တရုတ်က ထိုင်းဈေးကွက်ထဲကို သူ့ရဲ့ ဈေးပေါတဲ့ ကုန်ပစ္စည်းတွေလှိမ့်သွင်းနေတဲ့အတွက် ထိုင်းစီးပွါးရေးကို ထိခိုက်စေတယ်ဆိုတဲ့ ပြောဆိုချက်တွေအတွက် ဘန်ကောက်-တရုတ်သံရုံးက စက်တင်ဘာ ၄ ရက်နေ့မှာ သံရုံးဖေ့စ်ဘုတ်စာမျက်နှာကနေ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။
ယူကရိန်းအစိုးရပိုင်းမှာ သမ္မတ Volodymyr Zelenskyy က အပြောင်းအလဲတွေ လုပ်နေချိန်မှာပဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ အန်ဒရီ စဘီလာ (Andriy Sybiga) ကို ကြာသပတေးနေ့မှာ ယူကရိန်းလွှတ်တော်က နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
အနောက်ဖက်ကမ်းဒေသမှာ ကြာသပတေးနေ့ကတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ အစ္စရေးက ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အနောက်ဖက်ကမ်းဒေသမှာ ကြီးမားတဲ့ ဝင်ရောက်စီးနင်းနေရာကနေ အစ္စရေး- ဟာမတ်စ် စစ်ပွဲပိုကျယ်ပြန့်လာမှာကို ပါလက်စတိုင်းတွေ စိုးရိမ်နေတာပါ။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေက နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ ရွာက နေအိမ်တွေ ၄ ရက်ဆက်တိုက် မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်။
ဘာသာရေးလှုံဆော်မှုတွေကြောင့်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက် သွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ အရှေ့တောင်အာရှက အကြီးဆုံးဗလီခေါင်းဆောင် Nasaruddin Umar တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ Kamala Harris ကို သမ္မတအနိုင်ရဖို့ အားပေးတယ်လို့ ရုရှားသမ္မတ Vladimir Putin ကဒီနေ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား အလားအလာရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လာဖို့မှာ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ကြားဝင် စေ့စပ်သူတွေ ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီနေ့ ပြောလိုက်ပါတယ်။
လာမယ့် ၃ နှစ်အတွင်း အာဖရိကနိုင်ငံတွေကို ဒေါ်လာ သန်း ၅ ထောင်ကျော်ဖိုး ငွေကြေးပံ့ပိုးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင် (Xi Jinping) က ကတိပြုလိုက်ပါတယ်။
စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းတဲ့ အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီနေ့ (စက်တင်ဘာ ၅ ရက်) မနက်ခင်းက ကျင်းပခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ ဒေသခံ စစ်ဘေးရှောင်အများအပြား အရေပြားရောဂါ အဖြစ်များလာကြတယ်လို့ ဒေသတွင်းမှာ ကုသပေးနေတဲ့ ဆရာဝန်နဲ့ ဒေသခံတွေက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် အရေပြားရောဂါအတွက် ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ နောက်တိုး ရိုဟင်ဂျာတွေကို နေရာထိုင်ခင်း မပေးနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရ၊ စားသောက်ဖို့တောင် အခက်ကြုံနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
ဩစတြေးလျနဲ့ ဂျပန်နိုင်ငံကြား စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဖို့ သဘောတူညီလိုက်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝေဟင်နဲ့ ရေပြင်နယ်နိမိတ်တွေထဲကို တရုတ်ဝင်ရောက် လှုပ်ရှားနေတဲ့အပေါ် ၂ နိုင်ငံလုံး စိုးရိမ်နေကြတာနဲ့အတူ ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်သွားဖို့ သဘောတူညီခဲ့ကြတာပါ။
စက်တင်ဘာ ၄ ရက် မနေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဒီနှစ် နွေရာသီက ပူပြင်းလွန်းတာကြောင့် ကင်မ်ချီ ပြုလုပ်တဲ့ မုန်ညင်းဖြူ အထွက်နှုန်း သိသိသာသာ ကျဆင်းလာတဲ့အတွက် ကိုရီးယားရိုးရာ အစားအစာ တမျိုး ကွယ်ပျောက်သွားမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။ REUTERS သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လကျော်သာ လိုပါတော့တယ်။ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြသလို၊ စီးပွားရေးနဲ့ ပတ်သက်လို့လည်း အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ သိမ်းယူထားတဲ့ဒေသတွေမှာ တန်ပြန်ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၃ ရက်နေ့မှာပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြကြပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သြဇာသက်ရောက်နိုင်ရေးအတွက် ရုရှားရဲ့လုပ်ကြံသတင်းဖြန့်ဝေမှုတွေနဲ့ဆက်နွယ်ပြီး ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုတွေ၊ အင်တာနက် domain တွေသိမ်းဆည်းမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အစ္စရေးကို ဒါဇင်နဲ့ချီတဲ့ ရော့ကတ်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံတောင်ပိုင်းက Hezbollah အဖွဲ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က စက်တင်ဘာ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဂျော်ဂျီယာ ပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးပြီး အနည်းဆုံး ၉ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေး ဗျူရိုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲက အပူပိုင်းမုန်တိုင်း ရာဂီ (Yagi) ရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအရှေ့ခြမ်းနဲ့ စစ်ကိုင်းတိုင်းနေရာ တချို့မှာ မိုးစတင်ရွာနေပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း စက်တင်ဘာ ၇ ရက်မှာ လေဖိအားနည်းရပ်ဝန်းကို ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်