နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ တရားပွဲကို အိန္ဒိယနိုင်ငံ ဟီမာချာလ် ပရာဒက်ချ် ပြည်နယ်၊ ဒါရမ်ရှာလာမြို့မှာ ကျင်းပနေပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမားဟာ တရုတ်အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အိန္ဒိယနိုင်ငံမှာ လာရောက်ခိုလှုံ သီတင်းသုံးနေတာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ မယ်တော်ဖြစ်သူ ဘုရင်မကြီး အဲလိဇဘတ်ဆုံးပါးသွားပြီးနောက် နန်းတက်လာတဲ့ ဒုတိယမြောက် ချားလ်စ်ဘုရင်ဟာ မိခင်ရဲ့ ဈာပနပြီးတဲ့နောက် ပထမဆုံးအကြိမ်တော်ဝင်ခရီးစဉ်အဖြစ် စကော့တလန်နယ်ကို ၂၀၂၂၊ အောက်တိုဘာ ၃ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်သွားတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် အိမ်နဲ့ လုပ်ငန်းပေါင်း ၂ သန်းခွဲကျော် လျှပ်စစ်မီးပြတ်တောက်နေပြီး လူ ၂၁ ဦးမကလည်း သေဆုံးတယ်လို့ ယူဆရပါတယ်။ ဖလော်ရီဒါသမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းဖြစ်နိုင်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းနိုင်ငံထိုးစစ်မှာ သွားရောက်တိုက်ခိုက်ဖို့ အရန်တပ်သား ထောင်သောင်းချီခေါ်ယူမယ်လို့ ရုရှားသမ္မတ ပြောကြားလိုက်ပြီးနောက် (၂၀၂၂၊ စက်တင်ဘာ ၂၁) စစ်မတိုက်ချင်လို့ နိုင်ငံပြင်ပထွက်ခွာသူ အများအပြားရှိသလို ကျန်သူ စစ်ထဲရောက်လာသူတွေကတော့ စစ်မြေပြင်အတွက် ပြင်ဆင်လေ့ကျင့်နေကြရပါပြီ။
ဘရာဇီးလ်နိုင်ငံ မြောက်ပိုင်း အမေဇုံသစ်တောဒေသမှာ မြစ်ကူးတံတားတစင်း ကျိုးကျလို့ ကားတွေ ရေထဲပြုတ်ကျပြီး လူတွေ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိပါတယ်။ တံတားက မကျိုးခင်မှာ အက်ကြောင်းပေါ်နေပြီလို့ မျက်မြင်တွေက ပြောပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အုပ်စု-ဒီ မှာ ပြင်သစ်၊ တူနီးရှား၊ ဒိန်းမတ် တို့နဲ့ ယှဉ်ပြိုင်ကစားမယ့် သြစတေးလျအသင်းဟာ ဒိုဟာမြို့တော်မှာတော့ အက်စ်ပိုင်းယား အားကစားသင်တန်းကျောင်းမှာ စတည်းချမှာပါ။ သူတို့နေမယ့်နေရာကို ကြည့်ရအောင်ပါ။
မျိုးတုန်းပျောက်ကွယ်နေတဲ့ မြင်းရိုင်းမျိုးတမျိုးကို လွန်ခဲ့တဲ့ နှစ် ၄၀ က ခဲထားတဲ့ မျိုးဗီဇကနေ ပုံတူကူးယူ မွေးထုတ်လိုက်ပါတယ်။ တရုတ်နဲ့ မွန်ဂိုလီးယား ဒေသတို့က ရှာဗားစကီးမြင်းရိုင်းမျိုးက သဘာဝမှာ ကွယ်ပျောက်သွားခဲ့ပါပြီ။ ကမ္ဘာအနှံ့ တိရိစ္ဆာန်ရုံတွေမှာပဲ ထိန်းသိမ်းမွေးမြူထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံစတည်ထူထောင်မှု နှစ်ပတ်လည်အခမ်းအနား ဆင်နွှဲမှုမှာ ကလေးတွေ တေးသီချင်း သီဆိုကြတာကို တီဗွီသတင်းပြတော့ အဲဒီထဲက ကလေးမလေးတဦးက မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သမီးဖြစ်မယ်လို့ ပြောနေကြပါတယ်။ ဒီသတင်းတွေကိုတော့ တောင်ကိုရီးယားအစိုးရပိုင်းကရော၊ ရိုက်တာသတင်းဌာနကရော အတည်မပြုနိုင်ပါဘူး။
လျှပ်စစ်စွမ်းအင်သုံး ပထမဆုံးလေယာဉ်ပျံကို အမေရိကန်လေကြောင်း ကုမ္ပဏီတခုက ၂၀၂၂၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ ဂရန့်ကောင်တီနိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာပြီး စမ်းသပ်ပျံသန်းခဲ့ပါတယ်။
