ယူကရိန်းကို ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှု သီတင်းပတ် ၆ ပတ် ထဲ ရောက်လာနေချိန်မှာပဲ၊ တချို့နေရာတွေမှာ ယူကရိန်းတပ်တွေ အသာစီးရလာနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော် အနီးမှာ ရုရှားတပ်တွေကို အသာရနေကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ပြောဆိုခဲ့တာပါ။
သီရိလင်္ကာနိုင်ငံမှာ မကြုံဖူးလောက်အောင် စီးပွားရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် မကျေနပ်ကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ သမ္မတအိမ်ကို အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့ပြီး နောက်တနေ့ သောကြာနေ့မှာပဲ သမ္မတက နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဒါဇင်နဲ့ချီတဲ့ ခရစ်ယန်ဘုရားကျောင်းတွေ၊ သမိုင်းဝင်နေရာတွေနဲ့ ပြတိုက်တွေ ဟာ ယူကရိန်းမှာ ကြုံနေရတဲ့ စစ်ပွဲကြောင့် ပျက်စီးခဲ့ရကြောင်းနဲ့ အထူးသဖြင့် နိုင်ငံ့မြောက်ပိုင်း Chernihiv မြို့အတွက်စိုးရိမ်နေရတယ်လို့ UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။
အာဖဂန်နစ်စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး စစ်ကြောင့်ပျက်စီးယိုယွင်းနေတဲ့ အာဖဂန်နိုင်ငံကို ထောက်ခံပံ့ပိုးကြောင်းပြသခဲ့ကြပါတယ်။ တာလီဘန်တွေဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်အကာအကွယ်ပေးရေးမှာ အရေးပါကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
တရုတ်အရာရှိတွေအတွက် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုတွေ လုပ်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်အရာရှိတွေအပေါ် ဗီဇာကန့်သတ်မှုတွေလုပ်မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံက အချက်အခြာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မှာ၊ ဒေသန္တရအဆင့် ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အရပ်သားတွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ဖို့ စီစဉ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ သဘာဝတောရိုင်း သတ္တဝါတွေ တရားမဝင်ရောင်းဝယ်မှု တိုးလာနေပြီး ဒါဟာ မျိုးတုံးတော့မယ့် အန္တရာယ် ကြုံနေရတာ ဖြစ်ကြောင်း WWF ကမ္ဘာ့တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ရံပုံငွေအဖွဲ့က မတ်လ ၃၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြဿနာတွေ အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဟာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုမှာ ထိပ်ဆုံးက နေရာယူနေတယ်လို့လည်း “အာရှဒေသ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ဖိနှိပ်မှု” ခေါင်းစဉ်နဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲကို ဦးဆောင်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် Edward Markey ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ဒီကနေ့မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။
တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုပေါင်း ဆက်လက်ကျဆင်းနေပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က တော့ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေက ၄၃ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲတွေကြောင့် ယူကရိန်းနိုင်ငံကနေ ထွက်ပြေးရသူ ကလေး ၂ သန်းလောက် ရှိနေပြီး၊ နိုင်ငံထဲမှာပဲ နေရပ်စွန့်ခွာ နေထိုင်နေရသူ ၂ သန်းခွဲလောက် ရှိနေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကပြောပါတယ်။
မြန်မာ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ရတဲ့ ပြသနာတွေ အပေါ် စကာၤပူနဲ့ အမေရိကန်တို့ အထူး စိုးရိမ်ကြောင်း အမေရိကန် သမ္မတ Joe Biden က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းမြို့တော် Kyiv နဲ့ မြောက်ပိုင်းမြို့ကြီး Chernihiv မြို့တွေကို ရုရှားတပ်တွေက တိုက်ခိုက်မှု လျှော့ချသွားမယ်လို့ ပြောတဲ့ အပေါ် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စောင့်ကြည့်သွားမယ်လို့ အင်္ဂါနေ့မှာ အမေရိကန် သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။
သူလျှိုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားသံတမန် ၁၇ ယောက်ကို နှင်ထုတ်လိုက်ကြောင်း နယ်သာလန်နိုင်ငံက အင်္ဂါေနေ့မှာ ကြေညာလိုက်ပြီးနောက် တခြားဥရောပနိုင်ငံတွေကတွေလည်း အလားတူကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာ့အရေးမှာလည်း အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းက အားပေးကူညီဖို့ ပန်ကြားခဲ့ပါတယ်။
အဖမ်းခံနေရတဲ့ သတင်းထောက် ဦးဟံသာမြင့် နဲ့ ဦးသန်းထိုက်အောင် တို့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့နဲ့ မြန်မာ သတင်းသမားတွေကို သူတို့ရဲ့ လုပ်ငန်းကြောင့် အပြစ်ဒဏ်ချမှတ်နေတာတွေ ရပ်ဆိုင်းဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က မတ်လ ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ကြာသပတေးနေ့က အာဖဂန်နစ်စတန်နိုင်ငံကို မေ ျှာ်လင့်မထားပဲ ရုတ်တရက် သွားရောက်ခဲ့ပြီး တာလီဘန်အာဏာပိုင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးခဲ့တဲ့ အပြင် အာဖဂန်နစ်စတန်အပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က အွန်လိုင်းကနေ တိုက်ရိုက်မိန့်ခွန်းပြောကြားရာမှာ ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအပေါ် အစောပိုင်းမှာကတည်းက ထောက်ခံမှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး၊ ဒီထက် ကူညီအားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်