ကိုဗစ်ရောဂါ ထိန်းချုပ်ရေး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ အပေါ် မကျေနပ်ရာက အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြနေတာတွေကို နှိမ်နင်းမယ့်အကြောင်း အာဏာရ ကွန်မြူနစ်ပါတီက ပြောလိုက်ပါတယ်။
ပြင်သစ်ပေါင်မုန့် Baguette ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဌာန UNESCO ရဲ့ မပျောက်ပျက်အောင် ထိန်းသိမ်းရမယ့် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ရုရှားစစ်တပ်က အကြီးအကျယ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ယူကရိန်း စွမ်းအင်စက်ရုံတွေ ပြန်လည်ပြုပြင်ရေး ဝိုင်းကူမယ်လို့ မြောက်အန္တလန်တိန်စာချုပ်အဖွဲ့ (NATO) အကြီးအကဲကပြောပါတယ်။
အင်္ဂါနေ့က ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေမှာ အမေရိကန်အသင်းက အီရန်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နျူကလီးယား လက်နက် ၂ ဆ ပိုများလာပြီး နျူကလီးယားဒုံးကျည်ထိပ်ဖူး ၄၀၀ ကျော် ပိုင်ဆိုင်ထားကြောင်း အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေဖြေလေ ျှာ့ပေးဖို့အချိန်တန်ပြီလို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF ညွှန်ကြားရေးမှူး Kristalina Georgieva ကပြောပါတယ်။
ကာတာနိုင်ငံ၊ ဒိုဟာမှာကျင်းပနေတဲ့ 2022 ကမ္ဘာ့ဖလားဘောလုံးပွဲ တနင်္လာနေ့ ပွဲစဉ်တွေမှာတော့ အုပ်စု G မှာ Cameroon နဲ့ ဆားဘီးယားတို့ တဖက် ၃ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ တနင်္လာနေ့က ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးခဲ့ပေမဲ့လည်း အစိုးရအနေနဲ့ ချမှတ်ထားတဲ့ Zero COVID ကိုဗစ်လုံးဝကင်းစင်ရေး ရည်မှန်းချက်ကိုတော့ ဆက်လက် အတည်ပြုထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိ တယောက်ကို ဒီလထဲ သတ်ဖြတ်မှု နဲ့ ARSA ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အခြားလူ ၆၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက စွဲချက်တင်လိုက်ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာပြောပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲ တနင်္ဂနွေနေ့ ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ ဘယ်လဂျီယံအသင်း က ရှုံးသွားပြီးနောက် ဘယ်လဂျီယံနိုင်ငံ ၊ Brussel မြို့တော်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်မှာ လာမဲ့ ဇန်နဝါရီလ လွှတ်တော်သစ်မှာ ဦးဆောင်မှုနေရာ ယူကြမဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တချို့က ယူကရိန်းစစ်တပ်အတွက် ဆက်လက်ထောက်ပံ့သွားဖို့ ကတိပြုလိုက်ပေမဲ့ အကူအညီတွေ မပို့ခင်မှာတော့ အရင်ကထက် ပိုမိုပြီး ကြပ်မတ် စီစစ်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။
ဆိုမာလီယာ နိုင်ငံ အလယ်ပိုင်း Shabelle ဒေသမှာ ဆိုမာလီယာစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင် al-Shabab စစ်သွေးကြွ ၁၀၀ ထက်မနည်း သေဆုံးသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ တနှစ်ကို ရင်သားကင်ဆာနဲ့ သေဆုံးရသူ ၁၉ ၀၀၀ လောက် ရှိတယ်လို့ အာဖရိက ကင်ဆာရောဂါ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ ဒီရောဂါနဲ့ သေဆုံးရသူ အရေအတွက်က တိုးလာနေဆဲဖြစ်ပြီး ဒါဟာ ရင်သားကင်ဆာအတွက် စမ်းသပ် စစ်ဆေးမှုတွေလုပ်ဖို့ အချိန်အတော်ကြာ စောင့်ကြရတာကြောင့်လည်း ပါပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ စနေနေ့ပွဲစဉ်တွေမှာတော့ အာဂျင်တီးနားနဲ့ မက္ကဆီကို ယှဉ်ပြိုင် ကစားကြရာမှာ အာဂျင်တီးနားက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ၆ ရက်မြောက် သောကြာပွဲတွေမှာတော့ အိမ်ရှင် ကာတာနိုင်ငံဟာ သူ့ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆီနီဂေါ နဲ့ ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့အတွက် ဆက်လက် ယှဉ်ပြိုင်ခွင့်ရတော့ မှာ မဟုတ်ဘဲ ထွက်ရမှာဖြစ်ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ပင် နဲ့ ကျူးဘား သမ္မတ မိဂဲလ် ဒီရက်ဇ် ကနဲလ် Miguel Diaz-Canel Bermudez တို့ ပထမဆုံးအကြိမ်အဖြစ် ဘေဂျင်းမှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ အပြန်အလှန် အထောက်အကူပေးမှာ ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြာသပတေးနေ့ ပွဲစဉ်မှာတော့ ကမ္ဘာ့နံပတ် ၁ အသင်းဖြစ်တဲ့ ဘရာဇီးက ပြိုင်ဖက် ဆာဗီးယား အသင်းကို၂ ဂိုးပြတ် နဲ့ အနိုင်ရသွားပါတယ်။
နာမည်ကျော် အီရန် အမျိုးသား ဘောလုံးသမားဟောင်း Voria Ghafouri ကို အစိုးရအပေါ် ဝေဖန်မှုနဲ့ အီရန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း အစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
ပါကစ္စတန် စစ်တပ်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ မညီညွှတ်ဘဲ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း ရှေ့သီတင်းပတ်မှာ အနားယူတော့မယ့် ပါကစ္စတန် စစ်ဖက်အကြီးအကဲက ဗုဒ္ဓဟူးနေ့က ဝန်ခံပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကာတာနိုင်ငံမှာ ဆက်လက် ကျင်းပနေပြီး နိုဝင်ဘာ(၂၃) ဗုဒ္ဓဟူး ၊ စတုတ္ထမြောက်နေ့ ကစားပွဲမှာတော့ အုပ်စု F ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက ကနေဒါအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်