တရုတ်နိုင်ငံမှာ ပိုမိုချမ်းသာတဲ့ ဘီလီယံနာ သူဌေးတွေ ထပ်မံပေါ်ထွက်လာတဲ့အတွက် လက်ရှိတရုတ်ထိပ်တန်းဘီလီယံနာတွေ အဆင့်လျော့ကျကုန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက Hurun Global ငွေကြေးနဲ့ရင်းနှီးမြှုပ်နှံမှု သုတေသန အဖွဲ့ကနေ ၂၀၂၂ ခုနှစ်ကမ္ဘာ့အချမ်းသာဆုံးစာရင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချုံဖော်ပြည်နယ်ထဲမှာ မတ်လ၂၃ရက်နေ့က အထောက်အထားမဲ့ မြန်မာ၃၅ဦးလိုက်ပါလာတဲ့ ကားတစီး ဟာ လုံခြုံရေးရဲစစ်ဆေးရေးဂိတ်မှ ာမရပ်ပဲမောင်းပြေးတာကြောင့် ကားတိမ်းမှောက်မူ့ဖြစ်ခဲ့ပြီး အဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူကယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာပဲ တရားဝင် သတ်မှတ်ကြေညာလိုက်ပါတယ်။ စစ်ရာဇဝတ်မှု ကျုးလွန်သူတွေကို အရေးယူနိုင်အောင် လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့တာပါ။
အာဖဂန်စ္စတန်မှာ ဆောင်းရာသီပိတ်ရက်ပြီးနောက် မတ်လ ၂၃ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ပေမယ့်၊ မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ အထက်တန်းအဆင့်ကို တက်ခွင့်မပေးဘဲ တာလီဘန်တွေက ဆက်လက် ပိတ်ပင်ထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ဝေဖန်လိုက်ကြပါတယ်။
ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲဟာ အနိုင်ရမယ့် စစ်ပွဲမဟုတ်တာကြောင့် သက်ဆိုင်သူတွေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် လွှတ်တော်အမတ်တွေရဲ့ စာထဲမှာတော့ ထိုင်းနိုင်ငံမှာ ဥပဒေသစ်ကို ပြဌာန်းလိုက်မယ်ဆိုရင် အာရှတိုက်မှာ အတင်းကျပ်ဆုံး NGO ဥပဒေ ဖြစ်လာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
ယူကရိန်းမြို့တော်နဲ့ တခြားမြို့တွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ၂ ဦးဟာ ယူကရိန်းကို ရုရှား ကျူးကျော်မှု နဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ဗီဒီယို အွန်လိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့ပျော်ရွှင်စွာ နေနိုင်တဲ့နိုင်ငံများစာရင်းထဲမှာ Finland နိုင်ငံက နံပတ် ၁ အဖြစ်နဲ့ ၅ ကြိမ် ဆက်တိုက်ရှိ နေပြီး မြန်မာနိုင်ငံကတော့ အဆင့် ၁၂၆ နေရာမှာရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားအနိုင်ကျင့်တာတွေကို အဆုံးသတ်အောင်လုပ်ဖို့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီအနေနဲ့ လက်နက် ပိတ်ပင်ရေးနဲ့ ပိုမိုထိုရောက်တဲ့ပိတ်ဆို့အရေးယူရေးအပါအဝင်မြန်မာနိုင်ငံ ဆိုင်ရာမဟာဗျူဟာတရပ်ချမှတ်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ Human Right Watch (HRW) ကတိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး၊ လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းတွေ ပိုဆိုးလာနေတဲ့အတွက်၊ အရပ်သား ပြည်သူတွေဒုက္ခခံစားနေကြရကြောင်း ကုလသမဂ္ဂတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Dujarric က သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးဆက်လုပ်နေတာမှာ မင်းကင်းမြို့ တောင်တွင်းချောင်ဒေသက ရွာတွေကို အခုရက်ပိုင်း ရှင်းလင်းနေပါတယ်။ အခုလို စစ်ကိုင်းတိုင်းထဲမှာဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်း ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ယူကရိန်းအပေါ် ရုရှားကျုးကျော် တိုက်ခိုက်မှုနဲ့ ၂ နိုင်ငံကြား စီးပွားရေးပြိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Joe Biden သောကြာနေ့မှာ ဆွေးနွေးမယ့်အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းထားတဲ့အနေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက လိုက်နာဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်-အီရန်နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်တဲ့ Nazanin Zaghari-Ratcliffe နဲ့ Anoosheh Ashouri ကို အီရန်ကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံကို ပြန်လည်ရောက်လာဖို့ရှိနေပါတယ်။
ပြင်သစ် Total စွမ်းအင်ကုမ္ပဏီက သူတို့အနေနဲ့ မြန်မာနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းရာမှာ လျော်ကြေးပေးဖို့ တောင်းခံမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားကနေ ရေနံစိမ်းတွေ ဝယ်ယူနိုင်ဖို့ အိန္ဒိယက နည်းလမ်းတွေ ရှာဖွေနေပါတယ်။ ရေနံစိမ်းတွေ ဝယ်ယူဖို့ ရုရှားနဲ့ ဆွေးနွေးနေကြောင်း အိန္ဒိယ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဝန်ကြီး Hardeep Singh Puri က အင်္ဂါနေ့မှာ ပါလီမန်ကို ပြောကြားလိုက်တာပါ။
ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုတွေ သီတင်း ၃ ပတ်လောက် ရှိလာချိန်မှာပဲ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ဥရောပကောင်စီ အဖွဲ့ဝင် အဖြစ်ကနေ ရုရှားနိုင်ငံ နုတ်ထွက်လိုက်ပါတယ်။
ယူကရိန်း သမ္မတက အကူအညီပေးဖို့ ပန်ကြားလိုက်ပြီးနောက်မှာပဲ လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းတွေ အပါအဝင် ဒေါ်လာသန်း ၈၀၀ ကူညီထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်