အီဂျစ်နိုင်ငံ Sharm el-Sheikh မှာ နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ ဥတုရာသီဆိုင်ရာ COP 27 ညီလာခံကို နိုင်ငံပေါင်း၂၀၀ လောက်က တက်ရောက်ခဲ့ကြပြီး ဒီညီလာခံကနေ ကမ္ဘာကြီးကို ဥတုရာသီ ကပ်ဘေးကနေ ကယ်တင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက် အင်္ဂါနေ့ အစိုးရ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲတွေ မတိုင်ခင် ကြိုတင်မဲပေးသူ အရေအတွက် ၃၅ သန်းကျော် ရှိနေပါပြီ။
အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို နောက်ထပ် အကူအညီ ဒေါ်လာ သန်း ၄၀၀ ပေးအပ်မှာဖြစ်ပြီး၊ စစ်လက်နက်ပစ္စည်းတွေ လွဲှပြောင်းပေးပို့ရေးနဲ့ စစ်သင်တန်းပေးတဲ့ကိစ္စတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး ဌာနချုပ်ကို ဂျာမဏီနိုင်ငံမှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံကနေ မှာယူထားတဲ့ ဂျက်တိုက်လေယဉ်တွေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာနေတဲ့ Myanmar Witness အဖွဲ့က သောကြာနေ့က ပြောဆိုကြောင်း AFP သတင်းမှာဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကရထားတဲ့ သက်သေ အထောက်ထားတွေကို အမြန်အသုံးပြုဖို့ နည်းလမ်းရှာသင့်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက် ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ သတင်းသမားတွေကို သတ်ဖြတ်မှုတွေမှာ အများစုဟာ အရေးယူမခံရပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ UNESCO ယူနက်စကိုအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ဒုက္ခသည်တွေရဲ့အခြေအနေအရပ်ရပ်ကို ကုသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို ထောက်ခံအားပေးတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက လက်နက်ကြီးကျည်အတော်များများ ရုရှားနိုင်ငံကို တိတ်တဆိတ်တင်ပို့နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူ အသေအပျောက်များခဲ့တဲ့ Halloween ပွဲတော်လာ လူအုပ်ကို ကိုင်တွယ် ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း တောင်ကိုရီးယား ရဲချုပ်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေကနေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်ရသူ ကလေးငယ် ၅ သိန်းကျော်ထိ ရောက်ရှိလာပြီး အကူအညီ အကြီးအကျယ် လိုအပ်နေတဲ့ ကလေးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး အကာအကွယ်ပေးကြဖို့လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ Save the Children က နိုဝင်ဘာလ ၁ ရက်နေ့မှာ ပန်ကြားလိုက်ပါတယ်။
သတင်းသမားတွေကို သတ်ဖြတ်တာ အပါအဝင် မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပေမဲ့ အပြစ်ပေး အရေးယူမခံရတဲ့ အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလိုက်ပါတယ်။
ယူကရိန်း မြို့ကြီး အတော်များများရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တနလာၤနေ့မှာ ရုရှားက အပြင်းအထန် တိုက်ခိုက်မှုကြောင့် မြို့တော် Kyiv နဲ့ တခြားဒေသတွေမှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက် သွားပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်အတွင်း တနင်္ဂနွေနေ့တုန်းက ကေဘယ်ကြိုးတံတား ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၈၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်က Halloween ပွဲတော်တွေ အတွင်း လူအုပ်ပိတာကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရမှုကို နိုင်ငံတဝန်း ဝမ်းနည်း ကြေကွဲနေကြသလို ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုလည်း ရှာဖွေနေကြပါတယ်။
တရုတ်နိုင်ငံမှာ ကျားမ အခြေခံ ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုတွေကနေ အမျိုးသမီးတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေ တရပ်ကို တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရတဲ့ လုပ်ခ လစာဝင်ငွေတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ် ၃၀ ထပ်ဆောင်းပေးမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာလ ၂၈ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကျိုးစီးပွားဖြစ်နေပေမယ့်လည်း၊ တဘက်မှာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ် ပဋိပက္ခမှာ ဘယ်ဘက်ကရပ်တည်မလဲဆိုတာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အခက်ခဲတွေ့နိုင်တယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။
ရုရှားမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ရှောင်ရှားဖို့ လူငယ်တွေထွက်ပြေးလာနေတဲ့အတွက် အိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ သမတပူတင်ရဲ့စစ်ပွဲကိုဆန့်ကျင်တာကိုအားပေးချင်ပေမယ့်လည်း ရုရှားထောက်လှမ်းရေးတွေ ပါလာမှာကိုလည်းစိုး ရိမ်နေကြပါတယ်။
ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအဖြစ် အမေရိကန်က ဒေါ်လာ ၂၇၅ သန်းထပ်မံပေးအပ်မှာ ဖြစ်ကြောင်း ပင်တာဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် တိုက်ခတ်နေတဲ့ Si-trang ဆိုင်ကလုန်း မုန်တိုင်းကြောင့် အနည်းဆုံး (၂၄)ဦးသေဆုံးပြီး လူ(၁)သန်းလောက် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်