ပိုလန်နိုင်ငံအရှေ့ပိုင်းကပေါက်ကွဲမှုတခုကြောင့် လူ၂ ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးကြောင့်ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အမေရိကန်၊ ပိုလန်နဲ့ နေတိုးမဟာမိတ် အဖွဲ့ တာဝန်ရှိသူတွေ အားလုံးက ဗုဒ္ဓဟူးနေ့မှာ လက်ခံလိုက်ကြပါတယ်။
ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G-20 ထိပ်သီးညီလာခံကို အင်္ဂါနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စတင် ကျင်းပရာမှာ၊ ယူကရိန်းစစ်ကြောင့် သဘောထား ကွဲပြားမှုတွေလည်း ကြုံနေရပါတယ်။
ယူကရိန်းနိုင်ငံက စွမ်းအင်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဇိုင်းဒုံးတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တဲ့ တချိန်တည်းမှာပဲ၊ အိမ်နီးချင်း ပိုလန်နိုင်ငံကိုလည်း ထိမှန်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကုလသမဂ္ဂက အင်္ဂါနေ့အထိ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေဟာ သန်း(၈) ထောင်နီးပါး ရှိလာနေပြီး လူဦးရေ တိုးပွားမှု အများဆုံးဒေသဟာ ဖွံ့ဖြိုးစ အာဖရိကနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က နှစ်စဉ် ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု အတွက် ကမ္ဘာတဝှမ်းက သတင်းသမားတွေထဲက ရွေးချယ်တဲ့ ဆန်ကာတင် ၁၅ ဦး စာရင်းထဲမှာ မြန်မာနိုင်ငံက အကျဉ်းကျခံနေရတဲ့ သတင်းသမား ကိုဟန်သာငြိမ်း လည်း ပါဝင်ပါတယ်။
ထိုင်ဝမ်ကို မကြာခင် ဝင်တိုက်ဖို့ တရုတ် ခေါင်းဆောင်တွေ စီစဉ်ထားတယ်လို့ မယူဆကြောင်း အမေရိကန် သမ္မတ Joe Bidne ကပြောဆိုလိုက်ပေမဲ့၊ အမေရိကန် အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းထားရေး ဆက်လက် ပိုင်းဖြတ်ထားကြောင်း တနလာၤနေ့မှာ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ Joe Biden ဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖြစ်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ရုရှားနိုင်ငံက စာသင်ကျောင်းတွေမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကစပြီး စစ်သင်တန်းပို့ချတဲ့ သင်ခန်းစာတွေကို ပြန်လည်ထည့်သွင်းတော့မယ်လို့ ရုရှားပညာရေးဝန်ကြီး Sergey Kravstov ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပြောပါတယ်။
တူရကီနိုင်ငံ၊ အီစတန်ဘူမြို့ရဲ့ အချက်အခြာ လူစည်ကားရာနေရာမှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေကတော့ အကြမ်းဖက်ဝါဒီ လုပ်ရပ်အဖြစ် ယူဆနေကြပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ စနေနေ့က ပြုလုပ်တဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းဝေးကို တက်ရောက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အာဆီယံအတွက် ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၂၁၀၀ နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၉၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်အာဏာပိုင်တွေ က အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အတွက် ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က စနေနေ့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သောကြာနေ့က သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို NUG အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတိုင်းအတာတခုအထိကြိုဆိုလိုက်ပြီး၊ ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
ASEAN အနေနဲ့ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ပါ တွေ့ဆုံသွားဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ ASEAN အရှေ့တောင်အာရှအသင်းထိပ်သီးအစည်းအဝေးမှာ သောကြာနေ့က သဘောတူခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံ Kherson မြို့မှာ ရုရှားတပ်တွေ အမြန်ဆုတ်ခွါသွားတဲ့နောက် ယူကရိန်းတပ်သားတွေ မြို့ထဲကို ဝင်ရောက်လာနေပြီး အခုဆို ဒီမြို့တမြို့လုံးနီးပါးကို ယူကရိန်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ Kherson ဒေသဆိုင်ရာ ကောင်စီ ဒုတိယအကြီးအကဲ Serhiy Khlan က ပြောပါတယ်။
နိုင်ငံရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံ့အရေးဟာ ထိပ်သီးညီလာခံအတွင်း အလေးထား ဆွေးနွေးမယ့် အဓိကအကြောင်းအရာတခု ဖြစ်မယ့်အကြောင်း ဒေသတွင်း သံတမန်တွေ ပြောဆိုထားပါတယ်။
အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ COP27 မှာတော့ Loss and Damage လို့သိကြတဲ့ ဥတုရာသီ ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေ အတွက် ပြန်လည်ပေးဆပ်ရေး ကိစ္စက အဓိက နေရာယူထားပါတယ်။
အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန် အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲ မဲရေတွက်မှုတွေ ရက်နဲ့ချီကြာနိုင်သေးတဲ့အတွက် အထက်နဲ့အောက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာ ဗုဒ္ဓဟူးနေ့ထိ သဲသဲကွဲကွဲမရှိသေးပါဘူး။
အီရန်နိုင်ငံက ဆန္ဒပြပွဲတွေအကြောင်း သတင်းတင်ပြမှုတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်ဝါဒဖြန့်တာ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦးကို အီရန်တာဝန်ရှိသူတွေက အင်္ဂနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနိုင်ငံနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ သူ့တိုင်းပြည်က စဉ်းစားလိုကြောင်း အင်္ဂါနေ့ကပြောပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာညီလာခံ တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မိန့်ခွန်းမပြောခင်မှာ ယူကရိန်းသမ္မတက အဲဒီလိုပြောတာပါ။
စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲ NLD လက်ခံ အသိမှတ်ပြုမှာ မဟုတ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ NLD ရဲ့ ကြေညာချက်အကြောင်း သတင်းပေးပို့ချက်ကို နန်းလောင် က ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်