“လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။ လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါတယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။” (ဦးခင်မောင်ဇော်၊ တရားလွှတ်တော်ရှေ့နေ)
လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးတဲ့ Iceland ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး စက်ရုံတခုကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး လည်ပတ်နေပါပြီ။
မြန်မာ့အကျပ်အတည်း နိုင်ငံတကာ တညီတညွတ်တည်း ဖြေရှင်းရေး ကုလအတွင်းရေးမှူးချုပ် ပန်ကြား၊ မြန်မာနိုင်ငံမှာ တလအတွင်း ငွေတန်ဖိုး ၆၀% ကျဆင်းမှု လူထုနေ့စဉ်ဘဝ အပြင်းအထန်ထိခိုက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က လက်ဖက်ရည်ဆိုင်တွင်း ဗုံးပေါက်ကွဲမှုမှာ ဗိုလ်မှူးတယောက်အပါအဝင် လူသေဆုံးတာတွေရှိတဲ့သတင်းတွေနဲ့အတူ မုံရွာမြို့က ဇလုပ်အဝိုင်းနဲ့ ရန်ကုန်၊ လှိုင်သာယာမြို့တို့မှာလည်း ဒီကနေ့ ပေါက်ကွဲ ပစ်ခတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ ဒီကနေ့မှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာတဝိုက်မှာ တိုက်ပွဲမရှိပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်နေကြောင်း ဒေသခံတွေက VOA ကို ပြောသလို ကရင်နီကာကွယ်ရေးတပ် KG-Z အဖွဲ့က ဒီကနေ့အထိ စစ်ကောင်စီ တပ်သား ၃ ဦး ဖမ်းမိထားကြောင်း ကုန်းသာရွာပရဟိတ တဦးက VOA ကို ပြောပါတယ်။
“ကုန်ပစ္စည်းတွေကလည်း ပြတ်လပ်တဲ့အနေအထားပဲ တွေ့မြင်နေရတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့ ရခိုင်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင်တောင် စစ်တွေတို့၊ ရန်ကုန်တို့ဆိုရင် တပတ်လောက် ကြိုတင်ပြီး ခွင့်တင်ရင်တောင်မှ စစ်ကောင်စီဘက်က ခွင့်ပြုချက်မပေးတာကိုလည်း တွေ့မြင်နေရတယ်။” (ပလက်ဝ ဒေသခံ)
ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ရင် နှစ်ပေါင်း ၉၀ ဝန်းကျင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၁ မှုထဲက ဒီကနေ့ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ နဲ့စွဲတဲ့ ၂ မှုကို ကြားနာစစ်ဆေးခဲ့ပါတယ်။
ဥတုရာသီပြောင်းလဲမှုရဲ့ အကျိုးဆက်တွေဟာ နောက်ကြောင်းပြန်လှည့်လို့ ပြုပြင်လို့ မရတော့တဲ့အခြေအနေ နီးကပ်နေပြီလို့ သိပ္ပံပညာရှင်တွေက သတိပေးနေပါတယ်။ ပင်လယ်ရေမြင့်တက်လို ဂေဟစနစ်ကြီး ပျက်စီးယိုယွင်းလာရာကလူမှု စီးပွားအပေါ် သက်ရောက်နေတဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးထားတာပါ။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ တင်ပြအကြံပြုချက်များ၊ မြန်မာအင်တာနက်လွတ်လပ်မှု အဆိုးဆုံးကျဆင်း လူထုအပေါ် ရိုက်ခတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်များ တရားရင်ဆိုင်မှု အခြေအနေ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ တရားရုံးက စွဲချက်တင် လိုက်ပါ တယ်။
ဥတုရာသီပြောင်းလဲမှု ရင်ဆိုင်တဲ့ နည်းလမ်းတွေထဲမှာ ရေမဝင်နိုင်အောင်အိမ်တွေကို မြှင့်ဆောက်လိုက်တာ၊ ရေတက်လာတာကို စောင့်ကြည့်သတိပေးမယ့်ဆင်ဆာတွေ အသုံးပြုတာနဲ့ ရေကာ တံတိုင်းတွေဆောက်ပြီး ကာကွယ်ဖို့ ကြိုးပမ်းကြတာတွေပါဝင်ပါတယ်။ကမ်းရိုးတန်းများနဲ့ ဥတုရာသီပြောင်းလဲမှု တတိယပိုင်းအဖြစ် နန်းလောင်ဝ်က တင်ပြထားပါတယ်။
