မြန်မာ ဘော်လုံး အသင်း ၂ သင်း ဟာ အာရှ ဘော်လုံး ပြိုင်ပွဲတွေ ကနေ ဒုတိယနှစ် အဖြစ် နှုတ်ထွက်သွားကြပါတယ်။ ရှမ်းယူနိုက်တက် အက်ဖ်စီ အသင်း နဲ့ဟံသာဝတီ ယူနိုက်တက် အသင်း က အေအက်ဖ်စီ ဖလား ပြိုင်ပွဲ ကနေ နှုတ်ထွက်သွားတာ ဖြစ်တယ်လို့ အာရှ ဘော်လုံး ကွန်ဖက်ဒရေးရှင်း (AFC) က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် Dawei Watch သတင်းဌာနာက သတင်း ထောက် နှစ်ဦးအပါအဝင် ရုံးဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။အခုဖမ်းခံရသူတွေအတွက် စိုးရိမ်မိတယ်လို့ Dawei Watchတာဝန့်ရှိသူ က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် လူမှုထောက်ကူပြု ကဏ္ဍအသီးသီးမှာလုပ်ခဲ့တဲ့ အမျိုးသမီးတွေ ရိုက်နှက်ခံရ၊ ဖမ်းဆီးခံခဲ့ကြရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ယူကရိန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ဒီကနေ့ Kyiv မြို့တော်မှာ ရောက်နေပြီး ဒါဟာ “ယူကရိန်းနယ်စပ်တွေမှာ ရုရှားက အကြောင်းမဲ့ စစ်ရေးပြင်နေတာကနေ ဖြစ်ပေါ်လာတဲ့ တင်းမာမှု တွေကို လျှော့ချဖို့ သံတမန်ရေးကြိုးပမ်းမှု” တခုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဆာဘီးယား နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်း ကို ကတိကဝတ်ပြုထားတဲ့အတိုင်း မြန်မာ စစ်တပ် ကို လက်နက်ရောင်းချခြင်း ရှိမရှိ Burma Campaign for UK အဖွဲ့ က မေးခွန်း ထုတ်လိုက်ပါတယ်။ မြန်မာ စစ်တပ် ကို ဆာဘီးယား က လက်နက် ရောင်းချနေသလား လို့ ခေါင်းစဉ်ပေးထားတဲ့ စာတမ်း တစ်စောင် မှာ အဲဒီလို မေးလိုက်တာပါ။
ဖွံဖြိုးဆဲ နိုင်ငံတွေအတွက် ကိုဗစ် 19 ကာကွယ်ဆေး ရရှိရေး ၊ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတွေကို တိုက်ဖျက်ပြီး ကမ္ဘာ့ငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က အွန်လိုင်းကနေကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်တွေကို တိုက်တွန်း
တရုတ်နိုင်ငံက ဘူတန်နိုင်ငံနယ်စပ်မှာ ကျေးရွာသစ်တွေဆောက်တာနဲ့ ရွေ့ပြောင်းနေထိုင်မှုအသစ်တွေ ပြုလုပ်လာနေတာကြောင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စတွေ ဖြစ်ပေါ်နေပါတယ်။ ဘူတန်နိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာရှိနေတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ မတူပီမြို့နယ်ထဲမှာ ဒေသခံချင်းကာကွယ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီနေ့ ဇန်နဝါရီလ ၁၈ ရက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဖလမ်းမြို့နယ် ပါလ်သဲကျေးရွာနားမှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့သလို၊ မတူပီမြို့နယ်ထဲက တယ်ဘွေးအခြေစိုက် စစ်တပ်စခန်းနားမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့
အင်ဒိုနီးရှား နိုင်ငံ ရဲ့ မြို့တော် ကို ဂျာကာတာ ကနေ မိုင် ၁၂၀၀ အကွာ ဘော်နီယို ကျွန်း ကို ရွှေ့မယ် ဥပဒေ ကို လွှတ်တော် က အင်္ဂါနေ့ က ပြဌာန်းလိုက်ပါတယ်။ သမ္မတ က မြို့ အုပ်ချုပ်ရေး အတွက် မြို့တော် အာဏာပိုင် အဖွဲ့ ကို ခန့်ထားပြီး၊ သက်တမ်း ၅ နှစ် ပြဌာန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့်ဖြစ်ပေါ်လာတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ပြေလည်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Proyut Chan-o-cha က သံဓိဌာန်ပြု
