အရှေ့အလယ်ပိုင်း ဂါဇာ ကမ်းမြောင်ဒေသက လေကြောင်းတိုက်ခိုက်မှု အပျက်အစီးတွေ ပေါ်မှာပဲ စာသင်ခန်းကို တဲထိုး တည်ဆောက်ပြီး၊ ကလေးတွေကို ပညာသင်ပေးနေကြရပါတယ်။ ဂါဇာမှာ လုံခြုံစိတ်ချတဲ့ နေရာမရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ဆိုပါတယ်။ ဒီလိုအခြေအနေမှာပဲ ပါလက်စတိုင်းကလေးတွေ ပညာသင်နေကြရတာပါ။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ရဲ့ တင်းကျပ်တဲ့ ဥပဒေနဲ့ ကန့်သတ်ချက်တွေကြောင့် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း ပြင်ပမှာအခြေစိုက်တဲ့ အာဖဂန်မီဒီယာတွေက အမျိုးသမီးနဲ့တခြားသူတွေရဲ့အသံတွေကြားနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။
တူရကီဟာ ဥရောပမှာ ရေတပ်အင်အား အကြီးဆုံးနိုင်ငံ တနိုင်ငံ ဖြစ်လာအောင် အကြီးအကျယ် အင်အားတိုးချဲ့နေပါတယ်။ ဒီလုပ်ရပ်ကြောင့် အိမ်နီးချင်း တချို့ကို စိတ်အနှောက်အယှက် ဖြစ်စေပေမယ့် တူရကီကတော့ ဒါဟာ သူ့နိုင်ငံရဲ့ ဒေသအတွက်ထားတဲ့ ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်တာလို့ ပြောနေပါတယ်။
အစ္စရေးလ်က အင်္ဂါနေ့ညပိုင်းနဲ့ ဗုဒ္ဓဟူးနေ့အထိ ဂါဇာကို လေကြောင်းကတိုက်ခိုက်တာမှာ အိုးအိမ်စွန့်ခွာ ပါလက်စတိုင်းမိသားစုတွေ ခိုလှုံရာ ကုလသမဂ္ဂစာသင်ကျောင်းတခုနဲ့ အိမ်နှစ်လုံးကို ထိမှန်ခဲ့ပြီး အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ရတဲ့အထဲ အမျိုးသမီးနဲ့ကလေးငယ် ၁၉ ဦး ပါဝင်ကြောင်း အာဏာပိုင်တို့က ပြောထားပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲ အကျဉ်းစခန်းတခုမှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသား ၁၄၀ ကျော်ဟာ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ အစာငတ်ခံဆန္ဒပြနေကြတယ်လို့ သူတို့ကို အကူအညီပေးနေသူတွေက ပြောပါတယ်။ လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်တာ ကြောင့် အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
"၃ သိန်းကျော်ထဲမှာ အားလုံးမမှန်သေးဘူး။ မှားတာတွေ အများကြီးပါသေးတယ်။ အဲဒီမှားတာတွေလှမ်းပြင်ဖို့က အင်တာနက်ကမရှိဘူးဖြစ်သွားတာ။ သန်းဂဏန်းရှိတယ်ကွာ။ ကချင်ပြည်နယ်က၊ ၃ သိန်းကျော်ဆိုတအားနည်းတယ်။ ဒါဆို ကျန်တဲ့သူတွေ ကရော နိုင်ငံခြား မထွက်ရတော့ဘူးတဲ့လား။ ရခိုင်လည်းအဲလိုပဲ၊ ကချင်လည်း အဲလိုပဲ။" (လဝက တာဝန်ရှိသူ)
al-Qaida အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ ၂၃ နှစ်ပြည့် နယူးယောက် အောက်မေ့ဖွယ်အခမ်းအနားမှာ သမ္မတ Joe Biden။ ဒုသမ္မတ Kamala Harris နဲ့အတူ ပြိုင်ဘက်သမ္မတဟောင်း Donald Trump ၊ နယူးယောက် မြို့တော်ဝန်ဟောင်း Michael Bloomberg တို့ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်မတိုင်ခင် သီတင်း ၃ ပတ်လောက်ပဲလိုတော့ချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က သူရဲ့ ယာယီအသုံးစရိတ် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့မှာ မဲခွဲဖို့ စီစဉ်ထားတာ ဖျက်သိမ်းလိုက်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း Donald Trump သာ အနိုင်ရခဲ့ရင် ရုရှားကို အနုနည်းနဲ့ ချဉ်းကပ်လိမ့်မယ်လို့ ထင်နေကြသလို တချို့ကလည်း ဒီမိုကရက်ကိုယ်စားလှယ်လောင်း Kamala Harris