အဂတိနဲ့ သွင်းကုန်ပို့ကုန်ဆိုင်ရာစွဲချက်တွေအပါအဝင် အမှုပေါင်း ၁၁ မှုထဲက ၄ မှုကို ဒီကနေ့ နေပြည်တော်မှာ ကြားနာစဉ် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေနဲ့မညီတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပေါ်လွင်အောင်ဖော်ထုတ်ပေးဖို့နဲ့ PDF နဲ့ NUG တို့ကို လက်မခံဘူးဆိုတဲ့ အွန်လိုင်းသတင်းတွေ မမှန်ကြောင်း ရှေ့နေတွေကို ပြောကြားခဲ့ပါတယ်။
"Coast vs Climate" ကမ်းရိုးတန်းများနဲ့ ဥတုရာသီပြောင်းလဲမှု တတိယအပိုင်းမှာတော့ ဥတုရာသီပြောင်းလဲမှု အကျိုးဆက်အဖြစ် ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာတာကို ကမ်းရိုးတန်းနေပြည်သူတွေ ဘယ်လိုရင်ဆိုင် အံတုနေကြသလဲဆိုတာ တင်ပြသွားပါမယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်ကို ရွေးချယ်မှုအခြေအနေ၊ ၅,၀၀၀ တန်နဲ့ ၁၀,၀၀၀ တန်ငွေစက္ကူတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေရဲ့ တရားရင်ဆိုင်မှု၊ ဒီလိုတပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် အပူချိန်မြင့်တက်လာတဲ့ဒဏ်ကို ခံနိုင်ရည်မရှိတဲ့ တိရစ္ဆာန်တွေနဲ့ သစ်ပင်တွေ တဖြည်းဖြည်း သေဆုံးလာနေပြီး တချို့လည်း အေးတဲ့အရပ်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အဂတိလိုက်စားမှုနဲ့ အမှု ၁ ခုထပ်တိုးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စုစုပေါင်း ၅ မှုရှိသွားပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာရပ်ထားတဲ့ အမှုကြားနာစစ်ဆေးမှုတွေ ဒီနေ့ နေပြည်တော်မှာ ပြန်စပေမဲ့ ဒေါ်အောင်ဆန်းစုကြည့် နေမကောင်းတဲ့အတွက် သူ့အမှုတွေကို မကြားနာနိုင်ခဲ့ပါဘူး။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG က D-Day ပြည်သူ့တော်လှန်ရေးနေ့ ကြေညာလိုက်မှု ပြည်တွင်း၊ ပြည်ပတုန့်ပြန်ချက်များ၊ စစ်အာဏာရှင်တော်လှန်ရေး လုပ်ဆောင်မှုတွေ ၊ ပြီးတော့ ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးမယ့်အစီအစဉ်၊ ဒီလိုတပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်ထဲက နန်းဖဲကျေးရွာအပေါ် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နှမ်းခုတ်နေတဲ့ အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ ကူညီခဲ့တဲ့ ပရဟိသမားတဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးလုပ်ငန်းတွေ ထိခိုက်နေတဲ့အတွက် နိုင်ငံတကာရဲ့စိုးရိမ်မှု တိုးလာပါတယ်။ စစ်တပ်ကို အကူအညီပေးနေတဲ့ ဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်က ပစ်မှတ်ထားဒဏ်ခတ်လိုက်ပါတယ်။ ဒီလို တပတ်အတွင်း သတင်းစုစည်းမှုကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦး ဆက်ပြောပြပါမယ်။
"Coast vs.Climate " ကမ်းရိုးတန်းများနဲ့ ဥတုရာသီဖောက်ပြန်မှု ဆိုတဲ့ ဒီအစီအစဉ်မှာတော့ ကမ္ဘာ့လေထုထဲရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ကြောင့် ရေနေသတ္တဝါတွေနဲ့ ကမ်းရိုးတန်းတလေ ျှာက် ဇီဝဂေဟတွေ ထိခိုက်ပျက်စီးလာတဲ့အကြောင်းတင်ပြမှာပါ။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်