“ရှင်းရှင်းလင်းလင်းမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လေ့လာဖို့ အားနည်းတာလည်းဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လို့ရှိရင် ရှင်းလင်းအောင်လို့ သူတို့ဘက်ကနေပြီးတော့ ဒီလိုပေါ့နော် မီဒီယာ တွေ အသုံးပြုတာပဲဖြစ်ဖြစ် တခုခုနဲ့ဖြစ်ဖြစ် ပျံ့အောင်လုပ်တာတွေကလည်း လိုအပ်တယ်လို့ထင်တယ်။” (ကိုသီဟ)
မြန်မာ့ရေဘေးသင့်ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်အစီအစဉ်ချမှတ်နိုင်ဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်ကဦးဆောင်ပြီး စက်တင်ဘာလကစလို့ ကွင်းဆင်းလေ့လာဆန်းစစ်မှုတွေလုပ်ဆောင်တော့မယ်လို့ သိရပါတယ်။
"ဆွေးနွေးတယ် ဆိုတာထက် သဘောထား၊ ပါတီတပါတီချင်းရဲ့ သဘောထားကို တောင်းခံတဲ့ အနေအထားပါ။ အဲ ကျနော်တို့ကတော့ ဒီ Right to Recall Law နဲ့ ပတ်သက်လို့ကတော့ ရှိသင့်တယ်။ ပြဌာန်းသင့်တယ်လို့ အဲဒီလို သဘောထားပေးပါတယ်။"
အလုပ်သမားတွေအတွက် အနိမ့်ဆုံးအခြေခံလုပ်အားခကို တနေ့ ၃,၆၀၀ ကျပ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီကနေ အဆိုပြုသတ်မှတ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဒီကနေ့ချီဆက်ဆန္ဒပြကြပါတယ်။
မြန်မာနိုင်ငံ၊ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ကုန်ကျမယ့် အထူးစီးပွါးရေးဇုန်တည်ဆောက်ရေး ရှေ့ဆက်မသွားနိုင်ဖြစ်နေခဲ့ပေမယ့် အခု ဒီစီမံကိန်းကိုပြန်ပြီးအကောင်အထည်ဖော်ဖို့ မြန်မာ၊ ထိုင်းနဲ့ဂျပန်နိုင်ငံတို့က လက်မှတ်ရေးထိုးလိုက်ကြပါပြီ။
လှေစီးပြေးဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရောေ ဒသတွင်းနိုင်ငံတွေနဲ့ပါ ပိုပြီး ပူးပေါင်း လုပ်ကိုင်ဖို့လိုတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး AI ကပြောလိုက်ပါတယ်။
နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok မှာ လိုက်ပါလာသူတွေထဲက ကယ်တင်ထားခဲ့တဲ့ မြန်မာသင်္ဘောသား ၂၂ ဦးတို့ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ ကိုရီးယားလေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်နေပြီဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ခံနေရတာတွေရှိလာရုံမက နိုင်ငံရေးသမားတွေကိုရော၊ သတင်းထောက်တွေကို သာမက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လယ်သမားတွေကိုပါ ဖမ်းဆီးတာတွေ့ရတယ်လို့ AI က ဆိုပါတယ်။
အာရှနဲ့ ပစိဖိတ် နိုင်ငံတွေအတွင်း ၂၀၃၀ ခုနှစ်နောက်ဆုံးထားပြီး HIV AIDS ကင်းစင်ရေး ပူုးပေါင်းလုပ်ဆောင်ကြဖို့ အာရှနှင့် ပစိဖိတ်ရေးရာ ကုလသမဂ္ဂ စီးပွါးရေးနဲ့ လူမှုရေးကော်မရှင် UNESCAP က ဒီကနေ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။
ကချင်ပြည်နယ်၊ ကာမိုင်းမြို့ဘက်မှာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်အကြား ဇန်နဝါရီ ၂၃ နဲ့ ၂၄ တွေမှာ နှစ်ညဆက်ပြီး တိုက်ပွဲတွေ ဖြစ်နေသလို ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းဆရာမ နှစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကချင်လူမှုအသိုင်းအဝိုင်းကြား မကျေနပ်မှုတွေလည်း တိုးပွားလာနေပါတယ်။