ယူကရိန်းနိုင်ငံမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓါတ်အားပေးစက်ရုံကြီး ကို ရုရှားက တနင်္ဂနွေနေ့က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒါဟာ နျူကလီးယား အကြမ်းဖက်မှု လုပ်ရပ်ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ Jihad တို့ အကြား ဖြစ်ပွားနေကြတဲ့ တိုက်ပွဲတွေကို အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအပါအဝင် ၄နိုင်ငံက အထောက်အထားမဲ့ ရွှေပြောင်း အလုပ်သမားတွေအတွက် အထောက်အထား လက်မှတ်တွေ ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ သြဂုတ်လ ၄ရက်အတွင်း တရားမဝင်မြန်မာ ၂ဝဝကျော်ဖမ်းမိပြီး လူပွဲစား ၁၂ဦးကို ဖမ်းမိခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို အင်္ဂါနေ့ည ၁၁ နာရီလောက်မှာ ရောက်ရှိသွားခဲ့ပြီး သူရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ အားအင်ပြည့်ဝတဲ့ ဒီမိုကရေစီကို အမေရိကန်က ထောက်ခံအားပေးကြောင်း ပြသတာဖြစ်တယ်လို့ သူ့ရဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။
ယူနန်ပြည်နယ် အနောက်တောင်ပိုင်းက တာ့လီမြို့(Dali)နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကို ဆက်သွယ်မယ့် တာ့လီ- ရွှေလီ ရထားလမ်းပိုင်းရဲ့ ပထမတပိုင်းကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မသိင်္ဂီထိုက် က ပြောပြမှာပါ။
ကရင်ပြည်နယ် မြဝတီခရိုင် မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ၊ PDF ပြည်သူကာကွယ်ရေးတပ်တို့ပူပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းတို့ဟာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။
အာဖဂန်နစ္စတန်နိုင်ငံတွင်းက အရေးပါတဲ့ al-Qaida ကို ပစ်မှတ်ထားပြီး အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ရှားရှားပါးပါး စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အတွင်း အမေရိကန်က ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် အကြီးတန်းတာဝန်ရှိသူက တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ဟာ တနလာၤနေ့က စကာၤပူနိုင်ငံကို ရောက်ရှိပါတယ်။
များပြားလာတဲ့ နျူကလီးယား လက်နက် အန္တရာယ်တွေ ပိုပြီးကြီးမားလာရတာဟာ တားဆီးစောင့်ကြပ်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ကြဖို့ အားနည်းနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ နျူကလီးယား လက်နက် မပျံ့ပွားရေး ညီလာခံ အစမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၁ ဒဿမ ၂ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ် ။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျံခဲ့တဲ့အတွက် ကလေး ၄ ဦးအပါအဝင် သေဆုံးသူ ၂၅ ယောက်အထိရှိသွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိုင်ဝမ်ကျွန်းနဲ့ တဖက်ခြမ်း ကမ်းလွန်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။ ကမ်းခြေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ဗုဒ္ဓဟူးနေ့မနက်က ဒုတိယအကြိမ် ကိုဗစ်ထပ်မံစစ် ဆေးခဲ့ရာပိုးမတွေ့ရှိရတော့ဘဲ၊ ရောဂါပျောက်ကင်းတဲ့အရိပ်လက္ခဏာအဖြစ် ပထမ ဆုံးအကြိမ်အများပြည်သူမြင်ကွင်းမှာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
အာဖရိကတိုက် Congo နိုင်ငံ အရှေ့ပိုင်း မှာ အင်္ဂါနေ့က ကုလသမဂ္ဂကို ဆန့်ကျင်ဆန္ဒပြရာက အကြမ်းဖက် အဓိကရုန်းတွေဖြစ်ပွားပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ အရပ်သားတွေ အတော်များများလည်း သေဆုံးကုန်ပါတယ်။
ယူကရိန်းကို ကျူးကျော်အတွက် တုံပြန်မှုအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ် ထားတာတွေကို ဗြိတိန် နဲ့ ဥရောပသမဂ္ဂ EU တို့က ထပ်မံပြီး တိုးချဲ့လိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် လူထုဆန္ဒပြပွဲတွေ ၃ လကျော်ကြာ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတရုံးကို တနင်္လာနေ့မှာ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး အရပ်သားတွေ သေဆုံးတာရှိသလို နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အခြေအနေကို နန်းလောဝ် ကပြောပြပါမယ်။
လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ လက်ခံကြားနာခွင့်မရှိဘူးလို့ မြန်မာဘက်က ကန့်ကွက်ခဲ့ပေမယ့် ICJ က သောကြာနေ့က ပယ်ချခဲ့ပြီး လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုဝင်းမင်းက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
တောင်ကိုရီယားနဲ့မြောက်ကိုရီးယားအကြား အပြန်အလှန်နားလည်မှု တိုးတက်လာရေး ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်ကြာ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ အပါအဝင် သတင်းမီဒီယာတွေကို ကြည့်ရှုခွင့်ပေးသွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက သောကြာောနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden ဟာ Covid-19 ကူးစက်ခံထားရကြောင်း ဒါပေမယ့်လည်း ရောဂါ သိပ်ပြီး မပြင်းထန်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်