ဆက်လက်ပြီး နော်သဇင်ရဲ့ VLog အစီအစဉ်ကို တင်ဆက်ပါ့မယ်။ ဒီအပတ် နော်သဇင်က ကမ္ဘောဒီးယားမှာ ခမာရိုးရာတုတ်တုတ်စီးပြီး ဟောလိဝုဒ်ရုပ်ရှင် လာရိုက်ခဲ့တဲ့ Ta Prohm ကျောင်းတော်နဲ့ Siem Reap က အလှဆုံးနေဝင်ချိန်တွေကို သွားကြည့်ခဲ့ပါတယ်။ ရှုစားကြပါရှင်။
နော်သဇင်ရဲ့ Vlog အစီအစဉ်ကို ရှု့စားနိုင်ပါတယ်။ ကျောက်တုံးတွေနဲ့ ထုဆစ်ပုံဖော်ထားတဲ့ ပြုံးနေတဲ့မျက်နှာ ၂၀၀ ကျော်ရှိတဲ့ ဘေယွန်ကျာင်းတော်ကို ဒီတပတ် နော်သဇင် သွားရောက်ခဲ့ပါတယ်။ ခမာမြို့ဟောင်းတစ်ခုဖြစ်တဲ့ အန်ခေါ်သုန်းရဲ့ နှလုံးသားလို့ပြောလို့ရတဲ့ ဘေယွန်ကျောင်းတော်ကို ရှုစားနိုင်ပါတယ်။
အရှေ့တောင်အာရှမှာရှိတဲ့ လူငယ်ခေါင်းဆောင် ၁၅၀ ကိုဖိတ်ခေါ်ပြီး ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာကျင်းပတဲ့ ဝိုင်ဆီးလီး Summit 2022 ကိုတက်ရောက်တဲ့ အကြောင်းနော်သဇင်က စီစဉ်ရိုက်ကူးထားပါတယ်။ Economic Empowerment ခေါင်းစဉ်နဲ့ ကျင်းပပြီး ကိုဗစ်အလွန်မှာ ပထမဦးဆုံး လူကိုယ်တိုင်တက်ရောက်ရတဲ့ ပွဲဖြစ်ပါတယ်
ဒီအပတ်တော့ နော်သဇင်က ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးအကြိမ် သွားလည်ပါတယ်။ ကိုဗစ်ကပ်ရောဂါ အတန်အသင့် ထိန်းချုပ်လာနိုင်တဲ့အချိန် ခရီးသွားရာသီမှာ ပြည်ဝင်ခွင့် အခြေအနေ ဘယ်လိုရှိပါလဲ။ နော်သဇင်က ရိုက်ကူး တင်ဆက်ထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် ဒွိုင်အင်သနွန် ကို သွားခဲ့ပါတယ်။ အဲ့ဒီမှာရှိတဲ့ ဇီဝမျိုးစိတ်ပေါင်းစုံ မှီခိုနေထိုင်ကြတဲ့ တိမ်တိုက်သစ်တောနဲ့ သဘာဝလျှောက်လှမ်း ရှိရာ သွားရောက် လည်ပတ်ခဲ့တဲ့ အတွေ့အကြုံတချို့ကို နော်သဇင် ကိုယ်တိုင် ရိုက်ကူး တင်ဆက်ထားပါတယ်။
နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးပါမယ်။ ဒီအပတ်မှာတော့ နော်သဇင်က ကရင်လူမျိုးတွေ တော်တော်များများ ဆင်ထိန်းအနေနဲ့ အလုပ် လုပ်နေကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က မဲ့ထန် ဆင်စခန်းကို သွားရောက်ခဲ့ပါတယ်။ နော်သဇင်က ကိုယ်တိုင် ရိုက်ကူး တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တနှစ်တစ်ခါ ကြီးကျယ်ခမ်းနားးစွာကျင်းပတဲ့ လွိုင်ကထုံပွဲကို နော်သဇင်ရောက်နေတာပါ။ ကိုဗစ်ကန့်သတ်ချက်တွေလျော့ချပြီနောက်ပိုင်း ထိုင်းနိုင်ငံတွေရဲ့ ခရီးသွားလာရေးကိုမြင့်တင်ပေးတဲ့ လွိုင်ကထုံပွဲတော်ဟာ ဘယ်လိုပုံစံနဲ့ရှိသလဲ နော်သဇင်နဲ့တူတူ ကြည့်ကြရအောင်။
ဒီအပတ်မှာတော့ နော်သဇင်က ချင်းမိုင်မြို့မှာ ပထမဦးဆုံး ဟောလိုဝင်းပွဲကိုသွားခဲ့တဲ့အတွေ့အကြုံကို ဝေမျှပေးထားပါတယ်။ ထိတ်လန့်စရာ မြင်ကွင်းတချို့ မြင်ရမယ်ဆိုတာ ကြိုတင်သတိပေးချင်ပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်က ချင်းမိုင်မြို့က အခြေခံလူတန်းစားတွေအတွက် အထူးဖွင့်ပေးထားတဲ့ တစ်ပွဲ ၃ဘတ်တန် ခေါက်ဆွဲဆိုင်ကို သွားစားခဲ့ပါတယ်။ မယုံနိုင်လောက်အောင် ဈေးချိုတဲ့ ခေါက်ဆွဲဆိုင်ဟာ တကယ်ကော စားကောင်းရဲ့လား ဗိုက်ပြည့်ရဲ့လားဆိုတာ ရှုစားကြပါဦးရှင်"
