ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတချို့ကို နန်းလောင်ဝ်က တင်ပြ ထားပါတယ်။
တအိမ်ထောင်တယောက်နှုန်း ကလေးယူခွင့်ကို တရုတ်အစိုးရက ပယ်ဖျက်ပေးလိုက်ပြီးတဲ့နောက် တနှစ်ကိုကလေး ၃ သန်းလောက် မွေးဖွားလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိလာပါတယ်။ ဒီအခြေအနေအတွက် သားဖွားခန်း နဲ့ ကျွမ်းကျင်သားဖွားဆရာမ လိုအပ်ချက်တွေလည်း တိုးလာနိုင်ပါတယ်။ AP သတင်းကို နန်းလောင်ဝ် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ မနေ့ညပိုင်းက သေနတ် သမားတွေ ရဲ့ ခြောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့ အထိ ဖြစ်ခဲ့တဲ့ အတွက် ဒေသခံမြန်မာ အသိုင်းအဝိုင်းကြား တုန်လှုပ်သွားခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ ပါတီသမ္မလောင်း ဖြစ်ဖို့လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ အလုံအလောက်ရထားပြီမို့ အမေရိကန်ရဲ့ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာဖို့ရှိနေပါတယ်။ သူ သမ္မတ ဖြစ်လာဖို့ လူထုအကြား ဘယ်လိုမျှော်မှန်းချက်တွေ ရှိနေသလဲ ဆိုတာကိုတော့ နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။
“ ဒီ သူတို့ရဲ့ဆင်ဆာအဆင့်အတန်းသတ်မှတ်တဲ့ စာရွက်ထွက်လာပါတယ်။ ခွင့်မပြုတာပေ့ါနော်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အင်္ဂါနေ့မှာ သေချာသွားပြီ ဖြစ်တာကြောင့် အဓိကနိုင်ငံရေးပါတီကြီးတခုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းဖြစ်လာပါပြီ။ ဗွီအိုအေသတင်းထောက် Katherine Gypson ရဲ့ သတင်းဆောင်းပါး ကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း တိုက်ခိုက်မှုအတွင်း အမေရိကန် သတင်းထောက်နဲ့ စကားပြန်တို့ သေဆုံးသွားတာကြောင့် သတင်းထောက်အလုပ်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးအလုပ်တခု ဖြစ်တယ်ဆိုတာ နောက်ထပ် သက်သေပြလိုက်သလိုဖြစ်နေပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဖုန်း နဲ့ ငှက်ဖျားစမ်းနည်း
" ငြိမ်းချမ်းစွာ စုဝေးခြင်း နဲ့ စီတန်းလှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေဟာ လူ့အခွင့်အရေး ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေတာ ဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့လည်း ကိုက်ညီမှု မရှိတာကြောင့် အစိုးရသစ် အနေနဲ့ အမြန်ဆုံးပြုပြင်ဖို့လိုပါတယ်။"
ရုရှားနိုင်ငံ က စားသောက်ဆိုင်
တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော်အပြင်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတခုဟာဆန်းသစ်တဲ့ နည်းပညာအကူအညီနဲ့ ဘာသာတရားကို မိတ်ဆက်ပေးနေတာပါ။ သူတို့မှာရှိတဲ့ ကိုရင်လေးစက်ရုပ်က ဘုရားစာတွေကို ရွတ်ဖတ်သရဇ္ဇာယ်နိုင် အလာသပလာသလည်း ပြောနိုင်ပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာ့ရာသီဥတု ပူပြင်းလာတဲ့အပြင် အယ်နီညိုလို့ခေါ်တဲ့ အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသမှာ မိုးခေါင်ရေရှားမှုတွေနဲ့ ဆိုးဆိုးရွားရွားရင်ဆိုင်နေရပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမှာရှိတဲ့ စံသမာဓိရပ်ကွက်က ကျူးကျော်လို့ဆိုတဲ့နေရာတွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ နေအိမ်ဖျက်ဆီးခံရသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး ဆွေးနွေးပေမဲ့ အဖြေတခုခုမထွက်ခဲ့ပါဘူး။
ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်တဲ့ Zika ဗိုင်းရပ်စ်ပိုးဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွါးခဲ့ဖူးသလို မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း တွေ့နေရတာမို့ ဒီရောဂါနဲ့ ပတ်သက်လို့ ကာကွယ်ရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ စတင်ဆောင်ရွက်နေပြီလို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက VOA ကိုပြောပါတယ်။
မကြာခင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ်လို့ NLD ပါတီက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
လူသတ်မှုကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေရှိပေမဲ့လည်း ထိုင်းရဲဘက်က သေဒဏ်စီရင်ချက်ထားပြီး ဒီအမှုက ဥပဒေအရ နည်းလမ်းတကျ စုံစမ်းစစ်ဆေးမှုတွေလည်း အားလုံး လုပ်ပြီးသွားပြီမို့ ပြန် မလုပ်နိုင်ဘူး လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရလိုက်တဲ့ အတွက် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း လုပ်သားတွေကြား အိမ်ပြန်နိုင်ဖို့ အရေး မျှော်လင့်ချက်တွေတိုးလာနေကြပါတယ်။
"မြန်မာတွေရော ဗီယက်နမ်တွေပါ အရှေ့တောင်အာရှ က လူတွေပါ။ ဒါဆို ဗီယက်နမ်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာက ဘာကြောင့် မြန်မာလူမျိုးတွေထက် နိမ့်ကျရမှာလဲ၊"
ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကာကွယ်ရေး ဦးစီးချုပ်ကို သရော်တဲ့ ဓာတ်ပုံတချို့တင်ခဲ့တဲ့အတွက် ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဖေ့စ်ဘုတ် သုံးစွဲသူတွေကြား စိုးရိမ်မှုတွေတိုးလာနေပါတယ်။
မြန်မာနိုင်ငံရဲ့ဝါရင့်အားကစားကလောင်ရှင် သတင်းစာဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ဟာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်၊ လူကြီး ရောဂါနုဲ့ ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံ (SSC)မှာ ကွယ်လွန်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်