မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် အရေးယူပိတ်ဆို့ဖို့ ဩစတေးလျအစိုးရ အပေါ် တောင်းဆိုနေချိန်မှာပဲ မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့ ဩစတေးလျ ရဲတပ်ဖွဲ့အကြား ပတ်သက်မှုတွေကို Greens ပါတီက အထက်လွှတ်တော်အမတ် Jordon Steele-John က အထက်လွှတ်တော်မှာ စစ်ဆေး မေးခွန်းထုတ်ခဲ့တာပါ။
လူပုဂ္ဂိုလ်တွေထဲမှာ စစ်တပ်က အရာရှိကြီးတွေ၊ တရားရေးနဲ့ အကျဉ်းဦးစီးဌာန အရာရှိတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ၊ ဦးနိုင်ထွဋ်အောင်နဲ့ ဦးအောင်မိုးမြင့် တို့လည်း ပါပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မျိုးမြင့်ဟာ စစ်တပ်အတွက် လက်နက်တွေ ဝယ်ရာမှာ အကျိုးဆောင်ပေး ခဲ့သလို၊ ဦးတေဇ နဲ့....
"ကျွန်တော့်ရှေ့မှာ သုံး၊ လေးဆယ် လောက်တော့ရှိတယ်၊ မိနစ်နှစ်ဆယ်လောက်စောင့်ပြီးမဲပေးခဲ့ရတယ်။ ကျွန်တော်တို့မြို့မှာတော့ လူငယ်ကော၊ လူကြီးကော နှစ်မျိုးလုံးလာပြီးတော့ မဲပေးကြတယ်ခင်ဗျ။"
လက်ရှိ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်ပါတီက ပွတ်ကာသီကာနဲ့ အများစု ထိန်းချုပ်ထားနိုင်ပေမဲ့ ရွေးကောက်ပွဲအကြို စစ်တမ်းတွေအရဆိုရင် အောက်လွှတ်တော်ကို ရီပတ်ပလစ်ကန်တွေ ပြန်လည် ထိန်းချုပ်နိုင်မယ်လို့ တွက်ဆထားကြပါတယ်။
မြန်မာ အလံတင်ထားတဲ့ Lady 3 အမည်ရှိ ငါးဖမ်း သင်္ဘော နဲ့ သီရိလင်္ကာနိုင်ငံ က ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကို ဗီယက်နမ် ကမ်းခြေ မှာ ကယ်တင်ခဲ့ရတယ် လို့ ဗီယက်နမ် အာဏာပိုင်တွေ က အင်္ဂါနေ့ က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲတဲ့အကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အင်္ဂါနေ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ပွဲနေ့ ဖြစ်ပြီး သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲထည့်ကြမှာပါ။
ပြင်ဦးလွင်မှာ တနင်္ဂနွေညက စတင် ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လူပေါင်း ထောင်ချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
ဖိလစ်ပိုင် အာဏာပိုင်တို့က အကျဉ်းထောင် ဦးစီးဌာန အကြီးအကဲနဲ့ ဝန်ထမ်း တဦးကို လူသတ်မှု စွပ်စွဲချက်နဲ့ အမှုဖွင့်လိုက်ပြီး ဖိလစ်ပိုင် ရေဒီယို အစီအစဉ် တင်ဆက်သူ တဦးကို ကြံစည်သတ်ဖြတ်ခံရမှုမှာ သူတို့ စီစဉ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ယူကရိန်းနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN နဲ့ ဆက်ဆံရေး တိုးမြှင့်နေပြီး ဒီသီတင်းပတ် နှောင်းပိုင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ သံတမန်ရေး သဘောတူညီချက် တရပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။
Facebook လူမှုကွန်ရက် ရဲ့ မီခင် ကုမ္ပဏီ Meta ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဝန်ထမ်းအမြောက်အများကို အလုပ်ကနေ စတင်ပြီး ရပ်စဲဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။