အာကာသထဲကနေ ကမ္ဘာမြေကို လာထိနိုင်တဲ့ ဥက္ကာပျံတွေ ရှိလာရင် လမ်းကနေ ဖျက်ဆီးနိုင်ဖို့ လေ့ကျင့်တဲ့အနေနဲ့ အမေရိကန်အာကာသအဖွဲ့ နာဆာက ဥက္ကာပျံတခုကို စမ်းသပ် ဖျက်ဆီးလိုက်ပါတယ်။ ဒီစမ်းသပ်လေ့ကျင့်မှု အောင်မြင်တယ်ဆိုရင် ဥက္ကာပျံရဲ့ လမ်းကြောင်းကို ပြောင်းသွားဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ပြီး လုပ်ဆောင်တာပါ။
အဲလိဇဘတ်ဘုရင်မကြီး ထီးနန်းစိုးစံစဉ် သက်တမ်းတလျှောက်ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၄ ပုံနဲ့ တံဆိပ်ခေါင်းတွေ ဗြိတိန်နိုင်ငံမှာ မကြာခင်ရောင်းချပေးပါတော့မယ်။ ၂၀၂၂၊ နိုဝင်ဘာမှာ စတင်ဝယ်ယူနိုင်မယ့် တံဆိပ်ခေါင်း ၄ ခု ကို ချားလ်စ်ဘုရင်က အရင်ခွင့်ပြုပေးရမှာပါ။
ယူကရိန်းနိုင်ငံမှာ စစ်သွားတိုက်ဖို့ ရုရှားနိုင်ငံက အရန်တပ်သား အယောက် ၃ သိန်းခေါ်ယူဖို့ သမ္မတ ပူတင် အမိန့်ပေးလိုက်ပြီးနောက် ရုရှားနိုင်ငံသားအများအပြား နိုင်ငံပြင်ပကို ထွက်နေကြပါတယ်။ လေယာဉ်လက်မှတ်တွေ ဝယ်မရအောင် ဖြစ်နေပြီး ကုန်းလမ်းကနေလည်း နယ်စပ်ဂိတ်မှာ ၂ ရက်လောက်တောင် တန်းစီဝင်ရအောင် ကားတွေများနေတာပါ။
စပိန်နိုင်ငံက ပီကိုဒယ်ဥရိုပါတောင်တန်းက အတက် အခက်ခဲဆုံးလမ်းကြောင်းကို အမျိုးသမီး ၃ ဦးအဖွဲ့ အောင်အောင်မြင်မြင် တက်နိုင်ခဲ့လို့ သမိုင်းတွင်သွားခဲ့ပါတယ်။ ဒါ အမျိုးသမီးတောင်တက်သူတွေအနေနဲ့ ပထမဆုံးတက်နိုင်တာလည်း ဖြစ်ပါတယ်။
ဂွာတီမာလာနိုင်ငံ၊ ဂွာတီမာလာစီးတီးမြို့တောင်ဘက် ၁၂ မိုင်လောက်အကွာက ဗီလာနွေးဗား မြို့နယ်က လမ်းတခုမှာ ဧရာမမြေကျင်းကြီး ၂ ခု ပေါ်လာလို့ လူ ၂ ဦးပျောက်ဆုံးနေပါတယ်။ အခင်းဖြစ်တဲ့အနီးတဝှက်နေရာတွေကို တာဝန်ရှိသူတွေ စစ်ဆေးနေပြီး နောက်ထပ်မြေကြီးနိမ့်ဝင် ကျင်းပေါက်ကြီးတွေ ပေါ်လာဦးမလားဆိုတာကို သုံးသပ်နေပါတယ်။
မက္ကဆီကိုနိုင်ငံမှာ လူသေဆုံးမှုများတဲ့ ငလျင်ကြီး ၂ ခု လှုပ်ခဲ့ဖူးတဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ ဒီနှစ် ၂၀၂၂ မှာလည်း အားပြင်းငလျင်ကြီးတခု လှုပ်သွားခဲ့လို့ ကြိမ်စာများလားလို့တောင် တင်စားပြောနေကြပါတယ်။ အဆောက်အဦး ပေါင်း ၂၀၀ လောက် ထိခိုက်ခဲ့ရပြီး လူ ၂ ဦး သေဆုံးပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံရဲ့စီးပွားရေး တည်ငြိမ်မှုရှိအောင် ကူညီတဲ့အနေနဲ့ အာဖဂန်ရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃ ဘီလီယံခွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ဘဏ်စာရင်းဖွင့်ပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က ပြောကြားလိုက်ပါတယ်။
ကိုရီးယား ကားထုတ်လုပ်ရေး လုပ်ငန်းတွေအပေါ် အမေရိကန်က ခွဲခြားဆက်ဆံတယ်ဆိုပြီး တောင်ကိုရီးယားက မကျေမနပ် ဖြစ်နေတာကြောင့် အမေရိကန်ရဲ့ အာရှဒေသ စီးပွားရေးအစီအစဉ်တွေမှာ အဓိကမဟာမိတ်တွေ ပါဝင်လာရေး အခက်ကြုံနေရပါတယ်။
Twitter လူမှုကွန်ယက်ရဲ့ နည်းပညာလုံခြုံရေး အကြီးအကဲဟောင်း အင်္ဂါနေ့မှာ အမေရိကန် လွှတ်တော်က ဆင့်ခေါ်တာတွေကို လာရောက်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံထဲ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအပြင် စစ်ရာဇဝတ်မှုတွေပါ ပိုများလာတယ်လို့ IIMM မြန်မာဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ အကြီးအကဲ ပြောလိုက်တာက ဒီတစ်ခေါက်ထူးခြားတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်