ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အိမ်ကိစ္စအမှုကို တနလာၤနေ့မှာ တရားရုံးချုပ်မှာ အပြီးသတ် ကြားနာခဲ့ပါတယ်။ရန်ကုန်မြို့က မိသားစု အိမ်ကို ခွဲဝေရေး ဦးအောင်ဆန်းဦးရဲ့အထူးအယူခံကိုကြားနာဖို့ နေပြည်တော် တရားရုံးချုပ်ကပြီးခဲ့တဲ့ အောက်တိုဘာမှာလက်ခံကြောင်း AP သတင်းကဖာ်ပြပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့အပေါ် ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တွေအတွင်း လွှတ်တော်က အတည်ပြုလိုက်နိုင်တဲ့ သေနတ်ကိုင်အကြမ်းဖက်မှုလျော့ပါးရေးမူကြမ်းကို ဥပဒေအဖြစ်အတည်ပြုနိုင်ဖို့ သမ္မတဂျိုးဘိုင်ဒန် ဆီပေးပို့လိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့ တချိန်တည်းမှာပဲ တရားရုံးချုပ်အပေါ် ယုံကြည်မှုဟာ သမိုင်းတလျှောက် အနိမ့်ဆုံးရောက်နေကြောင်း လူထုသဘောထား စစ်တမ်းသစ်က တွေ့ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဖမ်းမိခဲ့သမျှထဲ အကြီးဆုံး မြန်မာစပါးအုံးမြွေကြီးတကောင်ကို ဇီဝဗေဒပညာရှင်အဖွဲ့တခုက ဖမ်းမိခဲ့ပါတယ်။ အလေးချိန် ၂၁၅ ပေါင်ရှိပြီး၊ ၁၈ ပေရှည်တဲ့ စပါးအုံးမြွေအမကြီးမှယ ဥ ၁၂၂ လုံး ရှိနေတာလည်း တွေ့ရတယ်။
အင်တာနက်မှာ အချက်အလက်တွေကို ဖောက်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange ကို သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်ဖို့ အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးရေး ဗြိတိန်အစိုးရက သောကြာနေ့မှာ လက်ခံလိုက်ပါတယ်။
ရုရှား သတင်းစာဆရာ တဦးလည်းဖြစ် ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးလည်းဖြစ်တဲ့ Dmitry Muratov က ယူကရိန်းဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ၊ သူ ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လေလံတင် ရောင်းချမှာဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ရပြီးနောက် သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေကို လွှတ်တော် အမတ်တွေဘက်က အတည်ပြုကြဖို့ တောင်းဆိုတဲ့ အနေနဲ့ မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် နိုင်ငံတဝန်းမှာ စနေနေ့က လူပေါင်း ရာချီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ဟာ တနင်္ဂနွေနေ့မှာ Texas ပြည်နယ်က သေနတ်သမားရဲ့ လက်ချက်နဲ့သေဆုံးခဲ့ရတဲ့ မူလတန်းကျောင်းသား ၁၉ ဦးနဲ့ ဆရာမ ၂ ဦး ရဲ့ကျန်ရစ်သူ မိဘဆွေမျိုးတွေ ရှိရာUvalde မြို့ကို သွားရောက်ပြီး အားပေးနှစ်သိမ့် စကားပြောကြားခဲ့ ကြပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အထမမြောက်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
နိုင်ငံပေါင်း ၂၀ ကျော်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀၀ လောက်ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ဒီရောဂါဟာ ထိန်းချုပ်လိုရနိုင်ပြီး ကမ္ဘာပေါ်မှာ ရနိုင်သမျှသော ကာကွယ်ဆေး နဲ့ ဆေးဝါးတွေကို စုဆောင်းသိုမှီးထားဖို့နဲ့ အညီအမျှခွဲဝေသုံးစွဲကြဖို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ မိုင်းဒဏ်ကြောင့် ဒီနှစ်ဆန်းမှာပဲ သေကျေထိခိုက်သူ ရာကျော် ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အီးယူ ဥရောပသမဂ္ဂထဲ ဝင်ဖို့အတွက် လေ ျှာက်လွှာဖြည့်ပြီး Kyiv ကို ရောက်နေတဲ့ ယူကရိန်းဆိုင်ရာ အီးယူသံအမတ်ကြီး Matti Maasikas ကို တနင်္လာနေ့က ပေးအပ်လိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အသစ်ခန့်အပ်လိုက်တဲ့ အစိုးရဝန်ကြီးသစ် ၁၇ ဦးနဲ့နာမည်စာရင်းတွေကို သမ္မတ Gotabaya Rajapaksa တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။
Covid-19 ကပ်ရောဂါအဆုံးသတ်ရေး နိုင်ငံတကာရဲ့ကြိုးပမ်းချက်တွေနဲ့ အနာဂတ်မှာပေါ်ပေါက်လာမယ့် မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားမလဲဆိုတာ မေလ ၁၂ ရက်နေ့မှာအွန်လိုင်းကနေဆွေးနွေးမယ့် ဒုတိယ ညီလာခံကို အမေရိကန်ပြည်ထောင်စုက ပူးတွဲကျင်းပသွားမယ်လို့သမ္မတအိမ်ဖြူတော်ကကြေငြာပါတယ်။
ပြင်သစ်အစိုးရအနေနဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိလာတဲ့ ယူကရိန်းဒုက္ခသည်တွေကို အရေးပေါ်ယာယီတည်းခိုရာဖို့ နေရာတွေမှာထားပြီးနောက်၊ နေထိုင်ရေးနဲ့ မိသားစုအတွက် အထောက်အပံ့ တွေရရှိအောင်စီစဉ်ပေးသွားမယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
Al Jazeera သတင်းဌာန ရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ် နည်းပညာနဲ့ ပုံဖော်ပြသတဲ့ This is Myanmar’s State of Fear ဆိုတဲ့ သတင်းဆောင်းပါးကို ဒီနှစ် ၂ဝ၂၂ ရဲ့ Sigma Awards ဆု ပေးအပ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဌာနက ၂၀၂၁ ခုနှစ် အတွက် နိုင်ငံအလိုက် လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန်တာမှာ မြန်မာနိုင်ငံတွင်း ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဖော်ပြထားပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးထိုးစစ်ဆင်မှုတွေဟာ နောက်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတွက် ရပ်နားပေးမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်