ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဖားကန့်မြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်လို့ ဒေသခံတွေ တိမ်းရှောင်တာတွေရှိနေကြပါတယ်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်တပျက်ရေကြီး ရေလျှံမှုဒဏ်ကို လူပေါင်း ၉ သိန်းဝန်းကျင်ခံစားခဲ့ရပြီး သေဆုံးရသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က စက်တင်ဘာ ၂၀ သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရသူ ၅ ဦးကို ဒီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက်မှာ APHR အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်လိုက်တာပါ။ ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွင်း ပါဝင်တယ်ဆိုပြီးစွပ်စွဲချက်နဲ့ သေဒဏ်ပေးထားတာပါ။
လက်ဘနွန်နိုင်ငံ Beirut (ဘေရွတ်) မြို့တော်မှာ ဒီနေ့ ပစ်မှတ်ထား တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ အစ္စရေးနိုင်ငံဘက်ကို ပစ်ဖို့ ချိန်ထားတဲ့ Hezbollah တို့ရဲ့ ဒုံးပစ်စင်ရာနဲ့ချီကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အစောပိုင်းတုန်းကလည်း ပြောပြပါတယ်။
EU ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ဟာ ဒီနေ့ သောကြာနေ့မှာ ယူကရိန်းနိုင်ငံကို ရောက်သွားပြီး EU အနေနဲ့ ဆောင်တွင်းကာလ ယူကရိန်းကို ကူညီထောက်ပံ့မယ့် အကြောင်းတွေ ဆွေးနွေးမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ လူစည်ကားတဲ့ လမ်းမပေါ်မှာ စက်တင်ဘာလ (၁၉) ရက် ကြာသပတေးနေ့က လူငယ် အယောက် ၂၀ လောက် စုဝေးပြီး ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ လျှပ်တစ်ပြက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
Yagi (ရာဂီ) မုန်တိုင်းကြောင့် အရေးပေါ် အကူအညီလိုနေသူတွေအတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေတယ်လို့ အမေရိကန် သံရုံးရဲ့ Facebook စာမျက်နှာမှာထုတ်ပြန်ထားတာပါ။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ Yagi မုန်တိုင်းကြောင့် ရေကြီး မြေပြိုမှုအတွင်း ကလေးငယ် ၆ သန်းနီးပါး ဒုက္ခရောက်နေကြတယ်လို့ ကလေးငယ်များ ကူညီစောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNICEF က ပြောကြားပါတယ်။
Facebook နဲ့ Instagram လူမှုကွန်ရက်မီဒီယာတွေပိုင်တဲ့ Meta ကုမ္ပဏီက အသက် ၁၈ နှစ်အောက် (ဆယ်ကျော်သက်)အရွယ် အသုံးပြုသူတွေရဲ့ အကောင့်တွေမှာ ပိုကောင်းမွန်တဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှုနဲ့ အုပ်ထိန်းသူမိဘကထိန်းချုပ်နိုင်ခွင့်တွေကို ထည့်သွင်းလိုက်ပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုရော ၊ လောင်စာစွမ်းအင် စားရိတ်ကိုပါ သက်သာစေမယ့် ရေပေါ်လျှပ်ပြေးတဲ့ လျှပ်စစ်မော်တော်ဘုတ် တမျိုးကို ဆွီဒင်နိုင်ငံက တီထွင်လိုက်ပါတယ်။ REUTERS သတင်းဆောင်းပါးပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
Feeding America ရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံသားတွေဟာ အစားအစာ ၁၄၅ ဘီလီယံ ပမာဏနဲ့ညီမျှတဲ့ အစားအသောက် ကီလိုဂရမ် ၄၁ ဘီလီယံလောက်ကို နှစ်စဥ်ဖြုန်းတီးနေကြတယ်လို့ဆိုလာပါတယ်။ ဒါပေမယ့် ခေတ်မှီနည်းပညာတွေကို အသုံးပြုပြီးတော့ အစားအစာ လိုအပ်သူတွေဆီကို သေချာပေါက်ရောက်မယ့်နည်းလမ်းသစ်တချို့လည်းရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုက အင်တာနက် အွန်လိုင်းနဲ့ဆိုင်တဲ့ တည်ဆဲ ဥပဒေတွေအပေါ် နိုင်ငံရေးပါတီအသီးသီးက မေးခွန်း ထုတ်လာနေကြပါတယ်။ ဒီကိစ္စအပေါ် အခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ Kamala Harris နဲ့ Donald Trump တို့ ဘယ်လို ရှုမြင်နေကြပါသလဲ။
