မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကြာတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုလိုက်ပါတယ်။
Telenor ဆက်သွယ်ရေး ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်အတွင်း ကုမ္ပဏီရဲ့အမြတ်ငွေ ပမာဏ အကြီးအကျယ် ကျဆင်းသွားရတာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွါခဲ့တာဟာ အဓိကအကြောင်းအရင်းတရပ်ဖြစ်တယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှ ာထုတ်ပြန်ကြေညာပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer အနေနဲ့ မြန်မာနိုင်ငံကိစ္စဖြေရှင်းရေး အာဏာခွဲဝေယူရေး Power sharing လို့ပြောဆို သုံးနှုန်းခဲ့ခြင်းမရှိကြောင်း အထူးကိုယ်စားလှယ်ရဲ့ရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ဖြေရှင်းထားပါတယ်။
အိသန့်စင်
မနှစ် က သဘောထူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် အပေါ်မှာ တိုးတက်မှု ရှိခဲ့ရင် လို့ အကြောင်းခံပြီး၊ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ကို သူ ဖိတ်ကြားခဲ့တယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် က ဒီနေ့ အင်္ဂါနေ့ မှာ ပြောပါတယ်။
ယူကရိန်း နယ်စပ် မှာ ရုရှား စစ်ရေး လှုပ်ရှားမှုတွေ တိုးလာတာ ကို တုန့်ပြန်တဲ့အနေနဲ့ အရှေ့ဥရောပ ကို နေတိုး အဖွဲ့ဝင် နိုင်ငံတွေ က သင်္ဘောတွေ နဲ့ တိုက်လေယာဉ်တွေ ကို ပိုပြီး ပို့နေကြပါတယ် လို့ နေတိုးအဖွဲ့ က တနင်္လာနေ့ မှာ ပြောပါတယ်။
၂၀၃၀ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က ကလေးငယ်တွေအားလုံး ပညာရေးနဲ့ ဘဝတသက်တာ သင်ယူမှုအခွင့်အလမ်းတွေကို တန်းတူရရှိဖို့ အာမခံလို့မရနိုင်သေးဘူးလို့ တနင်္လာနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ ဓာတ်ငွေ့အထွက်နည်းလာတာကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားပေမယ်လို့ ဆက်လက်လည်ပတ်နိုင်အောင် မိတ်ဖက်နိုင်ငံတွေနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက နည်းပညာနဲ့ အကူအညီတွေ ရယူသွားမယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြော
Abu Dhabi မြို့ ကို ပစ်မှတ်ထားတဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်း ကို ကြားဖြတ် တိုက်ခဲ့တယ်လို့ ယူအေအီး နိုင်ငံ က တနင်္လာနေ့ က ပြောပါတယ်။ ဒုံးကျည် ရဲ့ အပိုင်းအစတွေ က အန္တရာယ် မရှိ ကျရောက်ခဲ့ပြီး ဘယ်သူ့ ကို မှ မထိခိုက်ခဲ့ဘူး လို့ ယူအေအီး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲသစ်တွေ အလျင်အမြန် ကူးစက်ပြန့်နှံ့နေပြီလို့ တာဝန်ရှိသူတွေ တနင်္လာနေ့မှာ ကြေငြာပါတယ်။ အစိုးရအနေနဲ့ ပိုးကူးခံရသူအရေအတွက်နည်းသွားအောင် လူတွေကို quarantine ချ သီးခြားခွဲထားတဲ့စနစ်ကို ပြောင်းလဲသင့်တယ်လု့ိ တောင်ကိုရီးယား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးက ပြောကြား
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ၊ ထင်ရှားတဲ့ Rap ဂီတသမား ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘဲလားရုရှ်လို ကမ္ဘာတဝန်းက အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး ဒီမိုကရေစီစနစ် မတည်မငြိမ်ဖြစ်အောင်၊ သူတို့ရဲ့သြဇာအာဏာကြီးထွားအောင် လုပ်နေတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဝေဖန်လိုက်ပါတယ်။
တရုတ်နိုင်ငံ ရှင်ကျန်းဒေသ လူနည်းစု ဝှီဂါမွတ်လင်တွေအပေါ် တရုတ်အစိုးရက genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ crimes against humanityလူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြောဆိုရှုတ်ချဖို့ အဆိုကို ပြင်သစ်လွှတ်တော်က ကြာသပတေးနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှု ဒုတိယအကြိမ် ကြားနာပွဲအတွက် စစ်ကောင်စီဘက်က ဝန်ကြီးတဦး ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့စီစဉ်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မကြာခင်က မြန်မာနိုင်ငံခရီးစဉ်အတွင်းရခဲ့တဲ့ တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှု လျော့ကျလာတဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို ရောက်လာတဲ့ သူတွေအနေနဲ့ ကာကွယ်ဆေးထိုးထားတယ်ဆိုရင် သီးသန့်ခွဲပြီး ကွာရန်တင်း ဝင်နေစရာမလိုဘဲ ကင်းလွတ်ခွင့်ရမှာ ဖြစ်
ရုရှားနဲ့ ယူကရိန်းနယ်စပ်တလျှောက် တင်းမာမှုတွေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ အဓိကမဟာမိတ် တွေနဲ့လည်း ဒီကိစ္စ ဆွေးနွေးတိုင်ပင်တာတွေလုပ်ဖို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်နေ
ရုရှားအနေနဲ့ ယူကရိန်းနဲ့ပတ်သက်ပြီး ရန်လိုမှုတွေ လုပ်နေမယ်ဆိုရင်၊ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန်တုံပြန်သွားမယ်လို့ ယူကရိန်းနိုင်ငံမြို့တော် Kyiv ရောက်ရှိနေတဲ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က VOA နဲ့ တွေ့ဆုံမေးမြန်းစဉ် သတိပေးပြောကြားခဲ့ပါတယ်။
NLD အစိုးရလက်ထက် ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို အဂတိအမှု၃မှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူအပါအဝင် NLD အစိုးရလက်ထက် ပြည်နယ်ဝန်ကြီးတာဝန်ယူခဲ့သူ ၅ ဦးကိုလည်း အဂတိမှုနဲ့ နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်တာပါ။
နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် မြန်မာနိုင်ငံဘက်က ချေပခဲ့တာတွေအပေါ် ကြားနာပွဲတရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လုပ်သွားမယ်လို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့ အခြေစိုက် ICJ တရားရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်
နောက်ထပ်ကြည့်ရှုရန်