အရင်ကဆို လမ်းတိုင်းလိုလို စတုဒီသာ ကျွေးတာတွေနဲ့ စည်ကားပေမယ့် ဒီနှစ်မှာတော့ ဒီလိုအလှုရင်တွေ အတော်လေး ရှားပါးသွားတယ်လို့ ပြောပါတယ်၊ အလှုပေးတဲ့သူတွေ ကိုယ်တိုင်လည်း အရင်တုန်းကလို စိတ်ချလက်ချ အေးအေးဆေးဆေး အလှုအပေါ်မှာ ပီတိမဝေနိုင်တဲ့ အခြေအနေလို့ ပြောပြပါတယ်။
ပြည်နယ်ရော ဖယ်ဒရယ် ရွေးကောက်ပွဲတွေအတွက်ပါ ရာဂဏန်းရှိတဲ့ ရီပတ်ဗလစ်ကန်ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲရှုံးနိမ့်မှုကို ငြင်းဆန်လက်မခံတဲ့သူတွေဖြစ်ပြီး၊ အဲဒီ ရွေးကောက်ပွဲအငြင်းပွားမှုတွေကို သူတို့ရဲ့ ရီပတ်ဗလစ်ကန်တရားရုံးမှာတင် ရှုံးနိမ့်ကြရသူတွေဖြစ်တယ်လို့ သမ္မတ Biden က ပြောခဲ့ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဥတုရာသီပြောင်းလဲမှုတိုက်ဖျက်ရေးမှာ အထောက်အကူပြုစေရေးအတွက်ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁၅ သန်းနဲ့ညီမျှတဲ့ ပေါင်စတာလင် သန်း ၁၀၀ ကျော် ရင်းနှီးမြုပ်နှံမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး James Cleverly က ဒီကနေ့ ကြေညာဖို့ ရှိပါတယ်။
“ကုန်သွယ်ရေး ဟာ ရာသီဥတုအတွက် ကောင်းတဲ့ အင်အားတစ်ရပ်ပါ။ ကာဘွန်အထွက်နည်းပြီး၊ အဆိုးက အကောင်းဘက် ပြန်ဖြစ်လာအောင်၊ တရားမျှတတဲ့ အကူးအပြောင်းဖြစ်ပေါ်ဖို့ ဖြေရှင်းရာမှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။” လို့ WTO ရဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က အမှာစာ မှာ ပြောထားပါတယ်။
နိုဝင်ဘာ ဒုတိယပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းဝေးအတွင်းမှာ မြန်မာနိုင်ငံအရေး ထိပ်တန်း ဦးစားပေး ဆွေးနွေး မယ့်အကြောင်းအရာတစ်ခု ဖြစ်နိုင်တဲ့အကြောင်း ဒေသတွင်း အကဲခတ်တွေ ခန့်မှန်းတာကို The South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို အမေရိကန် သမ္မတ Joe Biden နဲ့အတူ တရုတ် ဝန်ကြီးချုပ် Li Keqiang လည်း တက်ရောက်မယ့်အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
Tanzania နိုင်ငံက Victoria ရေကန်ကြီးထဲကို တနင်္ဂနွေနေ့က ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၄၃ ဦးလိုက်ပါလာတဲ့ လေယဉ်တစင်း ထိုးကျခဲ့တဲ့ အတွက် သေဆုံးသူ ၁၉ ဦး သေဆုံးကြောင်း ဝန်ကြီးချုပ် Kassim Majaliwa ကအတည်ပြုလိုက်ပါတယ်။
ယူကရိန်းမြို့ဖြစ်တဲ့ Kherson မြို့ နဲ့ အနီးဝန်ကျင်ဒေသမှာ ရေ နဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး၊ ရုရှားကတော့ ယူကရိန်းရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ဓာတ်အားပေးလိုင်း ၃ ခု ပျက်စီးသွားတယ်လို့ စွပ်စွဲထားပါတယ်။ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားဖက်က တစုံတရာ သက်သေပြတာမျိုးတော့ မရှိပါဘူး။
နောက်ထပ်ကြည့်ရှုရန်