ဒီအပတ် နော်သဇင်က ၁၈ရာစု ၁၉ရာစုက လာနာရိုးရာအိမ်တွေကို ချင်းမိုင်တက္ကသိုလ် ပရဝဏ်အတွင်းမှာရှိတဲ့ ပြတိုက်မှာ သွားကြည့်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အိမ်တွေနဲ့ဆင်တူတဲ့ ပြတိုက်ထဲက ရိုးရာအိမ်တွေအကြောင်းကို နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ပြောပြထားပါတယ်။
ချင်းမိုင်တက္ကသိုလ် လာနာရိုးရာအိမ်ပြတိုက်မှာရှိတဲ့ ဘုံဘေဘားမား သစ် ကုမ္ပဏီမှာ သစ်ကုန်သွယ်ခဲ့တဲ့သစ်ကုန်သည်ကြီးရဲ့ ကိုလိုနီအိမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ အကြောင်း နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ချင်းမိုင်မြို့ပြင် မဲ့ရင်မြို့နယ်မှာ သစ်ခွပန်းမျိုးစိတ်ပေါင်းစုံ တွေ့ရတဲ့ ကော်ဖီဆိုင် Doi Chaang ကို သွားရောက်လည်ပတ်တဲ့ အကြောင်း ပြောပြထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာ ရှိတဲ့ ကျွန်းတွေဆီ လည်ပတ်ရင်း ဒီနှစ် နွေရာသီကို ကုန်ဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံ ကော့သောင်းမြို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းက ကျွန်းတွေရဲ့ အလှကို နော်သဇင်နဲ့အတူ သွားရောက် ကြည့်ရှုကြရအောင်ပါ။
ဒီအပတ် နော်သဇင်ရဲ့ Vlog အစီအစဉ် မှာ နိုင်ငံတကာက အခြားသောလူငယ်တွေလိုဘဲ ကျောပိုးအိတ်တစ်လုံးနဲ့ ထိုင်းနိုင်ငံတောင်ဘက်အကျဆုံး ကမ်းခြေမှာ မျှနေရတဲ့ အဆောင်ငှားပြီး တစ်ယောက်ထဲ ကရာဘီကမ်းခြေကို ခရီးထွက်တဲ့ အတွေ့အကြုံကို တင်ပြထားပါတယ်
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ဒီအပတ်နော်သဇင်က မစ်ချလင်းစတားရထားတဲ့ ချင်းမိုင်မြို့က စားသောက်ဆိုင်တွေကို သွားရောက်ခဲ့ပါတယ်။ အစားအသောက်ကျွမ်းကျင်သူတွေ အကဲဖြတ်ပြီး အသိအမှတ်ပြုပေးတဲ့ ဆိုင်လေးတွေကို သူနဲ့အတူ သွားပြီး ကြည့်ရှုအားပေးနိုင်ပါတယ်။
ထိုင်းနိုင်ငံအစိုးရ အသိအမှတ်ပြု International College တစ်ခုဖြစ်တဲ့ ချင်းမိုင်မြို့က Payap တက္ကသိုလ်ကို သွားရောက်လည်ပတ်တဲ့အကြောင်း နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။
ကြောင်တွေနဲ့အတူဆော့ကစားလို့ရပြီး ကော်ဖီလည်း မှာသောက်လို့ရတဲ့ ကော်ဖီဆိုင်ကို သွားတဲ့ အတွေ့အကြုံတွေကို ဒီတပတ် နော်သဇင် ပြောပြထားပါတယ်။
နော်သဇင်က ချင်းမိုင်မြို့က ဆောင်ခရန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်သွားလည်ခဲ့ပါတယ်။ ချင်းမိုင်မြို့မှာဘယ်လိုရေကစားကြသလဲဆိုတာ ကြည့်ရှုအားပေးနိုင်ပါတယ်။
ဒီအပတ်တော့ ထိုင်းနိုင်ငံမှာ အမြင့်ပေ ၁၈၀၀ မီတာဝန်းကျင်ရှိတဲ့ တောင်ပေါ်မှာ တည်ဆောက်ထားတဲ့အပြင် သစ်ပင်ပေါ်မှာ ဆိုင်တည်ထားတဲ့ The Giant လို့ခေါ်တဲ့ ကော်ဖီဆိုင်လေးဆီကို နော်သဇင် ခေါ်သွားပါလိမ့်မယ်။
အခုဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ထုတ်လွှင့်ပါ့မယ်။ ဒီအပတ်တော့ထိုင်းနိုင်ငံမှာ ဂေဟစနစ်နဲ့ လိုက်လျှောညီထွေဖြစ်အောင် တည်ထားတဲ့ မဲ့ကပေါင်ရွာလေးကို ရောက်နေပါတယ်။ ဒွိုင်ဆက်ကတ်တောင်ထိပ်မှာတည်ရှိထားပြီး ပြည်တွင်း ခရီးသွားဧည့်သည်တွေကြားထင်ရှားတဲ့ Ecotourism ရွာလေးကို လိုက်ပို့ပါလိမ့်မယ်။
အခုဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ထုတ်လွှင့်ပါ့မယ်။ ဒီတပတ်တော့ ချင်းမိုင်မြို့က သူ အကြိုက်ဆုံး တောင်တက်လမ်းတခုကို ခေါ်သွားပါလိမ့်မယ်။
အခုဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ထုတ်လွှင့်ပါ့မယ်။ ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဈေးအမျိုးအစား (၅) မျိုးကို တင်ဆက်ထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ကမ္ဘာပေါ်မှာ အလှဆုံး တက္ကသိုလ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ချင်းမိုင်တက္ကသိုလ်ကို သွားရောက်ရိုက်ကူးခဲ့ပါတယ်။ နော်သဇင်နဲ့အတူ ချင်းမိုင်တက္ကသိုလ်ရဲ့ ပြယုဒ်တွေကို လေ့လာကြည့်ရအောင်ပါ။
ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံ မဲ့ရင်ခရိုင်မှာရှိတဲ သိုးခြံထဲကို သွားလည်ပြီး ပထမဦးဆုံး သိုးကို စတွေ့ဖူးတဲ့အတွေ့အကြုံကို တင်ဆက်ထားပါတယ်။ ဒီသိုးခြံဟာ ချင်းမိုင်မှာရှိတဲ့ အကြီးဆုံး ရေကန်ကြီးထဲက တစ်ခုဖြစ်တဲ့ ဟွေတင်တောက် ရေကန်နားမှာရှိတာပါ။ ရှု့စားနိင်ပါပြီ။
ဒီအပတ် နော်သဇင်က လက်ဆောင်ရထားတဲ့ ဗီဒီယိုရိုက်ကူးတဲ့အကူ Stabilizer အသစ်လေးကိုဖောက်ပြပြီး ဇင်းမယ်မြို့ဟောင်းမှာ အစမ်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ အစမ်းရိုက်ကူးထားတဲ့ Silver temple Vlog လေးကို ကြည့်ရှုအားပေးကြပါဦးရှင်
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားကြရအောင်ပါ။ ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံမှာ အပူချိန် သုညဒီဂရီနီးပါးအေးတဲ့ တောင်ပေါ်မှာ ညအိပ်စခန်းချတဲ့ အတွေ့အကြုံကို တင်ပြပေးထားပါတယ်။ ညအိပ်စခန်းမှာ ဘယ်လို ဝန်ဆောင်မှုတွေပေးသလဲဆိုတာ ရှုစားအားပေးနိုင်ပါတယ်။
နွေဦးရာသီတိုင်းမှာ ချင်းမိုင်မြို့မှာ ပန်းပွဲတော်တွေ အကြီးအကျယ် ကျင်းပလေ့ရှိပါတယ်။ ဒီအပတ်မှာတော့ နော်သဇင်က ၂၀၂၃ မှာကျင်းပတဲ့ ချင်းမိုင်ပန်းပွဲတော်ကို ကိုယ်တိုင်သွားရောက် ဆင်နွှဲခဲ့တဲ့အကြောင်း တင်ပြထားပါတယ်။
ဆက်လက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားကြရမှာပါ။ ဒီအပတ်နော်သဇင်က ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွံ့နွံ ဒီရေတော တစ်ခုဖြစ်တဲ့ ပရန်ဘူရီအမျိုးသားဥယာဉ် ကိုသွားရောက်လည်ပတ်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်ငယ်ငယ်က အခြေခံကျောင်းဖတ်စာသင်ရိုးညွှန်းတန်းမှာ ပြဌာန်းသင်ယူခဲ့ရတဲ့ အန်ကောဝပ်ကျောင်းတော်ကြီးဆီ သွားရောက်လေ့လာခဲ့ပါတယ်။ ကမ္ဘာအကြီးဆုံး ဘာသာရေးအဆောက်အအုံနယ်မြေဟာ ဘယ်လိုပုံစံမျိုးနဲ့လည်ပတ်လို့ရနိုင်မလဲဆိုတာကို ရှုစားကြပါရှင်
နောက်ထပ်ကြည့်ရှုရန်