ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ရုပ်အလောင်းကို စကော့တလန် Edinburgh လမ်းပေါ်မှာ တနင်္လာနေ့က သယ်ဆောင်လာရာမှာ ဗြိတိန်ဘုရင် ချားလ်နဲ့ ညီအကိုမောင်နှမတွေကနောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လိုက်ပါ လာခဲ့ကြပါတယ်။
ယူကရိန်း နိုင်ငံ အရှေ့မြောက်ပိုင်းက ကျေးရွာ အတော်များများကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ရုရှား တပ်ဖွဲ့ တချို့ နှစ်နိုင်ငံ နယ်စပ်ဘက်ကို တိုက်ထုတ်နေကြောင်း ယူကရိန်းကတနလာၤနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံက လူထူထပ်လှတဲ့ စခန်းတွေမှာရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကြာရှည် နေထိုင်နေကြတာဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ အလေးအနက် စိုးရိမ်စရာတခု ဖြစ်လာနေပြီလို့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ တောင်ပိုင်းက Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆက်လက်တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ အကြောင်းမရှိသလို၊ အနီးဝန်းကျင်ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မြို့အတော်များများနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့တွေမှာ မကြာသေးခင်က စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် (AA) တို့အကြား တင်းမာမှုတွေ ကြီးထွားလာနေရာက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၉,၆၀၀ နီးပါး ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိတာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ်တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
အာဖဂန်နစ္စတန် မြို့တော် Kabul မှာရှိတဲ့ ရုရှားသံရုံး ဝင်ပေါက်အနီး တနင်္လာနေ့က ဗုံးတလုံး ပေါက်ကွဲခဲ့တဲ့အတွက် သံရုံးဝန်ထမ်းနှစ်ဦး အပါအဝင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်းက Zaporizhazhia ညူကလီးယားသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ ကို သွားရောက်စစ်ဆေးခဲ့တဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အနေနဲ့ လာမယ့်အင်္ဂါနေ့ မှာ လုံခြုံရေးကောင်စီကို တင်ပြမှာဖြစ်ပါတယ်။
အမေရိကန်ဆီးနိတ်အထက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးနဲ့ စစ်မှုထမ်းကော်မတီအဖွဲ့ဝင်၊ အထက်အလွှတ်တော်အမတ် Marsha Blackburn ဟာထိုင်ဝမ်ကျွန်းကို ကြာသတေးနေ့က ရောက်ရှိသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ရုရှားထံက လက်နက်တွေ ဝယ်ယူနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ရုရှားထုတ်လက်နက်တွေရဲ့ အရည်အသွေးကို သတိထား စဉ်းစားချင့်ချိန်ကြဖို့ ယူကရိန်းက တိုက်တွန်းလိုက်ပါတယ်။
ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ လုံခြုံရေးအတွက် ကုလသမဂ္ဂက တာဝန်ယူပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တိုက်တွန်းလိုက်ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်က လက်နက်တိုက်တခုမှာ အင်္ဂါနေ့က ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားပြီး၊ လူပေါင်း ၃ ထောင်ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ကူဝိတ်နိုင်ငံက အီရန် ဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ကြောင်း နှစ်နိုင်ငံ စလုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆိုက်ရောက်သွားပါပြီ။ သူမရဲ့ ၄ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တသန်းနီးပါး ခိုလှုံနေရာ ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန် ကျန်းမာရေးဌာနကြီးတခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာန (CDC)က ကိုဗစ်ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို လျှော့ချလိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
သီရိလကာၤ သမ္မတဟောင်း Gotabaya Rajapaksa ဟာ ကြာသပတေးနေ့မှာ ထိုင်းနိုင်ငံကို ဆိုက်ရောက်လာကြောင်း မျက်မြင်တွေ့သူ ၃ ဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။
Covid-19 ကပ်ဘေးရောဂါကြောင့် လူငယ်လုပ်သား ဈေးကွက်မှာ အကြီးအကျယ် ထိခိုက် ပျက်စီးစေကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောပါတယ်။
အိမ်ဖြူတော်က မှတ်တမ်းတွေကို သမ္မတဟောင်း Donald Trump ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ FBIက စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်ပြီး သမ္မတဟောင်းရဲ့ ဖလော်ရီဒါပြည်နယ်က အိမ်ကို ရှာဖွေဖို့ တရားရုံးရဲ့ ခွင့်ပြုချက် ဝရမ်းရအောင် ကိုယ်တိုင်ခွင့်ပြုခဲ့ကြောင်း ရှေ့နေချုပ် Merrick Garland ကပြောလိုက်ပါတယ်။
တရုတ်က ထိုင်ဝမ်ကျွန်းအနီးတဝှိက် စစ်ရေးလေ့ကျင့်မှုတွေကို သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ပြီးသွားပေမယ့် နောက်တနေ့မှာတော့ အဲဒီလို စစ်ရေးလေ့ကျင့်တာကို ထပ်ပြီး တိုးချဲ့လိုက်ပါတယ်။
ပြီးခဲ့တဲ့လထဲ ကိုဗစ်ကပ်ရောဂါ ကူးစက်တာခံခဲ့ရတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ရောဂါပျောက်ကင်းပြီး သီးသန့်ခွဲနေထိုင်ရတဲ့ ကာလလည်း ပြီးဆုံးသွားလို့ သူ့ဇာတိမြေ Delaware မှာရှိတဲ့ သမ္မတကတော် Jill Biden နဲ့ ပြန်လည် တွေ့ဆုံဖို့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာ သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်