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူညီပေးရေး လုပ်ငန်းတွေကို စတင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အတွင်းရေးမှူးချုပ် Lim Jock Hoi ကိုတိုက်တွန်းခဲ့ကြောင်း ဖနွမ်ပင်ပိုစ့် The Phnom Penh Post သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ကူးစက်မြန် ကိုဗစ်-19 မျိုးဗီဇကွဲ Omicron ကူးစက်နေသူ ၄၂ ဦးကို ဓါတ်ခွဲ စမ်းသပ် တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ Martin Luther King Jr. အထိမ်းအမှတ် နေ့မှာ Atlanta မြို့က ဒေါက်တာ King တရားဟောလေ့ရှိခဲ့တဲ့ Ebenezer Baptist Churchမှာကျင်းပမယ့် ဝတ်ပြုဆုတောင်းပွဲကို Atlanta မြို့တော်ဝန်၊ ဂျော်ဂျီယားပြည်နယ်အုပ်ချုပ်ရေးမှုးနဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Raphael Warnock တို့ တက်ရောက်ဖို့ရှိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Noeleen Heyzer ဟာ ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha ကို ဘန်ကောက် က အစိုးရ အိမ်တော် မှာ ဒီကနေ့ ဇန်နဝါရီ လ ၁၇ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ စီးပွါးရေးမြို့တော် မွန်ဘိုင်းမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကိုဗစ်ကူးခံသူ သိသိသာသာကျဆင်းသွားသလို ကူးခံရသူအများစုကလည်း အိမ်မှာနေရင်း သက်သာလာကြတယ်လို့ တာဝန်ရှိသူတွေဒီကနေ့ပြောပါတယ်။
နော်ဝေနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောက မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းနဲ့ငွေလွှဲလို့ရတဲ့ သူ့ရဲ့Wave Money အစုရှယ်ယာ ၅၁ %ကို Yoma အုပ်စု ကို ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ကြောင်း ကုမ္ပဏီနှစ်ခုက ဒီကနေ့ပူးတွဲထုတ်ပြန်ပါတယ်
တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်း ကို ပြုံးယမ်း မြို့တော် လေဆိပ်ကနေ တနင်္လာနေ့ က မြောက်ကိုရီးယား က ပစ်လွှတ်လိုက်ပါတယ် လို့ တောင်ကိုရီးယား စစ်တပ် က ပြောပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ဟာ အကွာအဝေးအားဖြင့် ကီလို ၃၈၀ မိုင်အားဖြင့် ၂၃၆ မိုင်၊ အမြင့် ၄၂ ကီလိုမီတာ မိုင်အားဖြင့် ၂၆ မိုင် သွားခဲ့
ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို သွားဖို့ ကြိုးစားတဲ့ မွတ်ဆလင် ၉ ဦးကို အမ်းမြို့နယ်ထဲက စစ်ဆေးရေးဂိတ်တခုမှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမွတ်ဆလင်တွေကို ကုန်ကူးသူတွေက ခေါ်လာပြီး တောထဲမှာ ပစ်ထားခဲ့ပြီးနောက် သူတို့ကို ဖမ်းမိတာလို့ အမ်းမြို့မ ရဲစခန်းမှူးက ပြောပါတယ်။
နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းသမ္မတဟောင်း Petro Poroshenko တရားရင်ဆိုင်ဖို့ တနင်္လာနေ့က ယူကရိန်းနိုင်ငံကိုပြန်ရောက်လာပါတယ်။ သူ့အပေါ်စွဲဆိုချက်တွေမှာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတယ်လို့ မစ္စတာ Poroshenko ကယုံကြည်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းထောက်တွေနဲ့ စစ်သံမှူးတွေကို ဖိတ်ခေါ်ပြသတဲ့ ခရီးစဉ်မှာ တပ်မတော်ရဟတ်ယာဉ်တစင်း မတော်တဆမှု ဖြစ်ရာမှာ လေယာဉ်မှူး ၂ ဦးသာ ထိခိုက်မှုရှိခဲ့ကြောင်း မြန်မာစစ်တပ်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်