ဒီအပတ်တော့ နော်သဇင်က ပန်းချီအနုပညာတွေနဲ့ လက်မှုပစ္စည်းတွေကိုစုံစုံလင်လင်ရောင်းတာသာမက ဈေးချိုပြီး အရသာရှိတဲ့ ချင်းမိုင်မြို့ တနဂ်နွေနေ့ ညဈေးကို တင်ဆက်ပေးထားပါတယ်။
ဒီအပတ် နော်သဇင်က ချင်းမိုင်မြို့တစ်မြို့လုံးနီးပါး ရေကြီးသွားတာကြောင့် ပင်းမြစ်ရေ ရေကြီးတဲ့အခြေအနေကို မြစ်နားသွားပြီး ကြည့်ဖြစ်ခဲ့တဲ့ Vlog ကိုရိုက်ကူးတင်ဆက်ထားပါတယ်။"
ဒီအပတ်မှာတော့ နော်သဇင်က ခုနောက်ပိုင်းခေတ်စားလာတဲ့ ဓာတ်ပုံရိုက်ရင် ပုံချက်ချင်းထွက်တဲ့ Instant photography ကိုစိတ်ဝင်စားလာတဲ့အတွက် Instant Hybrid Camera တစ်လုံးဝယ်ခဲ့ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ Unboxing လုပ် မိတ်ဆက်ပြမလဲဆိုတာ ရှုစားကြရအောင်ပါရှင်။
ဒီအပတ်မှာတော့ နော်သဇင်ကတော့ Instagram တို့လို လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးထင်ရှားပြီး ထိုင်းလူငယ်တွေ အသွားများတဲ့ "ai nara" ကော်ဖီဆိုင်နဲ့ "Mon Jam" တောင်ပေါ်အကြောင်းရိုက်ကူးတင်ဆက်ထားပါတယ်။
ဒီတပတ်မှာတော့ နော်သဇင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ မဲ့ရင်တောင်တန်းမှာရှိတဲ့ မဲ့ဆာ ဆင်စခန်းကို သွားခဲ့ပါတယ်။ မဲ့ဆာ ဆင်စခန်းက ဆင်တွေဟာ မြန်မာနိုင်ငံက ဆင်တွေ ဖြစ်ပြီး ဝန်ထမ်းတွေကလည်း မြန်မာတွေ ဖြစ်တာမို့ ဘာသာစကား အခက်အခဲ မရှိဘဲ သွားရောက် လည်ပတ်လို့ ကောင်းတဲ့ နေရာတခုပါ။
ဒီအပတ် နော်သဇင်ရဲ့ Vlog အစီအစဉ်မှာ သူ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကို သွားပြီး မြန်မာအစားအစာတွေ သွားစားတာ ရိုးရာပစ္စည်းတွေ ဝယ်ယူခဲ့တာ မြို့အနှံ့လည်ပတ်ခဲ့တာတွေကို နော်သဇင် တင်ဆက်ပေးထားပါတယ်။
ထိုင်းလူငယ်တွေကြား ကော်ဖီတစ်ဆိုင်ပြီးတစ်ဆိုင် တစ်ရက်ထဲ ခနခနပြောင်းထိုင်ကြတဲ့ Coffee Hoping ဆိုတဲ့ အလေ့အထက ခေတ်စားပါတယ်။ ဒီအပတ်မှာတော့ နော်သဇင်က Lan Din ဆိုတဲ့ ကော်ဖီဆိုင်တွေချည်း စုဝေးနေတဲ့နေရာမှာ Coffee Hoping လုပ်ခဲ့တဲ့ Vlog လေးကို တင်ဆက်သွားပေးမှာ ဖြစ်ပါတယ်။
အခုဆက်ပြီးတော့ သောကြာနေ့တိုင်း ပုံမှန် တင်ဆက်ပေးနေတဲ့ နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးပါမယ်။ ထိုင်း နိုင်ငံ ချင်းမိုင်မြို့က အကြီးဆုံး အစားအသောက် ဈေးကြီးကို သွားရောက်ခဲ့တဲ့ နော်သဇင်က ဒီဈေးကြီးအကြောင်း ရိုက်ကူး တင်ဆက်ထားပါတယ်။
နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးချင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းရိုင်မြို့က လက်ဖက်စိုက်ခင်းတွေကိုသွားလည်တဲ့ အတွေ့အကြုံတွေကို ဒီတပတ် တင်ပြထားပါတယ်။
ခုဆက်ပြီး နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးချင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းရိုင်မြို့က ဘုရားပုထိုးတွေကို သွားရောက်ဖူးမျှော်ခဲ့တဲ့ အတွေ့အကြုံတွေကို ဒီတပတ် တင်ပြထားပါတယ်။
နော်သဇင်ရဲ့ Vlog အစီအစဉ်ကို တင်ဆက်ပေးချင်ပါတယ်။ ထိုင်း လာအို မြန်မာ၊ ရွှေတြိဂံနယ်စပ်နဲ့ မဲဆိုင်-တာချီလိတ် ထိုင်းမြန်မာနယ်စပ်ကို အလည်သွားခဲ့တဲ့ အတွေ့အကြုံတွေကို ဒီတပတ် နော်သဇင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်