ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရွာတဝိုက်ကို မနေ့ညနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်က အတည်ပြု ပြောဆိုပါတယ်။
ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ လတ်တလော ကြုံနေရတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတွေမှာ အဆိပ်ပြင်းတဲ့ မြွေကိုက်တာတွေ တိုးလာနိုင်ပြီး မြွေဆိပ်ဖြေဆေး မလုံလောက်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်တာကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင်နဲ့ ထိုင်း မြန်မာနယ်စပ် တည်ငြိမ်ရေးကို လိုလားတဲ့ ထိုင်းနိုင်ငံအနေနဲ့ အာရှလမ်းမကြီး ပြန်လည်ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံထဲက စစ်ပွဲတွေဖြစ်နေတဲ့ ဘက်အားလုံးနဲ့ အတူတွဲဆောင်ရွက်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂရန်ဖုန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း မုန်တိုင်းဒဏ်သင့် မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ၂၆၈ ဦးသေဆုံးပြီး ၈၈ ယောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုကော်မတီက စာရင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ Airbus လေယာဉ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး တရုတ်လေကြောင်းထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC)ကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေရပ်တန့်အောင် ဖိအားပေးဖို့ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက အစီရင်ခံစာသစ်တစောင်ထုတ်တောင်းဆို လိုက်ပါတယ်။
အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေဟာ အရှေ့အလယ်ပိုင်းအရေးကိစ္စကိုဆွေးနွေးဖို့ ပဲရစ်မြို့မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရဖို့နဲ့ အစ္စရေး လက်ဘနွန် နယ်စပ်တင်းမာမှုတွေကနေ ပဋိပက္ခတွေ ပိုကြီးထွားမလာအောင် ကာကွယ်တဲ့အနေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက လက်နက်တိုက်အပါအဝင် Hezbollah အဖွဲ့ရဲ့ နေရာ ၇ ခုကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ လက်ဘနွန်က Hezbollah အဖွဲ့အပေါ် စစ်မျက်နှာသစ်ဖွင့်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်မှာ ခုလိုတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။
စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကရင်နီ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးသလို ထိရောက်တဲ့ အကူအညီတွေလည်း မရသေးဘူးလို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကော်ဖီစိုက်ခင်းတွေမှာနေထိုင်ကြတဲ့ ဆင်ရိုင်းတွေရဲ့ ပုံပန်းသဏ္ဍာန်ကို အခြေခံပြီး ဖန်တီးပြုလုပ်ထားတဲ့ ဆင်ရုပ်တု အကောင်ရေ ၁၀၀ ကို နယူးယောက်မြို့ အနီးနားမှာ ပြသထားပါတယ်။
တရုတ်နိုင်ငံရှင်ကျန်းဒေသမှာ ဝီဂါလူနည်းစုတွေ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောဆိုတာမမှန်ဘဲ ရှင်ကျန်းပြည်သူတွေဟာ ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာ ရှိကြတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။ ဒီအကြောင်း အချက်အလက် အခြေခံ မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်မှာ တင်ဆက်ထားပါတယ်။
တရုတ်ထိန်းချုပ်တဲ့ အင်တာနက်ထိုးဖောက်ဝင်ရောက်သူဟက်ကာတွေက အမေရိကန် အခြေခံအဆောက်အဦတွေ၊ နောက် အင်တာနက် ချိတ်ဆက်ပစ္စည်းမျိုးစုံကို ထိုးဖောက်ထိန်းချုပ်ရေး botnet လှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာမှာ အမေရိကန်က ဖော်ထုတ်နှိမ်နင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် ဘော်လ်တီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်သင်္ဘောပိုင်ရှင်နဲ့ မန်နေဂျာတို့ကို ဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်ရေးနဲ့ ရေအောက်က အပျက်အစီးတွေကိုရှင်းလင်းဖို့ အစိုးရက ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့ရတာ ပြန်ရဖို့ အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုထပ်ဖြစ်တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၄၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ Hezbollah စစ်သွေးကြွတွေသုံးတဲ့ လမ်းလျှောက်စကားပြောစက် (walkie-talkie) တွေကို အဝေးကနေ ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။
အလှမ်းဝေးတဲ့ရေဘေးသင့်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက အဝေးထိန်း ဒရုန်းတွေသုံးပြီး ပို့ပေးနေပေမဲ့ အလေးချိန်က အကန့်အသတ်ရှိလို့ အရေးပေါ်လိုအပ်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုသာ ဦးစားပေးနေရကြောင်း ကရင်နီပြည် ကြားကာလ လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေး အဖွဲ့ (KHAI) ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
"စကစ ဝင်းထဲလည်း သူတို့သွားတယ်။ ထောက်ပို့ဘာညာလုပ်တာတွေတို့။ သေဆုံးသူတွေ ဘယ်သူပါမှန်းမသိဘူး။ မိုင်းထောင်ထားတာကို။ လာတော့ မိုင်းဆွဲလိုက်တော့ အဲ့ဘက်ကလည်း ပြန်လည်ခုခံပစ်တာဆိုတော့ အဲမှာတင် ထိတွေ့တိုက်ပွဲဖြစ်တာ။ သေနတ်နှစ်လက်လည်း ရတယ်။ ပါလာတဲ့သူအကုန်လုံးလည်း သေဆုံးသွားတယ်ပေါ့။" (စစ်ကိုင်းပကဖ)
အမေရိပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသတွင်း ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် မဟာမိတ် လက်တွဲဖက် နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မကြာသေးခင်နှစ်တွေအတွင်း ပိုပြီး နက်နက်ရှိုင်းရှိုင်းတိုး ဆောင်ရွက်လာခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံမှာ Hezbollah အဖွဲ့ဝင် အများစုကိုင်ဆောင်တဲ့ Pager အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ မနေ့ စက်တင်ဘာ ၁၇ ရက်နေ့က တပြိုင်တည်း ပေါက်ကွဲတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး၊ ၂,၈၀၀ ဒဏ်ရာရသွားခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စရေးရဲ့ လက်ချက်လို့ Hezbollah နဲ့ လက်ဘနွန်အစိုးရတို့က စွပ်စွဲလိုက်ပါတယ်။
ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ဟာ တနင်္ဂနွေနေ့က ဒုတိယအကြိမ် လုပ်ကြံခံရပြီးနောက် မနေ့ အင်္ဂါနေ့က မဲဆွယ် စည်းရုံးပွဲ ခရီးစဉ်တွေ ပြန်ထွက်နေပါပြီ။
ဝန်ကြီး Blinken ဟာ ဒီနေ့ပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာနယ်စပ်လုံခြုံရေးနဲ့ ပါလက်စတိုင်းဘက်ခြမ်းမှ Rafah ဒေသ ဖြတ်ကျော်စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ဘယ်အပြောင်းအလဲကိုမှာ လက်ခံမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံရသူတွေအပေါ် အာဏာပိုင်တွေက လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကျုးလွန်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၈၅၃ ယောက်ထက်မနည်း အချုပ်ထောင်ထဲမှာသေဆုံးခဲ့တဲ့အချက်အလက်ရရှိကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်