မတ်လ ၁၂ ရက်နေ့က အမေရိကန် လွှတ်တော်အမတ်တချို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း တိုင်းရင်းသားဒေသတွေက ဖိနှိပ်မှုတွေ အဆုံးသတ်ရေး မြန်မာအစိုးရကို ဖိအားပေးဖို့ တောင်းဆိုတဲ့ အမေရိကန်ပြည်ထောင်စုရောက် ကချင်လူငယ်တချို့က VOA ကို အခုလို ပြောဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီကနေ အမေရိကန် နှုတ်ထွက်မယ်လို့ အင်္ဂါနေ့မှာ Trump အစိုးရအဖွဲ့က ကြေညာလိုက်တဲ့ အတွက် ကောင်စီမှာ လစ်လပ်သွားမယ့် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တရုတ်က နေရာဝင်ယူဖို့ ကြိုးစားလာနိုင်တာမို့ လူ့အခွင့်ရေးကောင်စီရဲ့ အရေးပါတဲ့ လုပ်ငန်းတွေ ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကမ္ဘာတလွှား သတင်းလွတ်လပ်ခွင့်တွေပိုပေးဖို့ မေတ္တာရပ်ခံရင်း မြန်မာနိုင်ငံမှာအဖမ်းခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးအကြောင်းကိုလည်း ရည်ညွှန်းပြောကြားသွားတယ်လို့ ရဟန်းမင်းကြီးကို သီးခြားတွေ့ဆုံခွင့်ရခဲ့တဲ့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
ရာထူးကနုတ်ထွက်မှာမဟုတ်ဘူးလို့ ပြောနေတဲ့ ဇင်ဘာဘွေ သမ္မတ တရားစွဲခံရနိုင်ခြေရှိ၊ ရခိုင်အရေးကဏ္ဍသုံးခုခွဲဖြေရှင်းဖို့ တရုတ်ရဲ့အဆိုပြုချက်ဟာ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်အောင် အထောက်အကူပြုလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော၊ ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ နေပြည်တော်မှာစတင်၊
“အစ္စလန်အစွန်းရောက် Boko Haram စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက သူတို့ ဖမ်းဆီးထားတဲ့ Chibok က ကျောင်းသူလေး ၅၀ ခန့်ကို စနေနေ့ မနက်ပိုင်းမှာ ပြန်ပြီး လွှတ်ပေးလိုက်တယ်လို့ နိုင်ဂျီးရီးယား အစိုးရ ပြောခွင့်ရက ပြောပါတယ်။”
အမေရိကန် ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား လာမယ့် သီတင်းပါတ်အတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်ဖို့ စီစဉ်ထားတာဟာ ၂ နိုင်ငံကြား နောက်ဆုံး ပူးတွဲလေ့ကျင့်မှု ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောကြားလိုက်ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျနိုင်ငံကို တရားစွဲဖို့ ခွင့်ပြုတဲ့ဥပဒေမူကြမ်းကို သမ္မတ Barack Obama က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကို အမေရိကန်ကွန်ဂရက်က လက်မခံကြောင်း မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ သောကြာနေ့က ရထားတစင်း တိမ်းမှောက်ပျက်စီးခဲ့ပြီးနောက် အခုတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆုံးသတ်လိုက်ပါပြီ။