မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အရင်က လှို့ဝှက်ထားတဲ့ ယူရေနီယံထုတ် စက်ရုံကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သွားရောက် ကြည့်ရှုပြီး နျူကလီးယားလက်နက်တွေ အတိုင်းအဆမရှိ တိုးမြင့် ထုတ်လုပ်နိုင်အောင် ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးနေပြီး ၃၃ ယောက်ထက် မနည်းသေဆုံးတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ နေရာတော်တော်များများမှာ ရေဘေးဒဏ်သင့်နေတာမှာ ဒီနေ့ ရန်ကုန် မန္တလေးလမ်းတွေ ပိတ်ထားရတဲ့အထိ ရေကြီးနေပါတယ်။
ကရင်နီဒေသမှာ ရေကြီးတဲ့အရှိန်ကြောင့် ၂၄ ဦးသေဆုံးခဲ့ပြီး မြို့နယ် ၅ ခုမှာ လူဦးရေ ၃၀၀၀၀ နီးပါး ရေဘေးဒဏ် သင့်နေပါတယ်။ မြေပြိုကျပြီး လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်နေပါတယ်။ ရေဘေးအကူညအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှဒေသတဝန်း Yagi တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် လူ့အသက်တွေ သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သတင်းပေးပို့တဲ့ သတင်းသမား ၄ ယောက် အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ အသေအပျောက် အများဆုံး နှစ်ဖြစ်ကြောင်း စက်တင်တာ ၁၃ ရက်ထုတ် သတင်းစာမှာ ဆောင်းပါးရှည်နဲ့ ရေးသားဖော်ပြခဲ့တာပါ။
ဂျော်ဂျီယာနိုင်ငံက အမျိုးသား Gakheladze ဟာ ရေပေါ်မှာ ဆိုင်ကယ်စီးပြနိုင်ဖို့ တနှစ်ခွဲလောက် ပြင်ဆင်၊ ၆ လလောက်လည်း ရေပေါ်ဆိုင်ကယ်စီး လေ့ကျင့်နေခဲ့ရပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာ သူနဲ့အတူ ဝိုင်းဝန်းလုပ်ဆောင်တဲ့ တဖွဲ့လုံးရဲ့ အားထုတ်မှုကြောင့်ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
မကြာသေးမီကဘဲ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာတဲ့ ဗီယက်နမ်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်တိုးလာနေတဲ့ အတွက်လူဝင်မှုကြီးကြပ်ရေးကိစ္စတရပ်အနေနဲ့ အခုလိုရွေးကောက်ပွဲကာလမှာ ဆွေးနွေးပြောဆိုစရာဖြစ်လာပါတယ်။
အမေရိကန်၊ Australia၊ ဂျပန်နဲ့အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စက်တင်ဘာလ ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ်မှာ ကျင်းပမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ပါလက်စတိုင်းဒုက္ခသည်တွေခိုလှုံနေတဲ့ ကုလသမဂ္ဂကျောင်းဝင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ကုလဝန်ထမ်း ၆ ဦး အပါ ၁၈ ဦးသေဆုံးပြီးနောက်တနေ့မှာပဲ ဂါဇာက လူသားစာနာမှုကူညီနေတဲ့နေရာတွေကိုကာကွယ်ပေးဖို့ ဆက်လက်ဖိအားပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ဝါဆောက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တာ အတွက် အထူး အံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြေညာချက်ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ဩဂုတ်လကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေကြောင့် ဩဂုတ်လကစလို့ အနည်းဆုံး လူပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပ ၃ နိုင်ငံ ခရီးထွက်နေတဲ့ ဝန်ကြီး Blinken ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် ပိုလန်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးအပြင် သမ္မတ Andrzej Duda နဲ့လည်း အစောပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Donald Tusk နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတွေကို ကျောင်းသားဗီဇာနဲ့ ရေတိုသင်တန်းတွေတက်နေသူတွေရဲ့ PE အမျိုးအစား နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်သွားရင် ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်း ပျော်ဘွယ် စတဲ့မြို့တွေက ကျေးရွာတွေမှာ ရေနစ်မြှုပ်တာကြောင့် ၂၀ ဦးထက်မနည်းသေဆုံးပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရေဘေးသင့်နေပါတယ်။ ရေပြန်ကျနေပေမယ့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း ၆ ဦး မနေ့က သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် အကြီးအကျယ် ဒေါသထွက်မိတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borell ဒီနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကြုံခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့ မနေ့က တက်ရောက်ပါတယ်။
"မိသားစုတွေ အကြွေးတင်နေတဲ့အခက်အခဲတွေ၊ ဝင်ငွေ၊ နေစရိတ် စားစရိတ်ကိစ္စတွေ၊ လူမှုဖူလုံရေးနဲ့ ဘေးကင်းစွာနေထိုင်နိုင်ရေးလို ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်" လို့ ထိုင်းဝန်ကြီးချုပ်သစ်က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေကြီးနေမှုအတွင်း သေဆုံးသူ ၂၀ ယောက်ထက်မနည်းရှိသွားပြီလို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ လောလောဆယ်အထိ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ၁၇ ယောက်၊ ပျော်ဘွယ်မှာ ၃ ယောက် သေဆုံးတယ်လို့ မီးသတ်တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။
“ နောက်ပြီးတော့ ဆိုင်းတောင်လူနေရပ်ကွက်ထဲမှာ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်တယ်။ အဲဒါကြောင့် လူနေရပ်ကွက်မှာ မီးလောင်နေတယ်။ နေ့လည်လောက်ကတည်းကနေတော့ လေကြောင်းနဲ့လည်း လာပြီးမှ ဗုံးကြဲတာ။ ဒါကြောင့် ဆိုင်းတောင်မှာကတော့ လူနေရပ်ကွက်ထဲမှာ လူနေ ပြည်သူလူထုတွေ နေအိမ်က တော်တော်များများ မီးလောင်တာဖြစ်ပါတယ်။”
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသမှာ ခုရက်ပိုင်း မိုးရွာသွန်းတဲ့ အရှိန်ကြောင့် စစ်ရှောင်စခန်းတွေမှာ ရေကြီးနစ်မြှုပ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲ မြစ်ချောင်းဘေးနဲ့ အနိမ့်ပိုင်းဘက် နေထိုင်တဲ့ ရွာသူရွာသားတွေနဲ့ စစ်ရှောင် လူဦးရေ ၅,၀၀၀ လောက် ရေဘေးသင့်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်