ယူကရိန်းနိုင်ငံကို ကာကွယ်နိုင်အောင် ပိုမိုဆောင်ရွက်ပေးကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို ယူကရိန်းသမ္မတက တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ပိုမိုပေးအပ်ဖို့နဲ့ ယူကရိန်းလေပိုင်နက်ကို လေယာဉ်မပျံသန်းရဇုန်နယ်မြေအဖြစ် သတ်မှတ်ဖို့လည်း အမေရိကန်သမ္မတ Joe Biden နဲ့ လွှတ်တော်ကို ပန်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာရှိတဲ့ ငွေစက္ကူ အတုတွေကို မထိန်းနိုင်တဲ့အကြောင်း မီဒီယာ တချို့ရဲ့ ဖော်ပြချက်တွေဟာ မမှန်ကြောင်း ဗဟိုဘဏ် အဆင့်မြင့်တာဝန်ရှိသူတဦးက ငြင်းဆန်လိုက်ပါတယ်။ မမှန်မကန် ရေးသားဖော်ပြတဲ့ သူတွေကို အရေးယူမယ်လို့လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော် က ပြောပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲအတွင်း သတင်းရယူနေတဲ့ အမေရိကန် FOX သတင်းဌာနက ကင်မရာသမား Pierre Zakrzewski ဟာ တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးသွားခဲ့ကြောင်း အင်္ဂါနေ့မှာ FOX သတင်းဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။
ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားမှာ သတင်းတိုက်ရိုက် ထုတ်လွှင့်နေစဉ် စစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ကာ ရုတ်တရက် ဝင်ရောက်ဆန္ဒပြခဲ့တဲ့ ရုပ်သံဝန်ထမ်း အမျိုးသမီး Marina Ovsyannikova ကို ရုရှား တရားရုံးတရုံးမှာ အင်္ဂါနေ့က တရားစွဲဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ရုရှားက ယူကရိန်း ကိုကျူးကျော်တဲ့ တလပြည့်နေ့ မတ်လ ၂၄ ရက်နေ့မှာ NATO ထိပ်သီးခေါင်းဆောင်တွေနဲ့ အထူးအရေးပေါ် ထိပ်သီးဆွေးနွေးဖို့ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တော်ကို သွားရောက်မယ်လို့ အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ကအင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကမအိသဉ္ဇာမောင်အပါအဝင် အာရှတိုက်က ဗီယက်နာမ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ကမ္ဘာတဝှမ်းက အမျိုးသမီး၁၂ ဦးကို၂၀၂၂ ခုနှစ် ရဲရင့်သောအမျိုးသမီးဆု International Women of Courage Award ဆုရှင်တွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနကနေ ဒီကနေ အွန်လိုင်းဆုပေးပွဲပြုလုပ်ချီးမြှင့်လိုက်ပါတယ်
သမ္မတ ပူတင် ရဲ့ အသင်းအဝိုင်း ရုရှား စီးပွါးရေး လုပ်ငန်းရှင်တွေ အပေါ် Australia နိုင်ငံ က အမေရိကန်၊ ဗြိတိန်တို့ နဲ့ အလားတူ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အဲဒီ လုပ်ငန်းရှင်အများစုက ဂျူးတွေဖြစ်ကြတာမို့ အစ္စရေးနိုင်ငံ အတွက်တော့ အရေးယူရ အခက် ပြဿနာ တက်နေပါတယ်။
ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အသုံးချပြီး ယူကရိန်းဓါတ်ခွဲခန်းတွေမှာ ဇီဝလက်နက်တွေ ထုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ေတွေ သတင်းမှားတွေကို ဖြန့်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက သောကြာနေ့မှာ ဝေဖန်လိုက်ကြပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့က တယ်လီဖုံးဆက်သွယ်ပြီး ယူကရိန်းကို ဝင်တိုက်တဲ့ ရုရှား အထိနာအောင် အမေရိကန်နဲ့ မဟာမိတ်တွေ တိုးမြှင့် အရေးယူနေကြောင်း ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော် တိုက်ခိုက်မှုကို ထောက်ပြပြီး ဆွီဒင်နိုင်ငံမှာ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သတ်မှတ်ဖို့ ဝန်ကြီးချုပ် Magdalena Andersson က တိုက်တွန်းလိုက်ပါတယ်။ တိုင်းပြည် GDP ရဲ့ ၂ %အထိ တိုးမြှင့်သုံးစွဲမယ့်အစီအစဉ်ကို အမြန်အကောင်အထည် ဖော်ဖို့လည်း ကြာသပတေးနေ့ကပဲ တိုက်တွန်းလိုက်တာပါ။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက Mariupol ဆိပ်ကမ်းမြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဟူးနေ့က သားဖွားဆေးရုံတရုံ ပျက်စီးသွားပြီး၊ အဆောက်အဦး အပျက်အစီးတွေအောက်မှာ ကလေးတွေ အပါအဝင် ပိတ်မိနေသူတွေ ရှိကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky ကပြောလိုက်ပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို တတိယအကြိမ် ထပ်မံတိုးမြှင့်ဖို့ ဥရောပသမဂ္ဂ (EU) က သဘောတူလိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တချိန်တည်းမှာပဲ ဥရောပမှာ စစ်ပွဲတွေ ပျံ့နှံ့မလာအောင် ရှောင်ရှားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို အမေရိကန်အစိုးရက NATO မဟာမိတ်တွေနဲ့ ဆွေးနွေးတိုင်ပင်နေချိန်မှာပဲ အမေရိကန်ဒုသမ္မတ Kamala Harris ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဆိုးဝါးဆုံး ခြိမ်းခြောက်မှုတခု အဖြစ် ကုလသမဂ္ဂလူ့အခွင့်ရေးကော်မရှင်နာမင်းကြီး Michele Bachelet က သတိပေးလိုက်ပါတယ်။ ယူကရိန်းမှာ သန်းပေါင်းများစွာသော ပြည်သူတွေ အသက်ဘေး စိုးရိမ်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်