ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွင်း အကြမ်းဖက်မှုတွေ တိုးလာနေချိန်မှာပဲ ယူကရိန်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် လိင်မှုအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လူကုန်ကူးမှု အန္တရာယ်တွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
လူနေထူထပ်တဲ့ နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးမပြုဖို့ ကုလသမဂ္ဂမှာ သဘောတူညီချက်တရပ်အတွက် ဆွေးနွေးနေတာ ပြီးစီးအောင်မြင်တော့မှာဖြစ်ပြီး လာမယ့် ဇွန်လဆန်းပိုင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ဆုတ်ယုတ်ကျဆင်းလာနေပြီး အထူးသဖြင့်တော့ နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ လက်ရှိ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဒုက္ခရောက်နေဆဲ ဖြစ်ကြောင်း မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောဆိုထားပါတယ်။
အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ကျင်းပဖို့ ရှိနေတာကနေ ရွှေ့ဆိုင်းနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာပြီးနောက် တနလာၤနေ့မှာ နိုင်ငံတဝန်း ကျောင်းသား ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အိန္ဒိယဘက်က ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အမေရိကန်က တွန်းအားပေးနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ တနင်္လာနေ့မှာ အွန်လိုင်းကနေ တွေဆုံခဲ့ကြပါတယ်။
ပါကစ္စတန် လွှတ်တော်က Shehbaz Sharif ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် အဖြစ် တနလာၤနေ့မှာ ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်လာချိန်မှာပဲ ထိုင်ဝမ်ကျွန်းမှာ တရုတ် ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ကျွန်းသားတွေ ခုခံဖို့ အဆင်သင့်ဖြစ်ကြရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ဒုတိယ အုပ်ချုပ်ရေးအရာရှိ Isobel Coleman တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ USAID ကထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ ဘူတာရုံကို ရုရှားရဲ့ သောကြာနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိသလို ဒါဟာ နိုင်ငံတကာလူသားချင်း စာနာမှု ဆိုင်ရာနဲ့ လူ့အခွင့်ရေးဆိုင်ရာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖေါက်လိုက်တာ ဖြစ်ပြီး ကျူးလွန်သူတွေကို အရေးယူရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ Thawatchai Aomchompoo ကို မြန်မာရဲတပ်ဖွဲ့က သောကြာနေ့ မှာ ထိုင်းတာဝန်ရှိသူတွေထံကို လွဲှပြောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပုန်းအောင်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့တာပါ။
UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေလို့ မြို့တော်ပန်ဆန်းမှာ ကျန်းမာရေး ဝန်ထမ်းတွေ လိုအပ်လာတာကြောင့် စေတနာ့ဝန်ထမ်းတွေအဖြစ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်နေပါတယ်။
NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့ RCSS/SSA ရဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းတုန်မြို့နယ် မိုင်းထား ဒေသအတွင်းက တပ်စခန်းကို UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ၂ ဘက်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီသတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေ ထိန်းချုပ်တဲ့ ဥပဒေသစ်တရပ်ကို ချမှတ်ပြီး ဗဟိုဘဏ်က ထိန်းချုပ်လိုက်တာကြောင့် မိမိတို့စီးပွားရေးလုပ်ငန်းတွေ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေနဲ့ ကြုံတွေရလိမ့်မယ်လို့ ရန်ကုန်မြို့မှာရှိကြတဲ့ စင်္ကာပူ နဲ့ ဂျပန် သံရုံးတို့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းအပေါ် ကျုးလွန်မှုတွေအတွက် ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ထုတ်သင့်၊ မသင့် အထွေထွေ ညီလာခံမှာ ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ လူ့အခွင့်အရေး ကောင်စီကနေ ရုရှားကို ထုတ်ဖု့ိအတွက် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၃ ပုံ ၂ ပုံ က ထောက်ခံဖို့ လိုပါတယ်။
ရုရှားမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့နဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ အရွယ်ရောက်သူ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတာ အပါအဝင် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို ချမှတ်လိုက်ကြောင်း အမေရိကန်နဲ့ အနောက်မဟာမိတ်တွေက ကြေညာလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းကတည်းက မြန်မာပြည်သူတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံအားပေးခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Vajda နဲ့တွေ့ဆုံဆွေးခဲ့ရတာကို တန်ဖိုးထားပါကြောင်း အမေရိကန် ကွန်ကရက် Senate အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch Mc Connell က ကြေညာချက်ထုတ်ပြန်ပါတယ်။
အမေရိကန် စစ်တပ်က အသံထက် ၅ ဆ မြန်တဲ့ hypersonic ဒုံးကျည်သစ် တစင်းကို စမ်းသပ်ကြောင်း အင်္ဂါနေ့က ကြေညာပါတယ်။ ခေတ်ရှေ့ပြေး လက်နက်နည်းပညာမှာ တရုတ်နဲ့ ရုရှားတို့နဲ့ တန်းတူ ဖြစ်စေမယ့် ဒါမှမဟုတ်လည်း သာလွန်အောင် လုပ်ဖို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် တာဝန်ရှိသူတွေ ကြိုးစားနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အပေါ်အရေး ယူဖို့ပျက်ကွက်တာကို ယူကရိန်းသမ္မတက သတိပေးပြောကြားလိုက်ပြီး၊ ရုရှားအစိုးရအနေနဲ့ ဒီရာဇဝတ်မှုအတွက် တာဝန်ယူရမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ထောက်ပံနိုင်ဖို့နဲ့ အရပ်သားတွေကို လုံခြုံစွာကယ်ထုတ်နိုင်ဖို့အတွက် လူသားခြင်းစာနာမှုဆိုင်ရာလမ်းကြောင်းတွေ အလျင်အမြန်ဖွင့်ပေးဖို့ လိုတယ်လို့လည်း IOM အကြီးအကဲကပြောဆိုပါတယ်။
ယူကရိန်းမြောက်ပိုင်းမှာ ဒီသီတင်းပတ်ထဲမှာ ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားတဲ့နောက် မြို့တော် Kyiv နားက Bucha မြို့ကလေးမှာ ရာနဲ့ချီတဲ့ ဒေသခံတွေ သေဆုံးနေတာဟာ ရုရှားတပ်တွေရဲ့ ရက်စက်မှုအထောက်ထားတွေ ဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ရုရှားနဲ့ညှိနှိုင်းဖို့ ခက်ခဲစေတယ်လို့ ယူကရိန်းသမ္မတ Zelenskiy ကပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်