နယူးယောက်မြို့ Suffolk မြို့နယ် Long Island အရပ်မှာ မုန်တိုင်းကြောင့် မိုးရေချိန် ၁၁ လက်မနီးပါးရွာချခဲ့လို့ ရှေးဟောင်းစာရွတ်စာတမ်းတွေ သိမ်းဆည်းထားတဲ့ စာကြည့်တိုက် ဆိုးဆိုးရွားရွား ပျက်ဆီးပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး ဆုံးရှုံးခဲ့ရပါတယ်။
အီဂျစ်နိုင်ငံက ကုမ္ပဏီ တခုကတော့ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေသုံးပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး အခင်းပြားတွေ ထုတ်လုပ်နေပါတယ်။ သဘာ၀ ပတ်ဝန်းကျင် ပိုပြီး ထိန်းသိမ်းကာကွယ်နိုင်ရေး အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အစ္စရေး ဟာမတ်စ် စစ်ပွဲ မရပ်စဲနိုင်သ၍ လူအသက်ပေါင်းများစွာ သေကြေပျက်စီးနေဦးမှာ ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတွေကသတိပေးပြောကြားပါတယ်။ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု ခုချိန်ထိမရသေးပေမဲ့လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အသေးစိတ်ကိုမကြာခင်ရက်ပိုင်းတွေအတွင်းထုတ်ပြန်ဖို့ ရှိနေတာပါ။
တောင်ကိုရီးယားနိုင်ငံမှာ နျူကလီးယားလက်နက်ထုတ်မှာမဟုတ်ဘူးလို့ သမ္မတ Yoon Suk Yeol ကတိပြုပြီး နှစ်နှစ်မပြည့်ခင်မှာပဲ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအသစ်က အဲဒီရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ လူသိရှင်ကြားပြောလာပါတယ်။
ဆီးရီးယားနိုင်ငံထဲ အစ္စရေးရဲ့ တနင်္ဂနွေနေ့ညက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးထိတိုးလာပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိတယ်လို့ ဆီးရီးယား ကျန်းမာရေးဌာနက တနင်္လာနေ့မှာပြောပါတယ်။ ဒါဟာ ဂါဇာစစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ ပုံမှန်နည်းလမ်းနဲ့ ဝင်ရောက်လာတာမျိုးမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကို ကိုင်တွယ်ဖို့နဲ့ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့ဆိုပြီး နိုင်ငံနယ်စပ်ဂိတ်အားလုံးကို ယာယီထိန်းချုပ်ဖို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
"အမတို့ နေ့တိုင်းဝယ်နေတဲ့ စျေးနှုန်းကတော့ အရင်တုန်းကတက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေအတိုင်းပဲ၊ ပြန်မကျပေးသေးဘူး။ နည်းနည်းချင်းစီတော့ ပြန်ကျသွားရင်တော့ ကောင်းတာပေါ့နော်။ သူတို့တက်တုန်းကကြတော့ နေ့တိုင်း ရွှေစျေးအပြောင်းအလဲ၊ ဒေါ်လာစျေးအပြောင်းအလဲ ဆိုပြီးတော့ စျေးနေ့တိုင်းတက်တယ်။.." (ရန်ကုန်နေအိမ်ရှင်မတဦး)
“ ဒီမနက်မှာပဲပေါ့နော် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်မှာရှိတဲ့ မယ်ဆိုင်ချောင်း အခုလက်ရှိ စိုးရိမ်ရေမှတ် ရောက်နေပြီးပေါ့နော်။ ဆက်ပြီးတော့ မိုးရွာအုံးမှာဆိုတော့ ထပ်ပြီး တက်လာမယ်အနေအထား မျိုးရှိတယ်။" (ဦးကျော်မိုးထွန်း-မိုးဇလ ဒု-ညွှန်မှူး)
"ဗုံးကြဲတိုက်ခိုက်မှုက ၅ ကြိမ်ရှိသွားပြီ။ သြဂုတ် ၁၃ ရက်ည ၉ နာရီ ၄၅ က ၃ လုံးကြဲတာ တအိမ် တလုံးပျက်စီးတယ်။ သြဂုတ် ၁၄ ရက် ည ၈ ခွဲမှာ ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာ ဘာမှ မရှိဘူး။ ကျောင်းထိုင်ဘုန်းကြီးတော့ထိတယ်။ အခုချိန်ထိ ဒဏ်ရာ ကောင်းကောင်းတောင် မပျောက်သေးဘူး။ အဲ့ဒါ ၁၄ ရက်ည။" (ဆူးရစ်ကုန်းရွာသား)
ဗီယက်နမ်နိုင်ငံမှာ တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် မြစ်ဖြတ်တံတားကြီး ရုတ်တရက်ကျိုးကျတာကို တံတားမကျိုးခင်လေးပဲ ကံသီပြီးလွတ်သွားတဲ့ ကား လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုပုံရိပ်မှာ တွေ့ရပါတယ်။
"စစ်ပွဲအဆုံးသတ်ရေးနဲ့ ဒေသတွင်း ပဋိပက္ခကြီးတခု ဖြစ်မလာအောင် ရှောင်ရှားနိုင်ရေးဟာ အကြွင်းမဲ့ ဦးစားပေးရမယ့် ကိစ္စဖြစ်ပါတယ်။" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဒီကနေ့ပဲ ပြောခဲ့တာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပိုများလာနိုင်တဲ့ နေရပ်စွန့်ခွါ ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယနိုင်ငံတခုမှာပြန်လည်နေရာချထားရေး အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် Muhammad Yunus က တနင်္ဂနွေနေ့က တောင်းဆိုပါတယ်။
ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓါးစာခံတွေပြန်လွတ်မြောက်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်လုပ်နေချိန်မှာပဲ အမေရိကန်အစိုးရအနေနဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ဆက်နွယ်တဲ့ ဟားမစ်ထိပ်တန်းခေါင်းဆောင် ၆ ဦးကို စွဲချက်တင်ထားတာတွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Frincis ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်ရှိပါတယ်။ စက်တင်ဘာ ၂ ရက်ကနေ ၁၃ ရက် အတွင်း အရှေ့တောင်အာရှနဲ့ တောင်ပစိဖိတ်ဒေသ ခရီးစဉ်မှာ အင်ဒိုနီးရှားနဲ့ Papua New Guinea နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အရှေ့တီမောမြို့တော် Dili ကို ခရီးဆက်ခဲ့တာပါ။
နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာ တွေ့ရကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ဒီကနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောဆိုလိုက်တာပါ။
MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၁ ဦးသေ အများအပြား ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ်က အာရက္ခတပ်တော် AA ရဲ့ဆေးကုသရေး စင်တာတခုကိုမနေ့က မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့်လူ ၂၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရှေ့နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက မကြာခင် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက သန်းနဲ့ချီ နေရပ်စွန့်ခွာနေရချိန်မှာ အစီအစဉ်ဟာ လက်တွေ့ကျရဲ့လားဆိုပြီး မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။
ဗင်နီဇွဲလားအတိုက်အခံ သမ္မတကိုယ်စားလှယ်လောင်း Edmundo Gonzalez
ဂါဇာစစ်ပွဲဟာ ၁၂ လကြာကာလထဲ ဝင်ရောက်လာချိန်မှာပဲ ဂါဇာမှာရှိတဲ့ ဟာမတ်စစ်သွေးကြွတွေကို ဆက်ပြီး စစ်ဆင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Nethanyahu က ကြုံးဝါးပြောဆိုပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာဝင်ရိုးတန်း အတွေးအခေါ်နဲ့ အဝိုင်းခံနေရတယ် လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်