ဖြေရှင်းပေးတာမျိုး မရှိမှာလို့ စိုးရိမ်ချက်တွေ ပါဝင်ပါတယ်။
ဂါဇာက ၁၁ လကြာစစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ဟာမတ်စ်ကြား သဘောတူညီချက်တရပ်ရရှိအောင် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ အပစ်ရပ်ရေး အဆိုပြုချက်တရပ် ရေးဆွဲနေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဆိုပါတယ်။
ယူကရိန်းနိုင်ငံရဲ့ Poltava မြို့ကို ရုရှားက အင်္ဂါနေ့မှာ ဒုံးကျည်နဲ့ပစ်တဲ့အတွက် လူ အနည်းဆုံး ၅၁ ယောက် သေဆုံးခဲ့ပြီး ရာချီ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒါဟာ ၂ နှစ်ခွဲအတွင်းမှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဆွေးနွေးအဖြေရှာဖို့ ရခိုင်ဒေသနယ်မြေတွေကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက ပြောပါတယ်။
“အကျိုးဆက်အနေနဲ့ တရုတ်က ကြားဝင်စေ့စပ်ပြီးတော့ အပစ်အခတ်ရပ်ဖို့ ကြိုးစားနေတဲ့ဟာကို ဒီကြေညာချက်က နင်းခြေ ဖျက်စီးပြီးသား ဖြစ်နေပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို သူ လက်မခံဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်လို့ ကျနော်က အဲလိုပဲ သုံးသပ်ပါတယ်ဗျာ။” (ခိုင်သုခ- အာရက္ခတပ်တော် ပြောခွင့်ရ)
"အရင် 10 %, အခုအသစ်စပြီးယူမယ်ဆိုရင် ၁၃။ down payment ၃၀ ပုံစံမျိုး။ အခု ဗဟိုဘဏ်ကသတ်မှတ်ပေးလိုက်တာ ၁ ရက် ၉ လကစပြီး အရင်က (နှစ်ချင်းဆပ်) OD ချေးငွေတွေဆိုရင် 10 % ကနေ ၂ ထည့်ပေါင်းလိုက်တော့ ၁၂ ဖြစ်သွားတာ။ Home Loan ကအရင်ယူပြီးသားတွေက 12 ပဲ။ လက်ရှိ အသစ်ထပ်ယူမယ်ဆို 13 ။" (အိမ်ရာချေးငွေ ဝန်ဆောင်မှုဌာန)
အောက်တိုဘာတိုက်ခိုက်မှုမှာတုန်းက လက်ပစ်ဗုံးကြောင့် ဖခင်သေဆုံးပြီး၊ ဒဏ်ရာရခဲ့တဲ့ ကလေး ၂ ယောက်ရှေ့မှာ အချိုရည်သောက်နေတဲ့ ဗွီဒီယိုထဲက ဟာမတ်စ်အဖွဲ့ဝင် Ahmed Fozi Wadia ဆိုသူ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တာပါ။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC က ဖမ်းဝရမ်း ထုတ်ထားပေမယ့်လည်း အိမ်ရှင် မွန်ဂိုးလီးယားနိုင်ငံက ဖမ်းပေးမယ့်ပုံမပေါ်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်