တရုတ် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးက နောက်ဆုံးထုတ်လိုက်တဲ့ ၃ ဆင့်ချိုး လက်ကိုင်ဖုန်းက အကော်ဒီယံတူရိယာလို တွန့်ခေါက်လို့ရပြီး ခေါက်ချိုးဖုန်းတွေထဲမှာ ကမ္ဘာ့အသေးဆုံးဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဈေးကတော့ တော်တော်ကြီးတာမို့ လူအများဝယ်သုံးဖို့ မလွယ်ဘူးလို့ ဝေဖန်သူတွေက ပြောနေတာပါ။
ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဒရုန်းတွေကို အဓိကပစ်မှတ်ထား ကြားဖြတ်ဖျက်ဆီးပစ်ချနေကြတဲ့ Kyiv မြို့တော်အနီးက အမျိုးသမီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဟာ သူတို့ကိုယ်သူတို့ Bucha စုန်းမများ လို့ ခေါ်ကြပါတယ်။ ဒီအကြောင်း Anna Kosstutschenko ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
EAST TEMOR မှာ တိုင်းပြည်ရဲ့ လူဦးရေတဝက်နီးနီး ခန့်မှန်း လူ ၆ သိန်းလောက်ဟာ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အင်္ဂါနေ့ ဝတ်ပြု ဆုတောင်းပွဲကို တက်ခဲ့ကြတယ်လို့ ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး ဗာတီကန်က ပြောပါတယ်။ ညနေခင်းဝတ်ပြုဆုတောင်းပွဲမှာ တက်ရောက်သူတွေရဲ့ လက်ကိုင်ဖုန်း အလင်းရောင်တွေနဲ့ လင်းလက်နေကြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာချိန်မှာပဲ အရပ်သားနယ်မြေတွေကိုပစ်မှတ်ထားတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းယူပြီး စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို ပေးပို့သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာပါတယ်။
Khan Younis မြို့အနောက်ဘက် အစ္စရေးကပဲ လူသားချင်း စာနာထောက်ထားရေးဇုံအဖြစ် သတ်မှတ်တဲ့ Mawasi အရပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ လူ အနည်းဆုံး ၁၉ ယောက်သေပြီး ၆၀ ဒဏ်ရကြောင်း ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ပြီး ဒီတိုက်ခိုက်မှု တွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပါတယ်။
မလေးရှားအစိုးရဟာ လအတော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ပြည်ပလုပ်သားခေါ်ယူတဲ့အစီအစဉ်ကို မကြာခင်မှာ ပြန်ပြီးခေါ်ယူသွားဖို့ ပြင်ဆင် နေပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသားတွေအတွက်လည်း အကျုံးဝင်လာမှာ ဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီ လုပ်ငန်းတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၁၃ ရွာက နေအိမ် လေးရာနီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး၊ ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
"ရေစီးသန်လို့ လာကယ်တဲ့လူတွေလည်း သူတို့လှေတွေ မှောက်တဲ့အခါကျတော့ လာကယ်လို့မရ ဖြစ်နေတယ်။ အိမ်အောက်ထပ်က လုံးလုံးမြုပ်နေပြီ။ ဒုတိယထပ်ကတော့ လှေကားနှစ်ထစ်လောက်ပဲ လိုတော့တယ်။ ညီမတို့လည်းတက်တော့မှာ။ ဘေးအိမ်က တထပ်ပဲရှိတာ။ သူတို့က လုံးလုံးမြုပ်သွားတော့ ခေါင်မိုးပေါ်မှာပဲနေ နေရတယ်။" (ရေဘေးသင့်ပြည်သူ)
"လူစုလူဝေးဖြစ်တဲ့နေရာတွေကို စစ်ကောင်စီကရွေးပြီးတော့ တိုက်ခိုက်လျက်ရှိတော့ ကျောင်းတွေက အဓိက တခုပါတယ်ပေါ့နော်။ ကျောင်းတွေမှာ ကလေးအားလုံးက စုနေတဲ့အတွက်ကြောင့်မို့ တစုံတရာတိုက်ခိုက်မှုရှိပြီးဆိုရင် ထိခိုက်သေဆုံးမှုက အရမ်းကို မြင့်တယ်ပေါ့နော်။" (ကိုဗညား-IEC အတွင်းရေးမှူး-၂)
ဖီလာဒဲလ်ဖီးယားမြို့မှာ ကျင်းပမယ့် သမ္မတလောင်းစကားစစ်ထိုးပွဲအတွင်း ပြစ်မှုကျူးလွန်သူအပေါ် စွဲချက်တင်ရာမှာ ကျွမ်းကျင်သူနဲ့ ကိုယ့်အပေါ် စွပ်စွဲလာတာတွေကို ပြောင်းပြန်လှန် ရှောင်လွှဲဖို့ကြိုးစားရာမှာ ကျွမ်းကျင်သူတို့ တဖက်နဲ့ တဖက် အပြင်းအထန် စကားစစ်ထိုးကြနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က တိုင်ဖုန်းမုန်တိုင်း Yagi ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ အနည်းဆုံး ၈၂ ဦးသေဆုံးပြီး ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန် ရေကြီး၊ရေလျှံပြီး လူထောင်နဲ့ချီကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရတာပါ။
မြန်မာ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ မေတ္တာရိပ် သင်ကြားရေး စင်တာတွေကို ပိတ်ပစ်လိုက်တာဟာ ကျောင်းသူ ကျောင်းသားတွေကို ထိုင်း စာသင်ကျောင်းတွေကို ပို့ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို ပျက်ကွက်ခဲ့တဲ့အတွက် ဖြစ်တယ်ဆိုပြီး ဆူရတ်ဌာနီခရိုင် ပညာရေးဌာနက ပြန်လည် ဖြေရှင်းပါတယ်။
ပိုလန်စစ်တပ်အတွင်း ဖေါက်ခွဲရေး ပစ္စည်းတွေ ရှာဖွေရာမှာ အသုံးပြုတဲ့ ဂျာမန် shepherd သိုးထိန်းခွေး ဒတ်ချ် shepherd သိုးထိန်းခွေး နဲ့ ဘယ်လ်ဂျီယံ Malinois အမျိုးအစားခွေး ၄ ကောင်ကို အကြပ်တပ်သား တာဝန် အဆင့်တွေ တရားဝင် ပေးအပ် ဂုဏ်ပြု လိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ မဲဆွယ်စည်းရုံးလို့ သတ်မှတ်ထားကြတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ ၂ ဦးဟာ ဒေသစံတော်ချိန် ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ညမှာ စကားစစ်ထိုးကြတော့မှာပါ။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပေးအပ်ဖို့ အပါအဝင် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ ဥက္ကဋ္ဌ Mirjana Spoljaric က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ တအန်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့က အကျဉ်းစခန်းတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူ ၅၀ ကျော် သေဆုံးကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးကို လက်နက်ပေးပို့ထောက်ပံ့တာကို ဆိုင်းငံထားဖို့ ဗြိတိန်ဆုံးဖြတ်လိုက်တာဟာ နိုင်ငံတကာ ဥပဒေကို လိုက်နာလိုက်နာရမယ့်လိုအပ်ချက်အရ ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ်က ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဖက်ကတော့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို အားဖြည့်ပေးရာရောက်တယ်လို့ တုံ့ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်