အနိုင်ရခဲ့ရင် ယူကရိန်းကိုပေးနေတဲ့ အကူအညီတွေ နှောင့်နှေး ကြန့်ကြာနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄ ဦးအထိ ရှိသွားပြီး လူနေအိမ် ထောင်နဲ့ချီလည်း ရေတွေ မြုပ်နေတယ်လို့ ထိုင်းအစိုးရက ဒီကနေ့ ပြောကြားလိုက်ပြီး ဘေးသင့်သူတွေကို ကူညီဖို့ စစ်တပ်ကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းမြန်မာနယ်စပ်အနီးက လူဦးရေ ၅၀၀၀ လောက်နေထိုင်ရာ ဒုက္ခသည်စခန်းမှာ မြစ်ရေတက်လာရာက ရေဘေးသင့်နေပါတယ်။ ရေဘေးကြောင့် ဒုက္ခသည်စခန်းက နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီး၊ နောက်ဆက်တွဲ ရေဘေးကြောင့် အရေးပေါ် ဘေးလွတ်ရာ ကယ်ဆယ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက်ရေဘေးသင့်တာကြောင့် ပျောက်ဆုံးနေသူတွေနဲ့ ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ - ICRC ဟာ မြန်မာနိုင်ငံထဲကို စာနာမှုအကူအညီတွေ နယ်စပ်ဖြတ်ကျော် ပို့ပေးနိုင်ရေးအတွက် စစ်ကောင်စီ၊ အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ပြောလိုက်ပါတယ်။
စင်ကာပူယဉ်ကျေးမှုဝန်ကြီး Edwin Tong အပါအဝင် စင်ကာပူအကြီးတန်းအရာရှိတွေက ချန်ဂီလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေး ၄ ယောက်က စင်ကာပူနိုင်ငံရဲ့ တရားဝင်ဘာသာစကားတွေဖြစ်တဲ့ မလေး၊ အင်္ဂလိပ်၊ တမီးလ်နဲ့ မန်ဒရင်း တရုတ်ဘာသာစကားတွေအသီးသီးနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည် ၁၈,၀၀၀ လောက် ရှိခဲ့တာကြောင့် နယ်စပ်ဒေသ တလျှောက်ကို လုံခြုံရေးတိုးပြီး စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်း နာမည်ကြီး Pop အဆိုတော် Taylor Swift ဟာ အင်္ဂါနေ့ညက လုပ်ခဲ့တဲ့ အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအပြီးမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။
Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ ဒေသစံတော်ချိန် စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီမှာ ပြုလုပ်တဲ့ စကားမတိုင်ခင်အထိ တကြိမ်မှ မတွေ့ဖူးခဲ့ကြပေမယ့် အခမ်းအနားအစမှာ လက်ဆွဲ နှုတ်ဆက်ကြပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ရဲ့ တချို့နေရာတွေမှာ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပြင်းထန်နေတဲ့အတွက်ကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ၅ ရက်ကြာဖြတ်တောက်လိုက်သလို၊ အကန့်အသတ်မရှိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
တူရကီနိုင်ငံမှာ ခွေးလေခွေးလွင့်တွေကို လမ်းမပေါ်တွေကနေ ဖယ်ရှားဖို့ ဥပဒေသစ်အတည်ပြုလိုက်တာကြောင့် လမ်းဘေးခွေးတွေကို နိုင်ငံရပ်ခြား နေအိမ်တွေကနေ မွေးစားဖို့ တောင်းဆိုတာတွေဟာ အရှိန်မြင့်လို့နေပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပါမယ်။
နယူးယောက်မြို့ တိုက်ခိုက်ခံရတဲ့ အမွှာမျှော်စင်နေရာမှာ ပြန်တည်ဆောက်ထားတဲ့ ပြတိုက်က လွန်ခဲ့တဲ့ ၂၃ နှစ်ကတိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို မှတ်တမ်းတင်ဂုဏ်ပြုတာအပြင် တိုက်ခိုက်မှုနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်ကို အများသိရှိစေဖို့ ရည်ရွယ်ချက်နဲ့ပါ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်