လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်နီဒေသမှာ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်ကာကွယ်ပေးဖို့ ကရင်နီလူငယ်ကျောင်းဆရာ၊ ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ရေဘေးဒဏ်အပါအဝင် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေအတွက် ဆုတောင်း မေတ္တာ ပို့ပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက ရေဘေးသင့် ဒေသတခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးမှာ အခုချိန်ထိ ရေပြန်မကျသေးလို့ စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ရေမြုပ်လို့ အိမ်မပြန်နိုင်သေးသူတွေ ရှိသလို၊ သွားလာရခက်ခဲတဲ့ တချို့ရွာတွေအတွက်လည်း သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတာပါ။
မြန်မာနိုင်ငံက ရေလွှမ်းနေတဲ့ဒေသတွေက ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ အမြန်ဆုံး ပို့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က စီစဉ်နေပါတယ်။ ဒါဟာ ဇူလိုင်လကတည်းက ရေဘေး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကနေ အရှိန်မြင့် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ဒါဇင်နဲ့ချီရှိခဲ့ပြီး နေအိမ်ရာချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်ကြရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ အပါအဝင် ဖြစ်ခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် ရေဘေးဒုက္ခသည် ၁၅၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စေတနာ့ရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေကို စားမိရာက အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။
တရုတ်တက္ကသိုလ်တွေမှာ တက်နေတဲ့ အမေရိကန်ကျောင်းသားတချို့ရှိပေမဲ့ အမေရိကန်တက္ကသိုလ်တွေမှာ လာတက်နေတဲ့ တရုတ်ကျောင်းသားအရေအတွက်နဲ့ ယှဉ်ရင် အလွန်ကိုနည်းပါးပါတယ်။ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေအကြောင်း Katherine Michaelson သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
စားသောက်ကုန် ထုပ်ပိုးပြင်ဆင်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်း ၃,၆၀၀ ကျော်ကို လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာတွေ့ရှိရပြီး တချို့က ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ အင်္ဂါနေ့မှာ ထွက်လာတဲ့လေ့လာချက်တခုက ဆိုပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေဟာ ထုတ်လုပ်ရေးဖြစ်စဥ် ကလည်းလာနိုင်သလို မီးဖိုချောင်တွေကလည်း လာနိုင်ပါတယ်။
မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်တဲ့တိုင်းပြည်တချို့မှာ ရေကြီးတာကြောင့် မြေကိုက်တဲ့အန္တရာယ်က ပိုကြီးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ နှစ်တိုင်း လူ ၂ သန်း ၇ သိန်း လောက် မြွေကိုက်ခံနေကြရပြီး ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးနေရတယ်လို့ WHO က ခန့်မှန်းပါတယ်။
နိုင်ငံရေးအရ ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီးပျံသန်းတဲ့ အမေရိကန်လေယာဥ်ကို တရုတ်တိုက်လေယာဥ်တွေက နောက်ကနေ ကပ်လိုက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်းဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကာကွယ်မယ်လို့လည်း တရုတ်စစ်တပ်က ပြောလိုက်ပါတယ်။
ဂါဇာ အပစ်ရပ်သဘောတူညီချက်ရဖို့ အစ္စရေးနဲ့ ဟာမတ်စ်ကို ဖိအားပိုပေးကြဖို့၊ အောက်တိုဘာ ၇ ရက် ဟာမတ်စ်က အစ္စရေးကိုဝင်တိုက်တာ နှစ်ပတ်လည်ဖို့ နီးလာတဲ့အတိုင်း အစ္စရေးဓားစာခံတွေ နဲ့ ဂါဇာလူထုက မစောင့်နိုင်ကြတော့ဘူးလို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက် ဘိုရဲလ်က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ ပေဂျာ (Pager) လို့ခေါ်တဲ့ အရေးပေါ် အချက်ပေးသတင်းပို့ကိရိယာတွေ အင်္ဂါနေ့က တပြိုင်တည်းပေါက်ကွဲလို့ ၈ ယောက်သေ ၂,၇၀၀ ဒဏ်ရာရသွားခဲ့ကြတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးကပြောသလို ဒဏ်ရာရသူတွေထဲ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေလည်းပါပြီး အစ္စရေးရဲ့ လက်ချက်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။
Kamala Harris နဲ့ Donald Trump တို့ ရွေးကောက်ပွဲမတိုင်ခင် ၂ လ အလို စကားစစ်ထိုးပွဲ စင်မြင့်မှာ တွေ့ကြတဲ့အခါ စီးပွားရေး အကောက်ခွန် ကိစ္စကနေ ယူကရိန်း ကိစ္စ အဆုံး အမြင်မတူတာတွေကို ပြောဆိုခဲ့ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေး ကိစ္စမှာတော့ ပိုပြီး မတူတဲ့ ရပ်တည်ချက်တွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအခြေအနေတွ ကျဆင်းလာတယ်လို့ အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
Yagi မုန်တိုင်းကြောင့်မြန်မာနိုင်ငံတဝန်းမှာ ရေကြီးရေလျှံ ၊ မြေပြိုတာတွေရှိခဲ့ပြီးတဲ့နောက် ကျွဲနွား တိရိစ္ဆာန်တွေအပြင် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီးရေဘေးသင့်သူတွေအကူအညီတွေ လိုအပ်နေတာပါ။ ဖျားနာသူတွေရှိပြီး ဆေးဝါးအကူအညီတွေလိုအပ်နေသလိုအကူအညီမလုံလောက်တာတွေရှိတယ်လို့ စေတနာအလှူရှင်တွေကလည်း ပြောကြပါတယ်။
သောက်သုံးရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက် အထောက်အကူပြု ပစ္စည်းတွေနဲ့ တခြား အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီအလိုအပ်ဆုံး သူတွေထံ ပေးပို့ရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အမေရိကန်သံရုံး ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
သမ္မတဟောင်း Donald Trump ကို နောက်တကြိမ် လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်တွေ၊ ဖော်ပြချက်တွေကို စုံစမ်းစစ်ဆေးသူတွေ မွှေနှောက်ရှာဖွေနေကြပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို ဒုတိယအကြိမ် လုပ်ကြံဖို့ကြိုးစားတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ ထပ်မံ မေးခွန်းထုတ်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်