ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ဖလားပွဲ ပွဲစဉ်တွေရဲ့အင်္ဂါနေ့ အာဂျင်တီးနား နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားကိုဆော်ဒီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မတူကွဲပြားသူတွေအားလုံးပါဝင်နိုင်စေရေး အားပေးထောက်ခံတဲ့လက္ခဏာအဖြစ် လက်မောင်းစည်းတပ်ကြတဲ့ အားကစားသမားတွေကို အဝါကဒ်ပြပြီး ပြစ်ဒဏ်ပေးမယ့် FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ ခြိမ်းခြောက်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinlen ကဝေဖန်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်ခြစားမှု နောက်ထပ် စွဲချက်တခုနဲ့ အင်္ဂါနေ့က နေပြည်တော်အထူးတရားရုံးက အင်္ဂါနေ့ ရုံးထုတ်ခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်းထွက်ဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက လူနေထူထပ်တဲ့ အနောက်ဂျာဗား မှာ တနင်္လာနေ့ကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးရသူဟာ အင်္ဂါနေ့အထိဆို ၂၆၈ ယောက် ရှိနေပြီဖြစ်ပါတယ်။
ကမ ္ဘာတဝှမ်းမှာ လူသတ်မိုင်း အသုံးပြုနေတေဲ့ နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှား ၂ နိုင်ငံသာ ရှိနေပြီး၊ အသုံးပြုမှုတွေ တိုးမြှင့်လာနေကြောင်း မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကာတာမှာ ကျင်းပတဲ့ ကမ ္ဘာ့ဖလား ဘောလုံးပွဲမှာ တနလာၤနေ့က အင်္ဂလန်နဲ့ ကစားမယ့် အီရန် အသင်းရဲ့ ပွဲဦးထွက် ပွဲစဉ်အဖွင့်မှာ အီရန်အသင်းက နိုင်ငံတော် သီချင်းကို လိုက်မဆိုဘဲ နှုတ်ဆိတ်နေခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပတဲ့ Thanksgiving ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်မှာ သမ္မတ Joe Biden က ကြက်ဆင် ၂ ကောင် ကို တနင်္လာနေ့က ဘေးမဲ့ပေးလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်းမကြီးမှာ တနင်္လာနေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တဲအတွက် လူ ၁၆၂ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရရှိကြပါတယ်။ ငလျင်ကြောင့် ဒါဇင်နဲ့ချီရှိကြတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးကုန်တယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် လျော့ကျရေး NDMA ရဲ့ အကြီးအကဲ က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အခုနောက်ဆုံး တိုက်ချင်း ပစ်မစ်ဇိုင်းဒုံးတွေ ပစ်လွှတ်နေတဲ့ကိစ္စအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သိသာထင်ရှားတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လိုတယ်လို့ စက်မှုအင်အားကြီး ၇ နိုင်ငံ၊(G7) နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၂ ရက်ကြာ ကျင်းပတဲ့ အာရှပစိဖိတ်နိုင်ငံများ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ APEC ထိပ်သီးညီလာခံ ပြီးဆုံးတဲ့ စနေနေ့မှာ အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွသ် ချန်အိုချာတို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် မြန်မာနိုင်ငံတွင်း တရားမဲ့ဖမ်းဆီးထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက် စနေနေ့က ကနေဒါနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ Toronto မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ မြန်မာတွေက အာဏာသိမ်း မြန်မာစစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။ အဲဒီ ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲ တဦးဖြစ်တဲ့ အလှမယ် ဟန်လေး က သူတို့ရဲ့ လှုပ်ရှားမှုဟာ မြန်မာပြည်သူတွေအတွက် အင်အားတရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ် Rishi Sunak ဟာ သူရဲ့ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် စနေနေ့က ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ရောက်ရှိနေပါတယ်။
အရှေ့အလယ်ပိုင်း ကာတာနိုင်ငံမှာ စတင်ကျင်းပတော့မဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကမ္ဘာ့တဝှမ်း က မွတ်ဆလင်တွေ အနေနဲ့ ရှောင်ရှားကြဖို့ ဒေသဆိုင်ရာ Al Qaida အစ္စလန်မစ် အစွန်းရောက်အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ”မူကြမ်းကို မဲမခွဲပဲ သဘောတူ အတည်ပြုခဲ့တဲ့အပေါ် စစ်ကောင်စီနိုင်ငံခြားရေးရုံးက ကန့်ကွက်ချက်ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အာရှပစိဖိတ်ဒေသ စီးပွားရေးပူပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံ ကျင်းပရာ အဆောက်အဦ နဲ့ မလှမ်းမကမ်းနေရာမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
အာရှတောင်အာရှ ဒေသအနေနဲ့ အမေရိကန်ကို အားထားနိုင်ကြောင်း ပြသဖို့နဲ့ ဒီဒေသအတွက် အမေရိကန်ပေးထားတဲ့ ကတိကဝတ်တွေ ခိုင်မာကြောင်း ပြသဖို့ အမေရိကန် ဒုသမ္မတ Kamala Harris ဟာ ထိုင်းနိုင်ငံကို ရောက်သွားပါပြီ။
၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်းလိုင်းက MH17 လေယာဉ်ကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရပြီး၊ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့မှုအတွက် လူ ၃ ဦးကို နယ်သာလန်နိုင်ငံ တရားရုံးကနေ ကြာသပတေးနေ့က ထောင်ဒဏ် တသက် မျက်ကွယ်မှာ စီရင်ချက်ချလိုက်ပါတယ်။
သြစတေးလျနိုင်ငံ ခရစ္စမတ်ကျွန်းမှာ နှစ်တိုင်းအသိုက်ပြောင်းနေကြ ဂဏန်းနီလေးတွေရဲ့ ရွှေ့ပြောင်းမှု စတင်ပါပြီ။ အနီရောင် ခန္ဓာကိုယ်သေးသေးနဲ့ သောင်း၊ သန်းချီ ဂဏန်းလေးတွေ လမ်းတွေကို ဖြတ်ကူး တံတားတွေကို ကျော်ဖြတ်နဲ့ မနားမနေ ခရီးနှင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်