တနင်္ဂနွေနေ့က ကျင်းပတဲ့ Wimbledon တင်းနစ် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ဆားဗီးယားနိုင်ငံသား Novak Djokovic (ဂျိုကိုးဗစ်ချ်)က သြစတြေးလျနိုင်ငံသား Nick Kyrgios(ကီးရီး အော့်စ်)ကို ၄-၆, ၆-၃, ၆-၄, ၇-၆ နဲ့ အနိုင်ရသွားပြီး Wimbledon ချန်ပီယံဆုကို သတ္တမကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။