ရုရှားအစိုးရသတင်းဌာနတွေနဲ့ ဝန်ထမ်းတချို့ ကန်ရွေးကောက်ပွဲကို သတင်းမှားတွေနဲ့ စွက်ဖက်ဖို့ လုပ်ဆောင်တယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်တာလို့ ရုရှားက တုန့်ပြန်ပါတယ်။ ဒီအကြောင်း အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ပိုလီဂရပ်ဖ်မှာ တင်ပြထားပါတယ်။
ယူကရိန်းကို စွမ်းအင်ရံပုံငွေ ဒေါ်လာ သန်း ၁၈၀ ပေးမှာဖြစ်ကြောင်း ဒီအထဲက ဒေါ်လာ ၁၁၁ သန်းဟာ ရုရှားဆီထိန်းချုပ်ထားတဲ့ငွေတွေဖြစ်ပြီးရုရှားတိုက်ခိုက်ခံရတဲ့ ယူကရိန်းရဲ့လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ဆောင်းမဝင်ခင် ပြင်းထန်တဲ့အအေးဒဏ်ရင်ဆိုင်နိုင်ဖို့ပေးမှာဖြစ်ကြောင်းEU- ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
စစ်ကောင်စီအတွက် လက်နက်တွေနဲ့ လောင်စာဆီတင်ပို့ပေးတာတွေ ရပ်ဆိုင်းသွားတာမြင်ချင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Barbara Woodward က စက်တင်ဘာ ၁၉ ရက် ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ စက်တင်ဘာ ၂၆ ရက်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သမ္မတအိမ်ဖြူမှာတွေ့ဆုံပြီး ယူကရိန်း- ရုရှား စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိကြောင်းနဲ့ ယူကရိန်းသမ္မတဟာ ဒုသမ္မတဟဲရစ်နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
၂၀၂၄ CJP ကပေးတဲဲ့ သတင်းလွတ်လပ်ခွင့်ဆုရသူတွေဟာ သြဂုတ်လ အကျဉ်းသားလဲလှယ်ရေးအစီအစဥ်နဲ့ ပြန်လွတ်လာတဲ့ VOA- Radio Free Europe/Radio Liberty in Prague ဌာခွဲအယ်ဒီတာ Alsu Kurmasheva၊ ပါလက်စတိုင်းသတင်းထောက် Shrouq Al Aila, ဂွာတီမာလာသတင်းထောက် Quimy de León နဲ့ နိုင်ဂျေးသတင်းထောက် Samira Sabou တို့ ဖြစ်ပါတယ်။
"၂၀ ရက်ည ၁၁ နာရီက ၂၁ ရက်မနက် ၈ နာရီကြား မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ မိုးနဲ့အတူ လေပြင်း အနည်းငယ်ရှိတယ်။ ၂၂ ရက်မှာတော့ ရခိုင်ပြည်နယ် မြေပုံနဲ့ ကျောက်ဖြူကြားကဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲဆင်းပြီး လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့် ဖြစ်နိုင်တယ်။"(ဦးဝေဖြိုးဟန်)
လက်ဘနွန်နိုင်ငံ ဟက်ဇဘိုလာ စစ်သွေးကြွတွေကို ဦးတည်တိုက်ခိုက်တဲ့ ဒုတိယအကြိမ် ပေါက်ကွဲမှုတွေမှာ လူ အနည်းဆုံး ၁၄ ဦး သေဆုံးပြီး အမြောက်အများဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေ ဖော်ပြပါတယ်။ စကားပြောဆက်သွယ်ရေးစက်တွေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဟက်ဇဘိုလာဘက်ကတော့ ဒီအတွက်လက်စားချေမယ်လို့ ကြုံးဝါးနေပါတယ်။
Yagi မုန်တိုင်းကြောင့် ထိခိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီ ယူရိုငွေ ၁.၂ သန်းထောက်ပံ့မယ်လို့ EU ဥရောပသမဂ္ဂက ဒီနေ့ ကြေညာပါတယ်။ Yagi မုန်တိုင်းဒဏ် ခံနေရတဲ့ အာရှနိုင်ငံတွေအတွက်ပေးမယ့် ပမာဏမှာ မြန်မာနိုင်ငံက အများဆုံးရမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်